Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ တူးမြောင်းကျိုးလို့ စပါးခင်းတွေ ရေအခက်အခဲရှိနိုင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

(ကျိုးသွားသော တူးမြောင်းတနေရာအား တွေ့ရစဥ်။ ဓာတ်ပုံံ - CJ)

သြဂုတ် ၅၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်က ရွှေဘိုမြို့နယ်၊ စဥ့်တုံံရွာအနီးမှာ ရေပေးဝေရေးတူးမြောင်း မိုးများပြီး ကျိုးပျက်သွားလို့ လှတောတူးမြောင်း၊ မုဆိုးခြုံတူးမြောင်းအပြင် အမှတ် ၅၊၆၊၇၊ ၈ လက်တံမြောင်းတွေပါ ရေရတော့မှာမဟုတ်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စဥ့်တုံနားလေးမှာ ဝါးနှစ်ပြန်စာလောက်ကျိုးသွားလို့ ပြင်ဆင်ချိန် ရက် ၂၀ ကနေ ၂၅ ရက်အထိကြာနိုင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့် ရှိတဲ့ရေကို ​မြန်မြန်ဆန်ဆန်သိုလှောင်ထားဖို့နဲ့ စိုက်ပျိုးရေးကိုလည်း ရက်အနည်းငယ်စောပြီးစိုက်ကြဖို့ ဒေသခံတစ်ဦးက အကြံပြုပါတယ်။

“၁၂လုံးပြွန်နဲ့ဆက်ထားတဲ့ မြေသားထူးပေါက်တာပါ။ မနှစ်ကလည်း ဖြစ်ပါတယ်။ မြေကိုပြန်ဖိလိုက်ရင်အဆင်ပြေပါတယ်။ လမ်းကအသုံးပြုမှု လူသွားလူလာမများတော့ မြေပွပြီးထူးပေါက်တာပါ။ အရမ်းကြီးစိုးရိမ်ရမယ့်အခြေအနေတော့မဟုတ်ဘူးထင်တယ်”လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေဘိုခရိုင်ဟာ စပါးအဓိက စိုက်ပျိုးတဲ့ ခရိုင်တစ်ခုဖြစ်ပြီး နှစ်စဉ်မိုးစပါးဧက ခြောက် သိန်းကျော်နဲ့ မိုးရွာသွန်းမှုအပေါ်မူတည်ပြီး ဆည်ရေရရှိပါက နွေစပါး ဧကနှစ်သိန်းကျော် စိုက်ပျိုးလျက်ရှိတယ်လို့ သိရပါတယ်။

ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း စတဲ့ မြို့နယ်တွေက မိုးစပါးနဲ့ နွေစပါးစိုက်ခင်းတွေအတွက် ဆည်ရေကို အဓိက အမှီပြု အသုံးပြုကြရပြီး အာဏာသိမ်းကာလမှာတော့ ရေမရောက်တဲ့ဒေသတွေ ပိုမိုများပြားလာပြီး ရေတင်စိုက်နေရလို့ စက်သုံးဆီစျေးနဲ့ စရိတ်တွေ ပိုမိုကုန်ကျနေကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook