Connect with us

Hi, what are you looking for?

သတင်း

မြဝတီမှာ စက်သုံးဆီသိုလှောင်ထားတဲ့အိမ် မီးလောင်ပြီး လသားအရွယ်ကလေးငယ် သေဆုံး

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ စက်သုံးဆီ သိုလှောင်ထားတဲ့အိမ် မီးလောင်ပြီး လသားအရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့သလို ကလေးငယ်ရဲ့ဖခင်ဖြစ်သူလည်း ဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။

ဇူလိုင်-၁၊ ၂၀၂၆။ စိုင်းနောင်/People’s Spring

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ စက်သုံးဆီ သိုလှောင်ထားတဲ့အိမ် မီးလောင်ပြီး လသားအရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့သလို ကလေးငယ်ရဲ့ဖခင်ဖြစ်သူလည်း ဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။

ဒီနေ့ ဇူလိုင် ၁ရက် ညနေ ၅ နာရီ ၁၀မိနစ်ခန့်မှာ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းက နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

“ဆီဂါလန်ပုံးထဲကနေ နောက်ထပ်ပုံးအသေးတစ်ခုထဲကို ထည့်ချိန်မှာ မီးလောင်တာ။ ဘေးနားမှာက ခြင်‌ဆေးခွေထွန်းထားတာ။ ဆုံးသွားတဲ့ ကလေးက ၂လသားလေးဗျာ။ ကလေးရဲ့အဖေကလည်း စိုးရိမ်ရတယ်”လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးသတ်ကားတွေလာရောက် ငြှိမ်းသတ်ခဲ့လို့ ဘေးအိမ်တွေကို ကူးစက်လောင်ကျွမ်းခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်က စက်သုံးဆီရောင်းဝယ်မှုကို ကန့်သတ်ထားချိန်မှာ မြဝတီမြို့အပြင် တခြားမြို့တွေမှာပါ ဆီသိုလှောင်ပြီး တပိုင်တနိုင်ရောင်းဝယ်မှုတွေရှိနေပါတယ်။

မြဝတီမြို့မှာ ဆီသိုလှောင်တဲ့အိမ် မီးလောင်ပြီး လူသေဆုံးမှု ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်ကလည်း ဖြစ်ပွားခဲ့ပါတယ်။ ဇွန်လ ၁၉ ရက် ညနေက မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ခေါက်မလိလမ်းမှာ ဆီသို လှောင်ထားတဲ့အိမ်တစ်လုံး မီးလောင်ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၉လအရွယ် ယောက်ျားလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးဒေးတောင်ကြောက သဲဖြူချောင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ တပ်ရင်းတွေ သေဆုံးမှုများပြားနေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေပြီး လက်နက်ကြီးကျည်အချို့ ထိုင်းဘက်ကျ

သတင်း

မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ ဝါယာရှော့ဖြစ်နေတဲ့ ကုန်တင်ကားတစ်စီးက ကျောက်မဲမြို့အဝင် တိုးဂိတ်အတွင်း ဝင်ရောက် စဉ် မီးကူးစက်လို့ တိုးဂိတ်ပါ မီးလောင်ကျွမ်းသွားပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook