Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

ပြည်သူချစ်တဲ့ PDF များဆီသို့

သန်း ၅၀သောပြည်သူလူထုများဟာမအလတပ်များဘယ်နေ့ဘယ်အချိန်အရေးနိမ့်မှာလဲ..ကျရှုံးမှာလဲ?..တော်လှန်ရေးကြီးဘယ်နေ့အောင်မြင်စွာပြီးမြောက်မှာလဲဆိုပြီးမျှော်လင့်နေကြတာ..

Gidawn Brang

နွေဦးတော်လှန်ရေးမှ ဆောင်းရာသီခရစ်စမတ်အချိန်အခါထဲတောင်ရောက်ရှိလာပြီဆိုပေမဲ့တော်လှန်ရေးကလမ်းခုလတ်မှာရှေ့ဆက်နေရဆဲအချိန်…PDF ဆိုတဲ့ခေါင်းစဥ်အောက်မှာကျွန်တော် တို့ KIAရဲဘော်များလည်း အသက်စွန့်တိုက်ခိုက်ရင်းမထင်မရှားအသက်ပေးသွားသူများတစ်နေ့ထက်တစ်နေ့ ပိုပိုများလာနေပါပြီ။

Public Service Announcement

Public Service Announcement

တစ်ဘက်မှာလည်း အာဏာရှင်ကိုမကြိုက်လို့မှအာဏာရှင်ကိုအမြစ်ပြတ်ခြေမုန်းနိုင်ဖို့ အရာအားလုံးစွန့်လွတ်ပြီးလက်နက်ကိုင်တော်လှန်ရေးထဲခြေစုန်ပစ်ဝင်ခဲ့တာ KIA ဆီမှာလည်းဘာမှ မထူးခြားပါဘူး အုပ်ချုပ်မှုတွေကအာဏာရှင်ဆန်တယ်..အတူတူပါဘဲ ဆိုပြီးငြီးသွားတဲ့ PDFတပ်သားတစ်ချို့လည်းရှိလာပါတယ်….အသံတွေကြားလာတယ်။ လူပေါင်းစုံတော့အသံစုံတာသဘာဝပါ..အပြစ်မမြင်ပါဘူးအားလုံးကစိတ်ရောကိုယ်ပါပင်ပန်းလာကြပြီလေ…မင်းတို့ခေတ် မင်းတို့အ​ခြေအနေနဲ့ ခုချိန်ထိ တောင့်ခံနိုင်တာ ပေးဆပ်နိုင်တာကိုမချီးကျူးဘဲမနေနိုင်ဘူး..လေးစားပါတယ်ငါ့ညီတို့ရယ်..မင်းတို့လေးတွေကို​တွေ့တိုင်းသနားစိတ်အလိုလိုနဲ့ဝင်လာတယ်..ကျောင်းတက်ပညာသင်နေရမဲ့အချိန်မှာ သေနတ်တစ်ကားကားနဲ့။

ဒါပေမဲ့ကျွန်တော်တို့ဟာနှစ်ပေါင်းမြောက်မြားစွာတောင့်တင်းခိုင်မှာနေပြီဖြစ်တဲ့ စကစနဲ့ယဥ်ပြိုင်တိုက်ခိုက်ဖို့ တော်ရုံစကေးနဲ့တော့မရနိုင်ဘူး…တော်ယုံစိတ်ဓာတ် တော်ယုံစည်းကမ်း နဲ့မရနိုင်ဘူး..စစ်သွေးစစ်မာန်တိုက်ရည်ခိုက်ရည်ပိုပြီးသာနေရမယ်..အထက်အမိန့်နှင့်ချမှတ်ထားသောစစ်စည်းကမ်းများကိုလည်း အပြည့်အဝလိုက်နာမှုနာခံမှုရှိရမယ်.ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုနှင့်အပင်ပန်းခံ အနှစ်နာခံမှု အလုံးစုံဟာအောက်ကျနေလို့မဖြစ်ဘူး.တော်လှန်ရေး၏ခါးသီးဒဏ်..ငတ်မွတ်ဒဏ်ဒုက္ခမျိုးပေါင်းစုံကိုရေငုံနုတ်ပိတ်ခံနိုင်ရပါမယ်။ဘာကြောင့်လဲကျွန်တော်တို့ဟာသန်း၅၀သောပြည်သူများ၏ကိုယ်စားပြုပြည်သူချစ်တဲ့ အားကိုးတဲ့ပြည်သူ့ကာကွယ်ရေးတပ်သားတွေဖြစ်နေလို့ပါ။၎င်းတို့ထက်ညံ့ဖျင်း နိမ်ကျနေသော စစ်တပ်လုံးဝဖြစ်လို့မရပါဘူး..ဒါကြောင့်လည်း KIAကတင်းကြပ်တာပါ။အားလုံးကတော်လှန်ရေးအောင်မြင်ဖို့ရည်ရွယ်ချက်နဲ့ပါ။

