Connect with us

Hi, what are you looking for?

သတင်း

KNUနယ်မြေ မြန်မာ-ထိုင်းနယ်စပ်က ဆေးပေးခန်းနေရာကို စစ်ကောင်စီ ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)အတွင်း မြန်မာ-ထိုင်းနယ်စပ် တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

စစ်ကောင်စီက ဆေးခန်းကို လေကြောင်းက ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Transborder News

ဧပြီ ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)အတွင်း မြန်မာ-ထိုင်းနယ်စပ် တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

စစ်ကောင်စီက သင်္ကြန်ကာလမှာ တပ်မဟာ(၅) နယ်မြေ ကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို ဒီကနေ့ ဧပြီ ၂၀ရက် မနက် ၁၀နာရီခွဲလောက်မှာ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနဘေးက ကျေးရွာတရွာ ဆေးပေးခန်းကို တိုက်ခိုက်လာတာလို့ ဆိုပါတယ်။

“ပြည်သူ့ကျန်းမာရေးဌာန ဆေးပေးခန်းထားတဲ့နေရာ အဲဒီမှာ သွားပြီးတော့ ပစ်တာ။ အထိအခိုက်တော့ အခုထက်ထိ ဘာမှ သတင်းမရသေးဘူး။မြစ်ကမ်းနားမှာ ရှိတဲ့ ကျေးရွာကနေ စုဆောင်းပြီး ဆေးပေးခန်းတည်ဆောက်တာ။ အဲဒီ ဆေးပေးခန်းရှိတဲ့ ကျေးရွာလေးပေါ့” လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်ခံရတဲ့နေရာဟာ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ ဖာပွန်ခရိုင် ဘူးသိုမြို့နယ်မှာဖြစ်တယ်လို့ ပြောပါတယ်။ အခု လေကြောင်း တိုက်ခိုက်ခံရတဲ့ ဒေသဟာ စစ်ကောင်စီ ကင်းစင်တာ တနှစ်ကျော်ကြာပြီဖြစ်ပြီး တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်လာတာလို့လည်း ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

စစ်ကောင်စီဟာ သင်္ကြန်ကာလက KNU တပ်မဟာ(၅)နယ်မြေအတွင်းရှိ ဆေးရုံနဲ့ စာသင်ကျောင်းတွေ လူနေအိမ်တွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။

ဧပြီ ၁၂ရက်က စစ်ကောင်စီဟာ KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင်ရှိ ဦးမယ်ထာ ဆေးရုံအား ရည်ရွယ်ချက် ရှိရှိ လေကြောင်းမှ ပေါင်(၅၀၀) ဗုံး(၂)လုံး အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အအုံပျက်စီးမှုရှိခဲ့သလို ဆေးကုသခံယူနေတဲ့ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ဟု KNU က အသိပေးပါတယ်။ဧပြီလ ၁၄ရက်နေ့မှာလည်း စစ်ကောင်စီက တိုက်လေယာဉ် ၂စီး အနည်းဆုံး သုံးပြီး မူတြော်ဂျူနီယာကောလိပ်(Mutraw Junior College )ရဲ့ အဓိကအဆောက်အဦး (၄)လုံးအား ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို ဆိုပါတယ်။

ဧပြီ ၁၅ ရက်ညနေမှာလည်း မူတြော်ခရိုင်ရှိ အရပ်သားပြည်သူများသာ သီးသန့်နေထိုင်သော ခဲပါထရွာ အပေါ်တည့်တည့်သိုလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ (၄)ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ (၁၀)ဦးဒဏ်ရာရခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နေအိမ် ၂၁လုံး လုံး၀ ပျက်စီးသွားခဲ့ပြီး ကျေးရွာရဲ့ ခရစ်ယာန်ဘာသာရေး အဆောက်အဦးများဖြစ်သော ဘုရားရှိခိုးခန်းမဆောင် ၊ ထမင်းစားဆောင်၊ ဧည့်ခန်းမဆောင်တွေ ပျက်စီးခဲ့တယ်လို အသိပေးပါတယ်။

ဒီလို တိုက်ခိုက်မှုတွေဟာ တိုက်ပွဲအတွင်း မတော်တဆဖြစ်ပွားမှုများမဟုတ်ဘဲ အများပြည်သူ အသုံးပြုနေသော အခြေခံအဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း များဖြစ်ကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုတို အပေါ် ရည်ရွယ်တိုက်ခိုက်တဲ့ ရက်စက်ကြမ်းကြုတ်မှုများကို စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်ကြောင်း ဖော်ပြပါတယ်။မြန်မာစစ်တပ်မှ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများအား ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဧပြီ ၁၈ရက်ညမှာ ထုတ်ပြန်ခဲ့ပြီး အာဆီယံအဖွဲဝင်နိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုများကို မျက်ကွယ်မပြုကြဖို တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်