Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်​ကောင်စီတပ်ကို ​တိုက်ခိုက်ရန်ပြင်ဆင်ထား​ကြောင်း ရိုဟင်ဂျာအဖွဲ့(RSO) အသိ​ပေး

ရိုဟင်ဂျာများ ရပိုင်ခွင့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး အပြင်းအထန် ပြင်ဆင်ထား

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်ရန် အပြင်းအထန် ပြင်ဆင်ထားကြောင်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့(RSO)က အသိပေးကြေညာလိုက်သည်။

လာမည့်တိုက်ပွဲအတွက် RSOမှ ပြင်ဆင်နေမှု အပါအဝင် RSO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကျော်မြင့်ထွန်း ပြောကြားသည့် ရုပ်သံဖိုင်ကို ဇွန်လ၁၂ရက်တွင် DVSL Channel မှတစ်ဆင့် လွှင့်တင်၍ အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ရိုဟင်ဂျာများ ရပိုင်ခွင့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး အပြင်းအထန် ပြင်ဆင်ထားသည်ဟု ၎င်း ကဆိုသည်။

“ဒီတိုက်ပွဲကို RSOကပဲ ဦးဆောင်မှာဖြစ်ပြီး ရိုဟင်ဂျာ တစ်မျိုးသားလုံး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်သွားမယ်ဆိုတာ ဆုံးဖြတ်လိုက်ပါတယ်။ တိုက်ပွဲတစ်ခါစပြီဟေ့ဆိုရင် အဆုံးသတ်ဖို့အတွက် တော်ရုံနဲ့ပြီးမှာ မဟုတ်ပါဘူး။ အခုအချိန်ဟာ ဗမာတစ်ပြည်လုံး တောတောင် ကျေးလက်ဒေသ ကနေ မြို့ကြီးပြကြီးဒေသတွေအထိ လူထုလူတန်းစား အလွှာပေါင်းစုံက မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် မုဒိန်းတပ်ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေတဲ့အချိန်။ နောက်ထပ် စစ်မျက်နှာတစ်ရပ် ဖွင့်မယ်ဆိုရင် ဘယ်အထိ ဖြစ်လာနိုင်သလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်” ဟု ဗိုလ်မှူးကျော်မြင့်ထွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

RSO အရာရှိအနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပေါ် ၎င်းတို့၏ အမြင်သဘောထားများကိုလည်း ရုပ်သံမှတစ်ဆင့်ပြောဆိုခဲ့သည်။

ကမ္ဘာပေါ်၌ အာဏာရှင်များရှိသော်လည်း မင်းအောင်လှိုင်ကဲ့သို့ အောက်တန်းကျကျ မလိမ်တက်ကြောင်း ဗိုလ်မှူးကျော်မြင့်ထွန်းက ပြောသည်။

“ဒီမင်းအောင်လှိုင်ကျတော့ စစ်အာဏာရှင်ဆိုတာထက် မိန်းမကျင့် မိန်းမကြံနဲ့ အကောက်ကြံတက်တဲ့ လူလိမ်လူညာတစ်ဦးသာဖြစ်ပါတယ်လို့ မှတ်ချက်ပေးချင်ပါတယ်” ဟု ၎င်း ကဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရိုဟင်ဂျာများ၏ ဖြစ်တည်မှုနှင့် ရခိုင်ဒေသအကြောင်း ကောင်းစွာသိသော်လည်း တမင်ယုတ်မာကာ ရိုဟင်ဂျာများအပေါ် ဆက်လက် သတ်ဖြတ်မျိုးတုန်းစီရင်မည့် သဘောထားရှိသည်ဟု RSO ခေါင်းဆောင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဲ့သို့ ပုဂ္ဂိုလ်မျိုး တိုင်းပြည် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကို ဦးဆောင်ပါက ယင်းနိုင်ငံ အဖွဲ့အစည်းများ ငါးပါးမှောက်ရန်သာရှိကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး၊ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီကဆုံးဖြတ်ချက်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဆောင်းပါး

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။