သန်း ၅၀သောပြည်သူလူထုများဟာမအလတပ်များဘယ်နေ့ဘယ်အချိန်အရေးနိမ့်မှာလဲ..ကျရှုံးမှာလဲ?..တော်လှန်ရေးကြီးဘယ်နေ့အောင်မြင်စွာပြီးမြောက်မှာလဲဆိုပြီးမျှော်လင့်နေကြတာ..ကျောင်းသားများကျောင်းမတက်ဘဲစောင့်ဆိုင်းနေကြတယ်..CDMဝန်ထမ်းများမိမိတို့မြတ်နိုးတန်ဖိုးထားတဲ့အလုပ်များကိုစွန့်လွတ်ကာ ရရာအလုပ်များကို မျက်နှာငယ်ခံ အနှိမ်ခံကာ လုပ်ဆောင်နေကြတယ်..​နိုင်ငံတော်အတွက်တန်ဖိုးရှိလှသောပညာရှင်တွေတော်လှန်ရေးနယ်​မြေမှာဖြစ်သလိုခိုလုံနေကြတယ်..နိုင်ငံကျော်အနုပညာရှင်တွေနဲ့ တက်ကြွတော်လှန်ရေးလူငယ်မြောက်မြားစွာထောင်ထဲမှာချုပ်နှောင်ခံထားနေရဆဲ..ဘယ်နေ့ထူးခြားလာမလဲ? မျော်လင့်နေကြတယ်။ ဝင်ငွေကောင်းလှတဲ့ သမားတော်​ကြီးများဆေးဘက်ဆိုင်ရာဝန်ထမ်းမြောက်မြားစွာ တော်လှန်ရေးနယ်မြေမှာ သူတို့တတ်မြောက်တဲ့ပညာများနှင့် ပေးဆပ်နေကြတယ်…ကျွန်တော်တို့အတွက်တော့ကောင်းပေမဲ့ မြို့ပေါ်သူတို့ကြည့်ရူ့နေတဲ့လူနာတွေ အတွက်တော့စိတ်မကောင်းပြန်ဘူး… စီးပွားရေးလုပ်ငန်းရှင်များတစ်ချို့​တောင့်မခံနိုင်​တော့ဒေဝါလီခံသံကြားရတယ်…​တစ်ချို့ပြည်သူတွေထမင်းတောင်နတ်မမှန်တော့ဘူး..တခိုးဒမြတွေပေါများလာနေပြီ…တိုင်းပြည်ကြီးကတစ်နေ့ထက်တစ်နေ့ စုတ်ပြတ်သတ်လာတော့ ပြည်သူအားလုံးရဲ့မျော်လင့်ချက်ဟာ PDFနှင့်ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင် (လက်နက်ကိုင်အားလုံးမဟုတ်) များသာဆိုတော့ ကျွန်တော်တို့တာဝန်တွေပေါ့သေးသေးတော့မဟုတ်ဘူးနော်။

ကျွန်​တော်တို့စိတ်ဓာတ်တွေယိုင်လဲနေမဲ့အချိန်မရှိဘူး..အချင်းချင်းအပြစ်တင်ဝေဖန်နေမဲ့အချိန်လည်းမရှိဘူး…ငါပိုပင်ပန်းတယ်..ပိုလုပ်ရတယ် ပြောနေဖို့အချိန်လည်းမရှိသေးဘူး..ကျွန်တော်တို့သီးခံကြရအောင်..စိတ်ရှည်ကြရအောင်..ကျွန်တော်တို့နဲ့ယှဥ်ပြိုင်တိုက်ခိုက်မဲ့သူတွေကလူမဆန်တဲ့နတ်ဆိုးတွေလေ..တိုက်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေနေညမနား ကြိုးစားပြီးလုပ်ဆောင်ကြရအောင်..​တော်လှန်​ရေးကာလ ထမင်းချက် ရေခတ် ထင်းခုတ် ရိက္ခာသယ် ကင်းစောင့်တာကအစငြီးသွားမှုမရှိဘဲကြိုးစားလုပ်​ဆောင်ကြရအောင်..အထက်ဦးဆောင်သူများ၏အမိန့်များကိုတစ်တွေမသိမ်းနာခံကာ မလျော့သောဇွဲများဖြင့်ရှေ့ဆက်ချီတက်ကြရအောင်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတိုင်းအောင်နိုင်ဖို့ဦးဆောင်သူများ၏ချမှတ်ထားသည့်စစ်ဗျူထဲဝင်အောင်စွန့်စားတိုက်ခိုက်ကြရအောင်…ဒါပေမဲ့မင်းတို့အသက်တွေတန်ဖိုးကြီးလှ​တယ်..အကြောင်းမဲ့အသေခံလို့မရဘူး..လိုတာထက်ပိုပြီးရဲတင်းလို့မရဘူး..မင်းတို့ငါတို့လုံ​ခြုံ​ရေးအတွက် ပေါက်ကရခြောက်ဆယ် သတင်းဓာတ်ပုံတွေ​​ Socia Media ပေါ်တင်လို့မရဘူး​​..တော်လှန်ရေးအပြီးထိ သီးခံ​ပြီးသိုတိတ်ကြရအောင်…တော်လှန်ရေးပြီးမြောက်အောင်မြင်မှငါတို့၏ချစ်စရာ ခါးသီးစရာကောင်းတဲ့ တော်လှန်ရေးသမိုင်းတွေကို ကမ္ဘာကြီးအထိ သိအောင် ချပြကြရအောင်..အခုတော့မင်းကြောင့်တော်လှန်ရေးနောက်ကြလို့မဖြစ်ဘူး..ထိခိုက်လို့မရဘူး…သန်း၅၀ သောပြည်သူများအတွက် မိနစ်စက္ကန့်တိုင်းကအလွန်အရေးကြီးနေပြီ။

