Connect with us

Hi, what are you looking for?

သတင်း

စလင်းမှာ ကျေးရွာတွေကို စစ်တပ်က သုံးရက်ဆက် ပစ်ခတ်တိုက်ခိုက်၊ အဘွားအိုတစ်ဦး သေဆုံး၊ နေအိမ်နဲ့ စပါးကျီတွေ ပျက်စီး

​မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သုံးရက်ဆက် ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူတစ်ဦးသေဆုံးကာ နေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့သည့်လပိုင်းအတွင်းက စလင်းမြို့နယ်က ကျေးရွာတစ်ရွာတွင် စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်တစ်အိမ်အား တွေ့ရစဥ် ဓာတ်ပုံ-ပြည်သူ့ညီနောင် - စလင်းအဖွဲ့

​မတ်-၂၅၊၂၀၂၆။ဟာနာဆန်/People’s Spring

​မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သုံးရက်ဆက် ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူတစ်ဦးသေဆုံးကာ နေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၂ ရက် နေ့လယ် ၂ နာရီခန့်က စလင်းမြို့အနောက်ဘက်ရှိ နေအိမ် ၈၀ခန့်ရှိတဲ့ စီရင်ဦးကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ စပါးကျီတစ်လုံး ဗုံးသီးထိမှန် မီးလောင်ပျက်စီးခဲ့ကြောင်း ​ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၁ ရက် ည ၁၀နာရီခန့်ကလည်း ခလရ(၂၅၃)နဲ့ (၂၅၄)တပ်ရင်းကနေ ပန်းတောကြီးကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ လက်နက်ကြီးသံကြောင့် စလင်းမြို့ မြင်တင် ရပ်ကွက်မှ (၇၃)နှစ်အရွယ် အဖွားအိုတစ်ဦး သွေးလန့်ကွယ်လွန်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၂၂ ရက်မှာလည်း ပန်းတောကြီးကျေးရွာကို ဒရုန်းနဲ့ ဗုံးသီး ၂လုံး ထပ်မံချခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး၊ မတ်လ ၂၃ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင်လည်း အဆိုပါကျေးရွာကို ဒရုန်းဗုံးသီးတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ညီနောင်(စလင်း)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

” အကြောင်းမဲ့ သက်သက် ရပ်ရွာတွေအပေါ်မှာ လက်နက်ကြီးတွေ ပစ်ခတ်တယ်။ ဒရုန်းဗုံးတွေချတယ်။ မြေပြင်စစ်ကြောင်းတွေနဲ့ ဝင်ရောက်တယ်။ ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်တယ်။ မိုင်းနင်းခိုင်းတာတွေ သူတို့လုပ်တယ်။”လို့ အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မတ်လ ၂၃ရက် ညမှာတော့ စလင်းမြို့နယ်၊ ကျွဲကျောင်းကျေးရွာကနေ ကင်းလှည့်လာတဲ့ စစ်သား ၅ဦးကို မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းနဲ့ လက်အောက်ခံဖြစ်တဲ့ စလင်းမြို့ပြအဖွဲ့၊ ပြည်သူ့ညီနောင် – စလင်းအဖွဲ့ တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေဆုံးတယ်လို့ ပြည်သူ့ညီနောင် – စလင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးနဲ့ ဒရုန်းတွေတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေကို PDF ထောက်ခံတယ်လို့ စွပ်စွဲပြီး အကြောင်းမဲ့ နေ့စဥ်တိုက်ခိုက်နေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။