Connect with us

Hi, what are you looking for?

သတင်း

မုန်းချောင်းတံတားကို စစ်တပ်ထပ်မံဗုံးကြဲလို့ ချင်းရဲဘော် ၂ဦးကျဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေမြို့က မုန်းချောင်းတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော် ၂ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

(မုန်းချောင်းတံတားကို စစ်တပ် ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - John Nain MaNa)

မေ ၂၊၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေမြို့က မုန်းချောင်းတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော် ၂ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဧပြီ ၂၉ရက်မှာ စစ်တပ်က မုန်းချောင်းတံတားကို ပထမအကြိမ်ဗုံးကြဲစဉ်မှာ တံတားထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်နေ့ ဧပြီ ၃၀ရက်မှာ စစ်တပ်က တံတားနေရာကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တံတားဖြစ်စဉ်သွားကြည့်တဲ့ ရဲဘော် ၂ဦး ကျဆုံးခဲ့တာလို့ ဒေသခံက အသိပေးထားပါတယ်။

” တနေ့ကထပ်ကြဲတာ။ ရဲဘော် ၂ယောက်ဆုံးတယ်။ တံတားကိုထပ်ကြဲနေတာ တံတားကို ဖျက်ချင်နေတာနေမယ်”လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က တံတားတိုက်ခိုက်နေတာဟာ သူတို့ ဆုံးရှုံးထားတဲ့ ကျင်ဒွေးမြို့အပါအဝင် ချင်းတောင်ပိုင်းဒေသဘက်မှာ စစ်ရေးရည်မှန်းချက် တစ်ခုခုအတွက် လုပ်ဆောင်ခြင်းဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။

ကျင်ဒွေးမြို့ မုန်းချောင်းတံတားကို စစ်တပ်က ပထမအကြိမ်လေကြောင်းဗုံးကြဲခဲ့မှုကို ချင်းတောင်ပိုင်းက ချင်းဒေသကာကွယ်ရေးတပ်တွေ စုဖွဲ့ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့ တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ထားပြီး သေဆုံးထိခိုက်မှု အခြေအနေတွေ အသိပေးထားပါတယ်။ဒုတိယအကြိမ် ထပ်မံဗုံးကြဲမှုကိုတော့ CPU/CPAက သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ချင်းတပ်ဖွဲ့ CPU/CPAဟာ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးနဲ့ မတူပီစတဲ့ ချင်းတောင်ပိုင်းဒေသတွေကို ၂၀၂၄ ကတည်းက မဟာမိတ်တွေနဲ့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ထားတာပါ။ စစ်တပ်ကလည်း ကျင်ဒွေးအပါအဝင် ချင်းတောင်ပိုင်းကို မြေပြင်ထိုးစစ် မဆင်နိုင်သေးတဲ့ အခြေအနေမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

လက်ရှိမှာတော့ ချင်း – မကွေး အစပ်ဒေသတွေကို စစ်တပ်က စစ်ရေးလှုပ်ရှားတာ၊ စစ်အင်အား ခဲယမ်းဖြည့်တင်းတာတွေ လုပ်ဆောင်နေသလို CPU/CPAကလည်း ရရှိထားတဲ့ နယ်မြေတွေ ကာကွယ်ဖို့ ပြင်ဆင်ထားကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook