Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူလူထုနှင့် သတင်းထောက်များအပေါ် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် ၂၇ နိုင်ငံညွန့်ပေါင်းအဖွဲ့ထုတ်ပြန်

သတင်းထောက်များနှင့် မီဒီယာနယ်ပယ်တွင် အလုပ်လုပ်ကိုင်ကြသူများ အပါအဝင် မြန်မပြည်သူများအပေါ် စစ်တပ်၏ မတရားပြုကျင့်မှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုများအတွက် များစွာ စိုးရိမ်ပူပန်ကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

အာဏာသိမ်းစစ်တပ်က သတင်းသမားများအပေါ် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ လွတ်လပ်စွာသတင်းရယူခွင့်ကို တားဆီးပိတ်ပင် နေခြင်းအား အဆုံးသတ်ရန် နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်သည့် သတင်းမီဒီယာလွတ်လပ်ခွင့် ညွန့်ပေါင်းအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၀ရက်) ထုတ်ပြန်သည်။

သတင်းထောက်များနှင့် မီဒီယာနယ်ပယ်တွင် အလုပ်လုပ်ကိုင်ကြသူများ အပါအဝင် မြန်မပြည်သူများအပေါ် စစ်တပ်၏ မတရားပြုကျင့်မှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုများအတွက် များစွာ စိုးရိမ်ပူပန်ကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

အကြမ်းဖက်မှုများအား ချက်ခြင်း ရပ်တန့်ရန်၊ မတရား ဖမ်းဆီးထိန်းသိမ်း ထားသူများ အားလုံး ကို လွှတ်ပေးရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူများ ပေးအပ်ရန် အဟန့်အတား မရှိ သွားလာခွင့်ပြုရန်နှင့် အချက်အလက်များ ရှာဖွေခြင်း၊ လက်ခံခြင်းနှင့် ဖြန့်ဝေခြင်းတို့ အပါအဝင် မြန်မာပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အွန်လိုင်းတွင်ရော၊ ပြင်ပတွင်ပါ တားဆီးပိတ်ပင်နေခြင်းအား အဆုံးသတ်ရန် အထက်ပါညွန့်ပေါင်းအဖွဲ့က မြန်မာစစ်တပ်ကို တောင်းဆိုသည်။

“သတင်းမီဒီယာ လွတ်လပ်ခွင့်သည် လွတ်လပ်ပြီး ပွင့်လင်းသော လူ့အဖွဲ့အစည်းများ ထိထိ ရောက်ရောက် လည်ပတ်နိုင်ရန် မရှိမဖြစ် အရေးပါပြီး လူ့အခွင့်အရေးနှင့် အခြေခံကျသော လွတ်လပ်ခွင့်များ ကာကွယ်ရေးအတွက်လည်း အဓိကကျသည်။ သတင်းထောက်များသည် ၎င်းတို့အလုပ်ကို လုပ်ကိုင်နိုင်ရန် လုံခြုံသော ပတ်ဝန်းကျင်တစ်ခု လိုအပ်သည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သတင်းသမားများနှင့် မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူများကို ပစ်မှတ်ထားခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ထပ်မံရှုတ်ချကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

လွန်ခဲ့သည့် ၁ နှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာစစ်တပ်၏ လုံခြုံရေးတပ်ဖွဲ့များသည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တောက်လျှောက် လျစ်လျူရှုခဲ့ပြီး နိုင်ငံတွင်းရှိ သတင်းသမားများ၏ လူ့အခွင့်အရေးများကိုလည်း ချိုးဖောက်၊ မတရားပြုခဲ့ကြကြောင်း ဖော်ပြသည်။

စစ်တပ်သည် လွတ်လပ်သော သတင်းမီဒီယာများ၏ လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းခဲ့ခြင်း၊ ဂြိုဟ်တုစလောင်းများ အသုံးပြုခြင်းအား တားဆီးပိတ်ပင်ခဲ့ခြင်းနှင့် လူမှုမီဒီယာ ဝက်ဘ်ဆိုဒ် များကို ပိတ်ဆို့ခြင်း အပါအဝင်အင်တာနက်ကို တစ်စိတ်တစ်ပိုင်းရော၊ အပြည့်အဝပါ ပိတ်ပင်ခြင်းများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အာဏာပိုင်များသည် သတင်းသမား (၁၀၀) ကျော်ကို တရားမဝင် ဖမ်းဆီးထိန်း သိမ်းခဲ့ပြီး ယင်းတို့အနက် ဒါဇင်ပေါင်းများစွာမှာ ယခုထက်တိုင် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။

ညှင်းပန်းနှိပ်စက်ခြင်း၊ တရားမဲ့ ပြုကျင့်ခြင်းဆိုင်ရာ အစီရင်ခံတင်ပြချက် အများအပြားလည်း ထွက်ပေါ်လာပြီးဖြစ်ပြီး စစ်ကြောရေးတွင် သေဆုံးခဲ့ရသူ တစ်ဦး၊ လူသားဒိုင်းအဖြစ် အသုံးပြုကာ တရားဥပဒေမဲ့ သတ်ပစ်ခံခဲ့သူ တစ်ဦးအပါအဝင် သတင်းသမား သုံးဦး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်ဟု သတင်းမီဒီယာလွတ်လပ်ခွင့် ညွန့်ပေါင်းအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ ညွန်ပေါင်းအဖွဲတွင် ဩစတြေးလျ၊ ဩစတြီးယား၊ ကနေဒါ၊ ကော်စတာရီကာ၊ ချက်၊ ဒိန်းမတ်၊ အက်စ်စတိုးနီးယား၊ ဖင်လန်၊ ဂျာမနီ၊ ဂရိ၊ အိုက်စလန်၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ လက်ဗီးယား၊ လစ်သူနီးယား၊ လူဇင်ဘတ်၊ မော်လ်ဒိဗ်၊ နယ်သာလန်၊ နယူးဇီလန်၊ ပေါ်တူဂီ၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ဗြိတိန်၊ အမေရိကန်တို့ပါဝင်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်တွင်းကို အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးကို ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ခဲ့ကြောင်း သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားတယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်ကောင်စီဟာအကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင် ခံထားရတဲ့ Dawei Watch ရဲ့သတင်းထောက်နှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ အွန်လိုင်း သတင်းဌာန Dawei Watchရဲ့ သတင်းထောက် ကိုမျိုးမြင့်ဦးကို စစ်ခုံရုံးက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၂(ခ)တွေနဲ့...

သတင်း

သတင်းထောက် နှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် နယ်စည်းမခြား သတင်းထောက်များ (RSF) အဖွဲ့က ရှုတ်ချလိုက်ပါတယ်။

သတင်း

စစ်အာဏာသိမ်းပြီး​နောက်ပိုင်းသတင်း​ထောက် ၂၀၀ ​ကျော်ဖမ်းဆီးခံရ ၊ ၆၂ ဦးမှာဖမ်းဆီးချုပ်​နှောင်ခံ​နေရဆဲ