News
အကြမ်းဖက်စစ်တပ်က နှစ်ပတ်ခန့်အတွင်း နေရာပေါင်း ၃၀ကျော်မှ ပြည်သူလူထုနေအိမ် ၁,၂၀၀ ကျော် မီးရှို့ဖျက်ဆီး
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေပေါင်း ၉,၀၀၀ ကျော်အနက် ၇,၀၀၀ ကျော်သည် ယခုနှစ် ဇန်နဝါရီ ၁ရက်မှ ဧပြီ ၁၃ရက် အထိ သုံးလခွဲကာလအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ တိုး၍ ပြုလုပ်နေသည်မှာ ထင်ရှားသည်။



















































