Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ ၆ နဲ့ တပ်မဟာ ၅ စစ်ရေးအခြေအနေ

ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ တပ်မဟာ ၆ ဖလူးနယ်မြေမှာ တိုက်ပွဲဖြစ်ခဲ့သလို တပ်မဟာ (၅) နယ်မြေထဲက ဖာပွန်ဗျုဟာဆီလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ရိက္ခာ နဲ့ ခဲယမ်း ပို့ဆောင်နေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်တွေဆီကသိရပါတယ်။

အာဏာမသိမ်းခင်နှစ်ပိုင်းအလိုက စစ်ကောင်စီတပ်ရဲ့ စစ်ရေးလေ့ကျင့်မှု မြင်ကွင်း (ပုံဟောင်း)

မတ် – ၂၇ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ တပ်မဟာ ၆ ဖလူးနယ်မြေမှာ တိုက်ပွဲဖြစ်ခဲ့သလို တပ်မဟာ (၅) နယ်မြေထဲက ဖာပွန်ဗျုဟာဆီလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ရိက္ခာ နဲ့ ခဲယမ်း ပို့ဆောင်နေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်တွေဆီကသိရပါတယ်။

မနေ့ (မတ်လ ၂၆ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်မှာ မြဝတီမြို့တောင်ဘက် ဖလူးတောင်ကြော တဝိုက်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက် ခိုက်လာသလို ၊ နေ့လယ် ၁၂ နာရီမှာလည်း နောက်တစ်ကြိမ် ဗုံးကြဲခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“တိုက်လေယာဉ်နဲ့ လာကြဲတာ သုံးလုံး နှစ်ကြိမ်၊ ပထမအကြိမ် လေယာဉ်ပစ်ပြီး တိုက်ပွဲစတာပဲ၊ ဒုတိယအကြိမ်လာချပြီးတော့ အသံတိတ်သွားတယ်” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီမြို့တောင်ဘက်က ဖလူးနယ်မြေနဲ့ မင်းလက်ပံနယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အားအများအပြားအသုံးပြုပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုး နေမယ့် KNU တပ်မဟာ ၆ နဲ့ PDF ပူးပေါင်းတပ်တွေ ရဲ့ ခုခံ မှုတွေကြောင့် စစ်ကောင်စီတပ် ထင်တိုင်းမပေါက်ဘဲ ဖြစ်နေတာပါ။

တိုက်ပွဲ ဖြစ်စဉ်တွေအတွင်းမှာတော့ နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှု ရှိနေပါတယ်။

ဖာပွန်ဘက်မှာလည်းလက်ရှိ မတ်လတတိယအပတ်ကစပြီး ဖာပွန်မြောက်ပိုင်းတပ်မဟာ(၅)နယ်မြေနဲ့ တပ်မဟာ(၃)နယ်မြေစပ်ကြားမှာရှိတဲ့ စစ်တပ်စခန်းတွေကို KNU ဦးဆောင်ကာပူးပေါင်းတပ်တွေက ဝင်ရောက်တိုက် ခိုက်နေပါတယ်။

တပ်မဟာ(၅)နယ်မြေထဲက စစ်တပ်စခန်းတချို့ သိမ်းဆည်းရမိတာတွေ သတင်းထွက်လာပေမယ့် တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုကတော့ စခန်းသိမ်းတိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့ သတင်းမသိရသေးဘူးလို့ ပြောပါတယ်။

၀ိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ ဖာပွန်စစ်ဗျူဟာဆီ စစ်ကောင်စီတပ်က လေကြောင်းကနေ စားနပ်ရိက္ခာ၊ စစ်လက်နက်ခဲယမ်းပစ္စည်းတွေ လာရောက်ချပေးတာတွေရှိတယ်လို့ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။

“စကစနေပြီးတော့မှ သူတို့လူတွေအတွက်ပေါ့လေ၊ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းမီးကျောက်တော့ လာချတာရှိတယ်” လို့ ဗိုလ်မှုးကြီး စောကလယ်ဒိုက ဆိုပါတယ်။

လေကြောင်းကနေ ခဲယမ်းချပေးရာမှာ ဒရုန်းတွေ ပါလာတယ်ဆိုတာသတင်းထွက်နေတယ်လို့ လည်းဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

တဖက်မှာလည်းဖာပွန်တောင်ဘက်ခြမ်း ကမမောင်းမြို့ကနေ စစ်ကောင်စီတပ် အခြေစိုက်ထားတဲ့ ဝါးဒူးရွာဆီ တပ်အင်အားထပ်မံပို့ဆောင်လာနေတယ်လို့လည်း မြေပြင်သတင်းတွေကတဆင့် သိရပါတယ်။

ဖာပွန်ဆီ စစ်ကူပေးဖို့အတွက် စစ်ကောင်စီတပ် စစ်ကြောင်းဟာ ကမမောင်း-ဖာပွန်လမ်းအတိုင်း ဝါးဒူးရွာကနေ ကတိုင်ရွာဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာဖြစ်ပြီး တပ်မဟာ(၅)ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်သေးပဲ ဝါးဒူးရွာမှာသာ ဆက်လက်တပ်စွဲထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို