Connect with us

Hi, what are you looking for?

အတွေးအမြင်

လက်ချောင်းတွေ မညီလည်း လက်သီး ဆုပ်နိုင်ဆဲပါ

ပြီးခဲ့တဲ့ရက်တွေမှာ ရှစ်လေးလုံးအထိမ်းအမှတ် စကားပြောရတာတွေ ရှိခဲ့တော့ ညီညွတ်ဖို့ထက် စည်းလုံးဖို့ အရေးကြီးတာကို ပြောဖြစ်ပါတယ်။

မသီတာ-စမ်း​ချောင်း

ပြီးခဲ့တဲ့ရက်တွေမှာ ရှစ်လေးလုံးအထိမ်းအမှတ် စကားပြောရတာတွေ ရှိခဲ့တော့ ညီညွတ်ဖို့ထက် စည်းလုံးဖို့ အရေးကြီးတာကို ပြောဖြစ်ပါတယ်။

လက်သီးဆုပ်နိုင်ဖို့အတွက် လက်ချောင်းလေးတွေ အရွယ်အစား၊ အနိမ့်အမြင့် တညီတညွတ်တည်း ဖြစ်စရာ မလိုပါဘူး။ အဲဒီလို ဖြစ်မနေပေမဲ့ ဆုံချက်ဖြစ်တဲ့ လက်ကောက်ဝတ်ကို တည်ပြီး ကိုယ့်နေရာနဲ့ကိုယ် ဖြန့်ကျက်ရပ်တည်နေလို့ ရပါတယ်။

Public Service Announcement

Public Service Announcement

ရေပြင်ညီတစ်ခုတည်းမှာ ကိုယ့်အရွယ်အစား ကိုယ့်ပုံသွင် ကိုယ့်စွမ်းဆောင်ရည်နဲ့ ကိုယ် အပြိုင်းအရိုင်း ရပ်နိုင်တဲ့ လက်ချောင်းလေးတွေကသာ လက်သီးဆုပ်တစ်ခုကို ကောင်းကောင်းဖန်တီးနိုင်တာပါ။ လက်မက ကိုယ့်ဖာသာ ထောင်နိုင် ထူနိုင်လို့ဆိုပြီး လက်ဖဝါးပေါ်မှာ ကိုးဆယ်ဒီဂရီဒေါင်လိုက်သွားရပ်နေမယ်ဆိုရင် လက်သီး

ဆုပ်လို့ မရနိုင်ဘူးပေါ့။ လက်ချောင်းအားလုံး ရေပြင်ညီဆုံချက်ဖြစ်တဲ့ လက်ကောက်ဝတ်ကနေ ဖြာထွက်သလို တပြေးညီ ရပ်နေလို့သာ လက်သီးဆုပ်လို့ ရတာပါ။

နှစ်ပေါင်းများစွာ အထက်-အောက် ဒေါင်လိုက်စနစ်ကို အသားကျခဲ့တော့ ဗဟို-ဆုံချက်လို့ ပြောရင် ဒေါင်လိုက်ပဲ တွေးကြပါတယ်။ တခုခုက ဗဟိုဆိုရင် ကျန်တာတွေက သူ့အောက်မှာပဲ ဖြစ်သွားမယ်လို့ တွေးတာမျိုးပေါ့။ အလျားလိုက်ရှိတဲ့ ရေပြင်ညီကို ဆုံချက်ထားပြီး အထက်-အောက် မဟုတ်တဲ့၊ အပြိုင်းအရိုင်း တည်ရှိနိုင်မှုကို မေ့နေတတ်ကြပါတယ်။ လက်သီးဆုပ်နိုင်တာဟာ လက်ချောင်းတွေက အလျားလိုက် ရေပြင်ညီမှာ အပြိုင်းအရိုင်း ရပ်တည်နေကြသလို ဗဟို-ဆုံချက်ဖြစ်တဲ့ လက်ကောက်ဝတ်ကို အားပြုထားလို့သာ ဖြစ်ပါတယ်။

