စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ လူငယ်သပိတ်ကော်မတီက ဦးဆောင်၍ ယနေ့ညနေပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
ကြည့်မြင်တိုင်လူငယ်သပိတ်ကော်မတီက ”ဖက်ဆစ်တွေအရိုးနဲ့ ဗားကရာချောက်ကို ဖို့မယ်”စာသားပါဗီနိုင်းကိုင်ဆောင်၍ ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက်ကလည်း သင်္ဃန်းကျွန်းမြို့နယ်တွင် ကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် မြို့နယ်ပေါင်းစုံမှ လူငယ်များစုပေါင်း၍ စစ်အာဏာ ရှင်ဖြုတ်ချရေးပြောက်ကြားသပိတ်ဖြင့် ချီတက် ဆန္ဒပြခဲ့ကြသည်။
ယနေ့ ရန်ကုန်မြို့၌ နေရာသုံးခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမီးပွိုင့်ရှိ ယာဥ်ထိန်းရုံး၊ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးနှင့် မဟာဗန္ဓုလပန်းခြံဘေးရှိ ယခင်အမေရိကန်သံရုံးနေရာအနီးတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။