Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်

နယ်မြေမတည်ငြိမ်မှုတွေကြားက စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့ ဟောပြောပွဲတွေ ဒီကနေ့ (ဇူလိုင် ၂) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်-၂၊၂၀၂၆။သုည/People’s Spring

နယ်မြေမတည်ငြိမ်မှုတွေကြားက စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့ ဟောပြောပွဲတွေ ဒီကနေ့ (ဇူလိုင် ၂) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တနေရာမှာ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီနဲ့ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ဆရာမတွေ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေက “ညီညွတ်ရေးဟာ အစွမ်းထက်ဆုံးလက်နက်” ၊ “ဘုံရန်သူကို ထိုးနှက် တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၊ နိုင်ငံရေးအခြေခံသဘောတရားများကို အသိပညာပေးဟောပြောခဲ့ကြပြီး ဒေသခံလူထုနဲ့အတူ ပလတ်စတစ်ကောက်ခြင်း လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုမှ ရဲဘော်တွေက ဒေသတွင်း သွားလာရန်ခက်ခဲပြီး အကူအညီများစွာ လိုအပ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဆန်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေကိုဒီကနေ့ (စက်တင်ဘာ ၂၇) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook