Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်အုပ်စုရဲ့အဖွဲ့စုံ စစ်ဆေးဖမ်းဆီးမှုတွေ အရှိန်မြှင့်လုပ်လာ

မန္တလေးမြို့ကလမ်းမတွေပေါ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့အဖွဲ့စုံစစ်ဆေးဖမ်းဆီးမှုတွေ ပြန်လည်အရှိန်မြှင့်လုပ်လာကြောင်း မြို့ခံတွေက ပြောပါတယ်။

(မန္တလေးမြို့တနေရာမှာ အဖမ်းခံထားရတဲ့ ဆိုင်ကယ်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ - MDY Revolution)

မေ-၄၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့ကလမ်းမတွေပေါ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့အဖွဲ့စုံစစ်ဆေးဖမ်းဆီးမှုတွေ ပြန်လည်အရှိန်မြှင့်လုပ်လာကြောင်း မြို့ခံတွေက ပြောပါတယ်။

သင်္ကြန်မတိုင်မီက မန္တလေးမြို့တွင်းမှာ စစ်ဆေးဖမ်းဆီးတဲ့အဖွဲ့တွေ အနည်းငယ်လျော့နည်းသွားခဲ့ပေမဲ့ ယခုမေလ ၁ ရက်ကစတင်ပြီး အဖွဲ့စုံစစ်ဆေးဖမ်းဆီးတဲ့အဖွဲ့တွေ ပြန်လည်များပြားလာကြောင်း မြို့ခံတွေက ပြောပါတယ်။

“၃ရက်လောက်ရှိပြီပြန်များလာတာ။”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယနေ့ မေလ ၄ ရက် တစ်ရက်တည်း မန္တလေးမြို့မှာ စစ်ဆေးဖမ်းဆီးတဲ့အဖွဲ့ ၁၇ ဖွဲ့တိတိ ရှိနေကြောင်း Voice of Mandalay အဖွဲ့ရဲ့အချက်အလက်အရ သိရပါတယ်။

အဲဒီအဖွဲ့တွေဟာ ယာဥ်တွေအပြင် စုံ/မစစ်ဆေးတာ၊ လက်ကိုင်ဖုန်းတွေကိုပါ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“စုံ/မ စစ်တယ်ဆိုလို့ ကားကိုပတ်မောင်းနေရတယ်။ တော်တော်အလုပ်ရှုပ်တယ်”လို့ မြို့ခံကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့၊ မဟာမုနိ ဘုရားကြီး အနောက်မုခ်ဦးအဝင်ရှေ့မှာလည်း ရဲနဲ့ယာဥ်ထိန်း အင်အား ၂၀ခန့်နဲ့ ၃ ရက်ဆက် နေ့စဥ် စစ်ဆေးဖမ်းဆီးနေလို့ ပြည်သူတွေသတိပြုသွားလာကြဖို့ MDY Revolution က သတိပေးထားပါတယ်။

စစ်ဆေးရေးအဖွဲ့က စစ်အုပ်စုဝင်တွေဟာ မော်တော်ယာဥ်ပိုင်ရှင်တွေဆီကနေ ငွေကျပ် သောင်းဂဏန်းကနေ သိန်းချီအထိ ငွေညှစ်တောင်းလေ့ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

မန္တလေးမြို့ကလေးဆေးရုံကြီးမှာဆေးရုံလာတက်နေတဲ့စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကလေးငယ်တွေရဲ့ဖခင်နှစ်ဦးဟာအာဏာသိမ်းစစ်တပ်အတွက်ပေါ်တာဆွဲခံရပြီးနောက်ဝေဖန်မှုတွေ မြင့်တက်လာချိန်မှ စစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

Facebook