Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ်မှာ စစ်တပ်ကို PDF တိုက်ခိုက်

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

မတ်-၂၅။ ၂၀၂၆။ ထားမြတ်/People’s Spring

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၂၄ရက်မနက်အစောမှာ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် တာကလေးကျေးရွာမှ ဗိုလ်တထောင်ကျေးရွာ စစ်ကြောင်းထိုးပြီး ပြန်ဆုတ်လာတဲ့ စစ်တပ်ကို သာယာ၀တီခရိုင် တပ်ရင်း(၃)က ဗမာစုရွာအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်က အင်အား (၅၀)ခန့် ပါရှိပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရန်သူ ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဟု အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှု ရုပ်သံကို ဖော်ပြရာ စီတန်းလမ်းလျှောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းအနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ တိုက်ခိုက်မှု အပြီးမှာ ရန်သူ့ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခက်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

“ဒီနေ့မှာတော့ မင်းလှတာဇုံမှာရော တာလေးမှာရော အင်အားတွေ ဖြည့်တင်းနေတာ သိရပါတယ်။လက်ရှိ သူတို့တွေ စစ်ကြောင်းထိုးဝင်ရောက်ဖို့ ပြင်ဆင်နေပုံပဲဗျ”ဟု ဗျူဟာ ၂၂ တာဝန်ခံ ရဲဘော်စောဂျိမ်းစ် က ဒေသတွင်း စစ်ကောင်စီရဲ့ စစ်ရေး လှုပ်ရှား မှု အခြေအနေကိုပြောပါတယ်။

ဗျူဟာ (၂၂)အနေနဲ့ စစ်ရှိန်မြှင့်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

မတ်လ ၂၂ရက်ကလည်း ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ စစ်ကောင်စီ ဆိုင်ကယ် ယာဉ်တန်းနဲ့ စစ်ကူလာတဲ့ ကားတွေကို ဗျူဟာ (၂၂) သာယာ၀တီခရိုင် တပ်ရင်း (၃၈၀၂) တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၈ဦး သေဆုံးပြီး ၉ဦး ဒဏ်ရာရရှိကာ လက်နက် ၅လက်နဲ့ ကျည်တွေ သိမ်းရခဲ့တယ်လို့ အသိပေးထားပါတယ်။

ဗျူဟာ (၂၂)တာဝန်ခံ ရဲဘော်စောဂျိမ်းစ်ကလည်း တော်လှန်ရေးအတွက် စစ်ရှိန်မြှင့်ဖို့ လုပ်ဆောင်နေချိန်ဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေကို သတိထားဖို့၊ တိုက်ပွဲမဖြစ်ဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို အထူးဂရုစိုက်ဖို တိုက်တွန်းပြောကြားထားပါတယ်။

မင်းလှမြို့နယ်မှာ စစ်တပ်ကို PDF တိုက်ခိုက် မတ်-၂၅။ ၂၀၂၆။ ထားမြတ်/People’s Spring ပဲခူးတိုင်းအနောက်ခြမ်း …

Posted by People's Spring on Wednesday 25 March 2026

ရုပ်သံ – ဗျူဟာ (၂၂)

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

Facebook