Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့တောင်ပိုင်း ထိုင်း- မြန်မာ နယ်စပ်အနီး တိုက်ပွဲပြင်းထန်

အာဏာသိမ်းစစ်ကောင်စီတပ် ရဲ့ တပ်ချုပ် ရာထူးအပြောင်းအလဲဖြစ်ချိန်မှာပဲ ကရင်ပြည်နယ် ၊ ထိုင်း – မြန်မာ န​ယ်စပ်အနီးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်လာတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

မတ် – ၃၁ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ် ရဲ့ တပ်ချုပ် ရာထူးအပြောင်းအလဲဖြစ်ချိန်မှာပဲ ကရင်ပြည်နယ် ၊ ထိုင်း – မြန်မာ န​ယ်စပ်အနီးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်လာတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

တိုက်ပွဲတွေဟာ မြဝတီမြို့ရဲ့ တောင်ဘက် နယ်ခြား သောင်ရင်းမြစ်ဘေး က ဖလူးဒေသ နဲ့ ဝေါ်လေမြို့ ရဲ့ ဗျုဟာကုန်းမှာ မတ်လ ၃၀ ရက်နဲ့ ၃၁ ရက် တို့မှာ ဖြစ်ပွားနေတာပါ။

မြဝတီမြို့ရဲ့တောင်ဘက် ၁၀ မိုင်ကျော်အကွာ မှာရှိတဲ့ ထိုင်းန​ယ်စပ်အနီးက ဖလူးလေးရွာ ၊ ဖလူးကြီးရွာနဲ့ မင်းလက်ပံရွာတို့မှာ ဒီနေ့ (မတ်လ ၃၁ ရက်) မနက်ပိုင်း ကစတင်ပြီး KNU ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ကူပေးနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်တဲ့ ရွာတွေဟာ မြဝတီ – ဝေါ်လေမြို့ ကားလမ်းပေါ်မှာတည်ရှိတဲ့ ရွာတွေဖြစ်သလို စစ်ကောင်စီတပ်က ထိန်းချုပ် နိုင်ဖို့အတွက် လနဲ့ချီပြီး စစ်ကြောင်းထိုးနေတဲ့ န​ယ်မြေလည်းဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ထိုင်း – မြန်မာနယ်စပ်အနီး ဝေါ်လေမြို့နဲ့ ထီးသဲလယ်ကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျုဟာကုန်းမှာ မနေ့ (မတ်လ ၃၀ ရက်) ညပိုင်းက KNU နဲ့ ပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်က ဆိုပါတယ်။

ဒေသအခေါ် ဝေါ်လေဗျုဟာကုန်းမှာဖြစ်ပွားတဲ့တိုက်ပွဲဟာ ဒီနေ့ (မတ်လ ၃၁ရက် ) မှာ အရှိန်ပိုမြင့်လာပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူပေးလာတယ်လို့ ဝေါ်လေမြို့မှာရှိတဲ့ အခြား သတင်းရင်းမြစ်က အသိပေးပါတယ်။

Google Map ရဲ့ တိုင်းထွာချက်အရ ဝေါ်လေဗျုဟာ မြဝတီမြို့ပေါ်ကနေ မိုင် ၄၀ ကျော်ဝေးပြီး မြဝတီမြို့တောင်ပိုင်းမှာ တစ်ခုတည်းသော ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျုဟာကုန်း ဖြစ်သလို KNU ရဲ့ စစ်ရေးနယ်မြေသတ်မှတ်ပုံအရ KNU တပ်မဟာ (၆) နယ်မြေထဲ တည်ရှိပါတယ်။

အဲဒီဗျုဟာကုန်းကို ရဖို့အတွက် KNU နဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းကစတင်ပြီး ဝန်းရံပိတ်ဆို့တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က နယ်စပ်မှာရှိတဲ့ ခြေကုပ်စခန်း မကျဖို့ လေကြောင်းကို ပါ သုံးပြီး ခုခံခဲ့ပါတယ်။

ဒီနေ့ တိုက်ပွဲမှာတော့ လက်နက်ကြီး တချို့ ဟာ နယ်ခြားသောင်ရင်းမြစ်တဖက်ကမ်း က ထိုင်းနိုင်ငံ ၊မဲဆောက်မြို့ ၊ မဲ့ကိုကင်းရွာ ထဲ ကျရောက်တာကြောင့် မြန်မာစစ်ရှောင်သုံး ထိခိုက်ဒဏ်ရာရပြီး အဲဒီအထဲမှာ ကလေးနှစ်ဦးပါဝင်တယ်လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။

အခုလို တိုက်ပွဲတွေမပြင်းထန်ခင်ရက်ပိုင်းအလိုက ဖလူးကြီးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးတွေ ကြဲချတာကြောင့် နေအိမ်တွေ မီးလောင်ခဲ့ပါသေးတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲ ပြင်းထန်နေတဲ့အချိန် ဒီနေ့ မနက်ပိုင်းက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ နေရာအချို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲလာတယ်လို့ သတင်းရင်းမြစ်တစ်ဦးက အသိပေးပါတယ်။

KNU ဟာ ထိုင်း – မြန်မာ နယ်စပ်ကို ထိန်းချုပ်နိုင်ဖို့အတွက် တပ်မဟာ (၇) နဲ့ တပ်မဟာ (၆) နယ်မြေတွေမှာ ဆယ်စုသုံးခုနီးပါး ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းစတင်ပြီးအရှိန်အဟုန်မြှင့်တိုက်ခိုက်ခဲ့ရာမှာနယ်စပ်မျဉ်းတလျှောက်က စခန်းအားလုံးနီးပါးကို သိမ်းယူထားနိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