သတင်း PDF နဲ့မပတ်သက်ဖို့ မန္တလေးမှာ ရပ်ကွက်အလိုက် စစ်ကောင်စီ လိုက်လံတွေ့ဆုံခြိမ်းခြောက်နေ ဒီနေ့ မဟာအောင်မြေမြို့နယ်၊မဟာနွယ်စဉ်ရပ်ကွက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့တွေ့ဆုံပွဲ နဲ့ မနီးမဝေးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။ LuduNwayOoစက်တင်ဘာ 1, 2022
သတင်း ထီးချိုင့်တွင် စစ်ကောင်စီတပ် ယနေ့သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ စစ်ကောင်စီတပ်ကလည်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း Special-HPDFက ထုတ်ပြန်သည်။ LuduNwayOoစက်တင်ဘာ 1, 2022
သတင်း ဟားခါးနှင့် ထန်တလန်အကြား တစ်လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၆၀ဦးထက်မနည်းသေဟု CNFထုတ်ပြန် လက်ရှိ အချိန် တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ်က ကလေးမြို့နှင့် ဖလမ်းမြို့ဘက်မှ ကုန်းကြောင်း လေကြောင်းဖြင့် လူအင်အားလက်နက်အင်အားများ ဖြည့်တင်းလျက်ရှိသည်ဟုဆိုသည်။ LuduNwayOoစက်တင်ဘာ 1, 2022
သတင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ မြိုင်နယ်က ပြည်သူများ ယခုရက်ပိုင်းမှာပဲ မြိုင်နယ်က ကျေးရွာအများစုဟာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် တိမ်းရှောင်နေကြရပါတယ်။ LuduNwayOoစက်တင်ဘာ 1, 2022
သတင်း မြိုင်နယ်ရှိ စစ်ကောင်စီစခန်းနှစ်ခု တပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား သေဆုံးမှုများဟုဆို စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံးများပြားနိုင်ပြီး ၁၀ဦးထက်မနည်း သေဆုံးသည်ဟု ကနဦး သိရှိရကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့က ပြောသည်။ LuduNwayOoစက်တင်ဘာ 1, 2022
သတင်း မြောင်တွင် စစ်ကောင်စီတပ် ရမ်းပစ်၍ စစ်ဘေးရှောင် လူငယ်တစ်ဦးသေဆုံး အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်ပိုင်းတွင် မြစ်သာကျေးရွာကို ပစ်ခတ်ဝင်ရောက်သွားကြောင်း သိရသည်။ LuduNwayOoစက်တင်ဘာ 1, 2022
သတင်း သန်လျင်မြို့ သေနတ်ပစ်ကွင်းတွင် စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ခြောက်ဦးသေဟုဆို ဖြစ်စဥ်အရ ယမန်နေ့(သြဂုတ် ၃၁ ရက်) ည ၁၁ နာရီခန့်တွင် သန်လျင်မြို့ စစ်ပင်ကွင်းရွာ၏ တောင်ဘက်တွင်ရှိသော သေနတ်ပစ်ကွင်းတွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 1, 2022
သတင်း ခင်ဦးတိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ကျော် သေဟုဆို စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ ယမန်နေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ မွန်းတည့် ၁၂ နာရီဝန်းကျင်က ရွှေကူတဲစုကျေးရွာအနီးတွင်တစ်ကြိမ်၊ ညနေ ၅ နာရီခန့်က ရေဦး မူးမြစ်ကူးနားတွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ LuduNwayOoစက်တင်ဘာ 1, 2022
သတင်း နယ်စပ်မိုင်တိုင် ၄၀ အနီးရှိစစ်ကောင်စီစခန်းAAသိမ်းပိုက်၊ စစ်သား ၁၉သေဆုံးပြီးလက်နက်ခဲယမ်းအများအပြားရရှိ စခန်းအားသိမ်းပိုက်နိုင်ချိန်တွင် သေဆုံးစစ်ကောင်စီတပ်ရုပ်အလောင်းအများအပြားကို စခန်းအတွင်းမြှပ်နှံထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 1, 2022
သတင်း မုံရွာ – အရာတော်လမ်းတွင် စစ်ကောင်စီ မိုင်းရှင်းလင်းရေးအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ ထိခိုက်သူများအား (၁၂)ဘီးကားဖြင့် မုံရွာမြို့သို့သယ်သွားကြောင်း၊ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။ LuduNwayOoဩဂုတ် 31, 2022