ဗဟိုချုပ်ကိုင်မှုနဲ့ ဗဟိုချက်ရှိခြင်း မတူပါဘူး။ ဒေါင်လိုက် အမြဲစဉ်းစားတာလည်း အဆင်မပြေပါဘူး။ ရေပြင်ညီကို စဉ်းစားရင် ဆုံချက် (သို့) ဗဟို လိုပါတယ်။ ဘယ်ဖက်ဒရယ်နိုင်ငံမှာမဆို ဗဟိုအစိုးရလို့ ပြောလို့ရတဲ့ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရလို့ ခေါ်ကြတဲ့ ဒေသအလိုက်အစိုးရဆိုတာ ရှိပါတယ်။ ရေပြင်ညီဆုံချက်အဖြစ် ဗဟိုဖက်ဒရယ်အစိုးရဆိုတာ ရှိရပါတယ်။

ဗဟို (သို့) နိုင်ငံအဆင့် ဖက်ဒရယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာဟာ ပြည်နယ်အစိုးရတွေထက် တသမတ်တည်း များပြားကျယ်ပြန့်နေတာမျိုး မရှိဘဲ ဘယ်အရေးကိစ္စတွေမှာ ဘယ်အစိုးရက ပိုပြီးတာဝန်ယူမယ်ဆိုတာအားလုံးကလက်ခံသဘောတူတဲ့ထိ ဆွေးနွေးပြီး အသိအမှတ်ပြုကြတာမျိုးပါ။

အမေရိက၊ ဆွစ်ဇာလန်နဲ့ ဂျာမဏီနိုင်ငံတွေဟာ ကွန်ဖယ်ဒရိတ်သဘောနဲ့ စခဲ့ကြပေမဲ့ နောက်ပိုင်းမှာ လက်တွေ့ပိုကျတဲ့ ဖက်ဒရယ်စနစ်ကို ပြောင်းလဲခဲ့ကြပါတယ်။ အဲဒီနိုင်ငံတွေမှာ ဖက်ဒရယ်အစိုးရဆိုတဲ့ နိုင်ငံအဆင့်အစိုးရက နိုင်ငံခြားရေး၊ နိုင်ငံ့ငွေကြေး၊ စာတိုက်စနစ်ဆိုတဲ့အရာတွေကို ဆောင်ရွက်ရတာမျိုးပါ။ ပြည်နယ်အစိုးရတွေမှာ တခြားအရေးတွေအတွက် လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် အာဏာတွေ ရှိပေမဲ့ နိုင်ငံတကာကတော့ ဖက်ဒရယ်အစိုးရကိုပဲ တိုက်ရိုက်ဆက်ဆံကြရပါတယ်။ အဲဒီလို လုပ်တာကို ဗဟိုချုပ်ကိုင်မှုလို့ ပြောလို့ မဖြစ်ပါဘူး။

တနည်းအားဖြင့် လက်ကောက်ဝတ်လို ဆုံချက်တစ်ခုဖြစ်တဲ့ နိုင်ငံအဆင့် ဖက်ဒရယ်အစိုးရဆိုတာကို သတ်မှတ်ထားပြီး ပြည်နယ်အစိုးရတွေဟာ အလျားလိုက် ရေပြင်ညီမှာ သူ့လုပ်ပိုင်ခွင့်နဲ့သူ သူ့အာဏာနဲ့သူ အပြိုင်းအရိုင်း ရပ်တည်ကြတာဟာ ဖက်ဒရယ်နိုင်ငံပါ။

ဒါကြောင့် လက်ချောင်းငါးဆယ် ရှိတဲ့ အမေရိကဟာ ဖက်ဒရယ်နိုင်ငံအဖြစ် လက်သီးဆုပ်ကို ကျစ်နေအောင် ဆုပ်နေနိုင်ပါတယ်။ ဒီမိုကရေစီိအဖြစ်ကိုတော့ သမ္မတကို လူထုက တိုက်ရိုက်ရွေးချယ်တဲ့စနစ်နဲ့ သွားပါတယ်။ ရွေးချယ်ခံသမ္မတဟာ နိုင်ငံအဆင့် ဗဟိုအစိုးရလို့ ခေါ်နိုင်တဲ့ အစိုးရအဖွဲ့ကို ဆုံးဖြတ်ပြီး အလုပ်လုပ်တဲ့အခါ လက်သီးဆုပ် ပြေသွားစရာ မလိုပါဘူး။

