Connect with us

Hi, what are you looking for?

သတင်း

လေးကေစခန်းသိမ်းခံရပြီး စစ်တပ်က KNU တပ်မဟာ(၁)နယ်မြေဗုံးကြဲလို့ ပြည်သူသေဆုံးထိခိုက်မှုရှိ

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ​ပေးပို့

ဧပြီ ၁၅၊၂၀၂၆။ ရွက်ဝါ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် မြို့နယ်အချို့ကို အာဏာသိမ်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေလို့ ဒေသခံပြည်သူတွေ သေဆုံးထိခိုက်တာ၊ တိမ်းရှောင်ရတာတွေရှိတယ်လို့ သထုံခရိုင် သတင်းရင်းမြစ်က ပြောါပတယ်။

တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ် လေးကေတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ဧပြီ ၇ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး ဧပြီ ၁၂ရက်မှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲစဉ် စစ်ကောင်စီက တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ တိုက်ခိုက်လို့ ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိသလို နေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ဘီးလင်းမြို့နယ်က ဒေသခံ တစ်သောင်းသုံးထောင်ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရဟု KNUက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းပြီးနောက်ပိုင်းမှာလည်း တပ်မဟာ(၁)နယ်မြေ ဘီးလင်းနဲ့ ဘားအံ(ဖားအံ)မြို့နယ်တွေကို စစ်တပ်က တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၂ရက်မှာ ဘီးလင်းမြို့နယ် မြစ်ကျိုးရွာ စာသင်ကျောင်းအနီးစစ်တပ်ကလေကြောင်းဗုံးကြဲခဲ့ရာ နေအိမ်အချို့ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့တယ်လို့ သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဧပြီ ၁၃ရက်မှာလည်းဖားအံ(ဘားအံ)မြို့နယ်တလိုင်းကရင်ရွာနဲ့ အနီးဝန်းကျင်ကို စစ်ကောင်စီက Y12 လေယာဉ်နဲ့ လက်နက်ကြီး‌ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တာပါ။အဲဒီလို တိုက်ခိုက်ခဲ့လို့ တလိုင်းကရင်ရွာနေ အသက် (၄၈)နှစ်အရွယ် အမျိုးသား တစ်ဦးသေဆုံးကာ အသက် ၆၀အရွယ် အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် နွားအချို့သေဆုံးတာ အိမ်တွေ ထိခိုက်တာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘားအံမြို့နယ် ဟတ္တလိုက်ကျေးရွာအုပ်စု အတွင်းရှိ ရွာပေါင်း ၁၀ရွာမှ အိမ်ခြေ ၉၀၀ နီးပါးက ပြည်သူတွေ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး လူဦးရေ ၆၀၀၀ကျော် ရှိကြောင်း ပြောပါတယ်။တိမ်းရှောင်ခိုလှုံသူတွေ နေရာထိုင်ခင်းစားနပ်ရိက္ခာလိုအပ်ချက်များ ရှိနေကြောင်း အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