တော်လှန်ရေးအပြီးထိ မင်းတို့ ငါတို့အသက်ရှင်လျှက်ရှိနေကြရမယ်.လက်ရှိအခြေအနေအရအာဏာရူး ဖက်ဆစ်တပ်များလည်းလွန်စွာအထိနာနေကြပါပြီ..ကျွန်တော်တို့တိုက်ပွဲကြီးတွေအတွက်ပြင်ဆင်နေသလို နေ့စဥ် ၁၀ ယောက်ထက်မနည်းတဲ့ မအလ၏အပေါင်းအပါများကိုငရဲပြည်သို့အရောက်ပို့နိုင်ဖို့လည်းအရေးကြီးပါတယ်။ဒါမှသာ၎င်းတို့တစ်ဖြည်းဖြည်းအင်အားချိနဲ့ကာကျရှုံးသွားမည်မှာ ဧကန်မုချပါ။ကျွန်တော်တို့ကိုမျှော်လင့်ချက်ကြီးစွာအားကိုးနေတဲ့ပြည်သူများအတွက်ငါတို့တာဝန်ကြေရမယ်။

ကျွန်တော်တို့KIAစစ်ဦးစီးချုပ်ကြီး၏မိန့်ခွင်းအရမြောက်ပိုင်း KIA လက်အောက် PDF တပ်ဖွဲ့ဝင်များအကြောင်းမဲ့ကျဆုံးခြင်းကိုလုံးဝအလိုမရှိ..လုံးဝလက်မခံနိုင်ဘူး..PDFတပ်သားများကိုအထူးဂရုစိုက်လက်တွဲကာ တိုက်ပွဲဝင်ဖို့.. ဒီကလေးတွေအားလုံး တော်လှန်ရေးအပြီးထိအသက်ရှင်နေကြဖို့အင်မတန်အရေးကြီးကြောင်းနှင့်တော်လှန်ရေးအပြီးနိုင်ငံတော်သစ်ပြန်လည်ထူထောင်သည့်အချိန် PDFတပ်ဖွဲ့ဝင်များ ပါကိုပါရမှာဖြစ်ကြောင်းမှာကြားထားပါတယ်။

နှစ်ပေါင်း၆၀တော်လှန်ရေးသက်တန်းရှိနေပြီဖြစ်တဲ့ ကျွန်တော်တို့ KIA တွေဆီမှာလည်းလိုအပ်ချက်တွေ အားမလိုအားမရချက်တွေမြောက်မြားစွာရှိမှာပါ။ဒါပေမဲ့မြန်မာပြည်ကြီးကိုစစ်အာဏာရှင်စနစ်ဆိုးကြီးမှလွတ်မြောက်နိုင်ရန်ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက်ကြိုးစားလုပ်ဆောင်နေသည့် KIA ၏မေတ္တာစေတနာနှင့် အနစ်နာခံမှု ကိုတော့အသိအမှတ်ပြုစေလိုပါသည်။KIAကိုဝေဖန်နိုင်တယ်..အပြစ်တင်နိုင်တယ် ဒါပေမဲ့ တော်လှန်ရေးအပြီးထိမင်းတို့ ငါတို့တွေအသက်ရှင်နေရမယ်နော်..ငါ့ညီတို့ရယ်…။