ဖက်ဒရယ်စနစ်အမျိုးမျိုးရှိရာမှာ လူမျိုးနဲ့ဘာသာစကားကို အခြေခံပြီး ထူထောင်ကြတာချည်း မဟုတ်ဘဲ လူဦးရေပျံ့နှံ့မှုအလိုက် ဒေသအခြေခံပြီး ထူထောင်ကြတာတွေလည်း ရှိပါတယ်။

ဘယ်လိုဖက်ဒရယ်စနစ်မျိုး သွားမလဲဆိုတာဟာ နိုင်ငံရေးသမားတွေ၊ လက်နက်ကိုင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ကောင်းမယ်ထင်သလို ဆုံးဖြတ်ဖို့ မဟုတ်ဘဲ ဒေသခံလူထုရဲ့ ဆုံးဖြတ်ရွေးချယ်မှုနဲ့ သွားနိုင်မှ ရေရှည်မှာ အဆင်ပြေနိုင်တာမျိုးပါ။ ဒီလိုရိုးစင်းလွယ်ကူမှု မရှိတဲ့ နိုင်ငံရေးစနစ်သစ်တစ်ခုကို အောက်ခြေကနေ အပေါ်ဆန်ပြီး ပြောင်းလဲနိုင်ဖို့ဆိုတာမှာလူထုရဲ့သိနားလည်မှုကို တကြောင်းဆွဲအသိမျိုး မဖြစ်အောင်၊ ရွေးစရာ ရှိနေကြောင်း သိစေအောင်နဲ့ သူတို့ရဲ့ ရွေးပိုင်ခွင့်ကို အာမခံပေးနိုင်အောင်ဆိုရင် ပိုသိနေတယ်လို့ ခံယူထားသူတွေအားလုံးမှာ တာဝန်ရှိပါတယ်။

ကိုယ့်လူမျိုး ကိုယ် အုပ်ချုပ်တာဟာ ဖက်ဒရယ်စနစ်လို့ နားလည်နေကြတာ အတော့်ကို အန္တရာယ်များပါတယ်။ နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတာဟာ ကိုယ့်လူမျိုး ကိုယ် အုပ်ချုပ်မယ်၊ ကိုယ့်နယ်မြေ ကိုယ် သိမ်းပိုက်မယ်ဆိုတဲ့ အတွေးမျိုးကနေ အခြေခံခဲ့တာ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ လူထုရဲ့ အဆုံးအဖြတ်ကို မျက်ကွယ်ပြုပြီး အာဏာကို လက်နက်၊ အင်အားတွေနဲ့ အနိုင်ကျင့်ရယူတာကို လူထုက လက်မခံနိုင်လို့ တော်လှန်ရေး စတင်ခဲ့တာပါ။

အရင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အီးအေအို EAO ကနေ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အီးအာရ်အို ERO ရယ်လို့ နွေဦးတော်လှန်ရေးလှိုင်းကို လိုက်ပါစီးမျောလာကြတာဟာ ဒီမိုကရေစီ ပျောက်ဆုံးမှာ ကြောက်လို့ တော်လှန်ကြတဲ့ လူထုရဲ့ တော်လှန်ရေးကို လက်ခံယုံကြည်ကြလို့ပါ။ စစ်ကောင်စီကို အမြစ်ဖြတ်ဖို့ အပြိုင်းအရိုင်း တပြေးညီ အားထုတ်ကြတဲ့ အစုအဖွဲ့တွေအဖို့ တော်လှန်ရေးလက်သီးဆုပ် အားကောင်းကျစ်

လျစ်ဖို့အတွက် လူထုရဲ့ တော်လှန်ရေးယုံကြည်ချက်တွေကို အနက်ဖွင့် မလွဲကြဖို့တော့ လိုပါမယ်။

တော်လှန်ရေးလက်သီးဆုပ် အားကောင်းခိုင်မာပါစေ။ ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။