Connect with us

Hi, what are you looking for?

သတင်း

လူထုအာဏာမတရားရယူထားတဲ့ စစ်ရာဇဝတ်သားမင်းအောင်လှိုင် တပ်ရင်းမှူးဘ၀ ဦးဆောင်ခဲ့တဲ့ စခန်းသိမ်းရဟု KNU ထုတ်ပြန်

အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ယခုအခါအရပ်ဖက်အစိုးရအသွင်သစ်ဖြင့် ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ခဲ့တဲ့ စစ်ရာဇဝတ်သားမင်းအောင်လှိင် တပ်ရင်းမှူးအဆင့် ရာထူးရှိချိန်က ဦးဆောင်ခဲ့တဲ့ ဘီးလင်းမြို့နယ် လေးကေတပ်စခန်းကို သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

(ဘီးလင်းမြို့နယ် လေးကေတပ်စခန်းကို KNUပူးပေါင်းတပ် သိမ်းရအပြီး မြင်ကွင်းများ။ ဓာတ်ပုံ - KNU)

ဧပြီ ၁၄၊ ၂၀၂၆။မိုးမိုး/People’s Spring

အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ယခုအခါအရပ်ဖက်အစိုးရအသွင်သစ်ဖြင့် ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ခဲ့တဲ့ စစ်ရာဇဝတ်သားမင်းအောင်လှိင် တပ်ရင်းမှူးအဆင့် ရာထူးရှိချိန်က ဦးဆောင်ခဲ့တဲ့ ဘီးလင်းမြို့နယ် လေးကေတပ်စခန်းကို သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဘီးလင်းမြို့နယ်က လေးကေတပ်စခန်းကို ဧပြီ ၁၂ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ရာ KNUက ဒီကနေ့မှာ စခန်းသိမ်းပိုက်နိုင်မှု သတင်းကို ဖော်ပြလာတာပါ။

ဒီလို ဖော်ပြရာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိင်က အခုအခါ လူထုအာဏာ မတရားရယူထားတဲ့ အခြေအနေကိုလည်း အထက်ပါအတိုင်း မီးမောင်းထိုး ဖော်ပြထားတာပါ။

Public Service Announcement

Public Service Announcement

လေးကေတပ်စခန်းကို KNLA ပူးပေါင်းတပ် ဧပြီ ၇ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၆ရက်မြောက်နေ့မှာ စခန်းသိမ်းနိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး အပါအဝင် တပ်သားအချို အရှင်ဖမ်းမိခဲ့ပါတယ်။ လက်နက်အချိုလည်း သိမ်းရခဲ့ပါတယ်။

အဲဒီ စခန်းမှာ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်လက်အောက်ရှိ ခမရ (၂) အခြေချနေတာဖြစ်ပါတယ်။

လေးကေတပ်စခန်းဟာ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ သထုံခရိုင်(ဒူးသထူခရိုင်) ဘီးလင်းမြိုနယ်အတွင်း ၁၉၇၉ ခုနှစ်ကတည်းက စစ်အုပ်စုက အခြေချတာဖြစ်ပြီး နှစ်ပေါင်း ၄၇ နှစ် အကြာမှာ KNUကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ဆင်ရေးဆောင်ရွက်မှု အခြေအနေကို အသိပေးထားရာ ဧပြီ ၇ရက်နေ့ကနေ ၉ရက်နေ့အိ ပြောက်ကျားတိုက်ခိုက်ခဲ့ပြီး ၁၀ရက်နေ့မှာ စခန်းသိမ်းထိုးစစ် အရှိန်မြှင့်ခဲ့တာလို ဆိုပါတယ်။

စစ်ကောင်စီက တပ်စခန်းမကျရေး တိုက်လေယာဉ် Y12 လေယာဉ်တွေနဲ့ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပါတယ်။

စခန်းသိမ်းတိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုများရှိခဲ့ပြီးပြီး စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူလူထုအိုးအိမ်နဲ့ ပစ္စည်းဥစ္စာများလည်း ထိခိုက်မှုအများအပြားရှိခဲ့ဟု KNUက သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း လေးကေစခန်းသိမ်းတိုက်ပွဲသတင်းထုတ်ပြန်ထားရာ စခန်းသိမ်းစစ်ဆင်ရေးမှာ KNU တပ်မဟာ (၁) ရှိ KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ၊ ရောင်နီဒရုန်းတပ်ဖွဲ၊ Cloud Wings ဒရုန်းတပ်ဖွဲ၊ FFDF ဒရုန်းတပ်ဖွဲ၊ Rangoon Warriors ဒရုန်းတပ်ဖွဲ ၊ KRF ဒရုန်းတပ်ဖွဲတို ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ဟု အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။