မေ-၂၃၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ Depeyin Youth Community (DYC) အဖွဲ့မှ ရဲဘော်တွေက ပြည်သူလူထုကို လေကြောင်းအန္တရာယ်ကင်းစေဖို့ ရည်ရွယ်ကာ ကြိုတင်ကာကွယ်ရေးနဲ့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း ဆောင်ရန်၊ ရှောင်ရန်တွေကို ဒီကနေ့ (မေလ ၂၃) မှာ အသိပညာပေးဟောပြောခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုသေကြေပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု တစ်နေ့ထက်တစ်နေ့ ပိုမိုလုပ်ဆောင်လာတဲ့အတွက် လေကြောင်းအန္တရာယ်ကာကွယ်စေဖို့ အသိပညာပေးခြင်း ဖြစ်ကြောင်း DYC အဖွဲ့က ဆိုပါတယ်။
အခြားသပိတ်ရဲဘော်တွေအနေနဲ့လည်း ပြည်သူလူထုအကျိုးကို တစ်ထောင့်တစ်နေရာမှ လာရောက်ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ကြောင်းလည်း DYC အဖွဲ့က ဖိတ်ခေါ်ခဲ့ပါတယ်။

Public Service Announcement
ဓာတ်ပုံ – Depeyin Youth Community (DYC)



















































