Connect with us

Hi, what are you looking for?

ဗီဒီယို

ကဘူးလ်ကလွဲလို့ အာဖဂန်ရဲ့ အဓိက မြို့ကြီးအားလုံး တာလီဘန်တွေ သိမ်းပိုက်

ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ သူကိုယ်တိုင်ပါ ရာထူးက နုတ်ထွက်ပေးဖို့ ဖိအားပေးမှုတွေနဲ့ ကြုံလာရပါတယ်။

မြို့တော် ကဘူးလ်ကလွဲလို့ အာဖဂန် နစ္စတန် နိုင်ငံရဲ့ အဓိက မြို့ကြီးအားလုံး တာလီဘန် စစ်သွေးကြွတွေ လက်အောက် ကျရောက်သွားပြီ ဖြစ်ပါတယ်။

အမေရိကန်နဲ့ မဟာမိတ် နိုင်ငံ စစ်တပ်တွေ အာဖဂန်ကနေ ပြန်လည် ရုပ်သိမ်းသွားချိန် ကတည်းက တာလီဘန်တွေဟာ အာဖဂန် အစိုးရ တပ်တွေအပေါ် စစ်ရေး အသာစီး ရလာခဲ့ပါတယ်။ အမေရိကန် စစ်ဗိုလ်ချုပ်တွေက တာလီဘန်တွေ အနေနဲ့ ရက်ပေါင်း ၉၀ အတွင်း အာဖဂန် တစ်နိုင်ငံလုံးကို သိမ်းပိုက်သွားနိုင်တယ်လို့ ဝန်ခံထားခဲ့ပြီး လက်ရှိ နှုန်းကတော့ အဲဒီ ခန့်မှန်းချက်ထက် ပိုမြန်နေတဲ့ သဘောပါပဲ။

ဩဂုတ် ၁၄ ရက်မှာ နိုင်ငံ အရှေ့ပိုင်းက ဂျာလာလာဘတ်မြို့ကို တာလီဘန်တွေက သိမ်းယူခဲ့ပါတယ်။ အဲဒီ မတိုင်ခင်တုန်းကလည်း နိုင်ငံမြောက်ပိုင်း မာဇာအီ ရှာရစ်ဖ်မြို့က အစိုးရ တပ်တွေ ဆုတ်ခွာခဲ့ရပါတယ်။

သမ္မတ အက်ရှ်ရက်ဖ် ဂါနီဟာ လက်ရှိ အခြေအနေတွေကြောင့် နိုင်ငံရဲ့ စစ်ဦးစီးချုပ်ကိုပါ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ သူကိုယ်တိုင်ပါ ရာထူးက နုတ်ထွက်ပေးဖို့ ဖိအားပေးမှုတွေနဲ့ ကြုံလာရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေမှာတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ထောင်နဲ့ချီ များပြားတဲ့ စစ်သည်တွေ ကဘူးလ်မြို့ကို စေလွှတ်ပြီး သံအရာရှိတွေ အန္တရာယ်ကင်းကင်း ထွက်ခွာနိုင်ရေး အပူတပြင်း ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဖဂန် နစ္စတန် နိုင်ငံပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ၇၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန်နစ္စတန် စစ်ပွဲကာလတုန်းက NATO တပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်း စစ်မြေပြင်တွေကို ရှောင်ဖယ်ခဲ့ကြကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲစကားကြောင့် အနောက်မဟာမိတ် နိုင်ငံတွေကြား ဒေါသထွက်စရာ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်မှာရှိတဲ့ အမေရိကန် လေတပ်စခန်းဟောင်း တစ်ခုကို ပြန်လည် ရယူဖို့ ကြိုးစားလာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်က ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အမျိုးသမီး ကျန်းမာရေး ဝန်ထမ်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေကို လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးဖို့ တာလီဘန် အာဏာပိုင်တွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က တိုက်တွန်း တောင်းဆိုထားပါတယ်။