Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

စစ်​ကောင်စီသီးသန့်သုံး ဓါတ်အားလိုင်းမှ တာဝါတိုင် ၂ တိုင်ကို ဖယ်ခုံ PDF မိုင်းခွဲဖျက်ဆီး

အခုအခါမှာ စစ်​ကောင်စီတပ်​တွေက မိုင်းခွဲဖျက်ဆီးခံရတဲ့ တာဝါတိုင်အနီးရှိ​တောင်ကုန်းများ၊ ဖယ်ခုံမြို့နယ် လွယ်ဟွဲ​ကျေးရွာ ၊ပင်​လောင်းမြို့နယ် ပင်ပုံ​ကျေးရွာ​တွေမှာ အင်အားအလုံးအရင်းနဲ့တပ်စွဲထားသလို စစ်​ရေးတင်းမာ​နေတယ်လို့ ဖယ်ခုံ PDF ကထုတ်ပြန်ပါတယ်။

ဖယ်ခုံ PDF က စစ်​ကောင်စီသီးသန့်သုံးမဟာဓါတ်အားလိုင်း တာဝါတိုင် ၂ ခုကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ယ​နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်​ကောင်စီက ပြည်သူ​တွေအ​ပေါ် ကျူးလွန်​နေတဲ့ ရက်စက်ယုတ်မာမှု​တွေကို ကာကွယ်နိုင်​စေဖို့ရယ်၊ အကြမ်းဖက်စစ်​ကောင်စီရဲ့ ယန္တရား​လည်ပတ်မှု​တွေကို ဟန့်တားနိုင်ဖို့အတွက် ဖယ်ခုံမြို့နယ်နဲ့ပင်​လောင်းမြို့နယ်ကြား လွယ်ဟွဲ​ကျေးရွာနားမှာ ​လောပိတအမှတ် ၃ စက်ရုံမှ ​နေပြည်​တော်သွယ်တန်းထားတဲ့ စစ်​ကောင်စီသီးသန့်သုံး တာဝါတိုင် နှစ်တိုင်ကို သြဂုတ် ၁၂ ရက်ည​နေမှာ ဗုံးခွဲဖျက်ဆီးခဲ့တာလို့ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

ပြည်သူလူထု သုံစွဲတဲ့လိုင်းမဟုတ်ဘဲ စစ်​ကောင်စီသီးသန့်သုံး ဓါတ်အားလိုင်းကိုတာ ဖျက်ဆီးခဲ့တာလို့လည်း ပါရှိပါတယ်။

ဒါအပြင် စစ်​ကောင်စီတပ်​နဲ့ စစ်​ကောင်စီသြဇာခံ PNO တပ်ဖွဲ့​တွေ ချီတက်လာတဲ့စစ်​ကြောင်းကို ပင်​လောင်းမြို့နယ် ပင်ပုံရွာနဲ့ လွယ်ဟွဲရွာကြားမှာ သြဂုတ် ၁၄ ရက်​နေ့က ဖယ်ခုံ PDF နဲ့တိုက်ပွဲဖြစ်ပွားတာ​ကြောင့် စစ်​ကောင်စီနဲ့PNO တပ်ဖွဲ့ဝင်အများအပြား​သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ် ။ ဖယ်ခုံ PDF ​ထောင်ထားတဲ့မိုင်း ၅ လုံးထက်မနည်းနင်မိပြီး အထိနာခဲ့တာဖြစ်ပါတယ်။ ဖယ်ခုံ PDF ဘက်က​တော့ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၅ ရက်မှာလွိုင်​ကော်ဘက်က စစ်ကူလာတဲ့ စစ်​ကောင်စီယာတန်း ၃၈ စီး အင်အား ၄၀၀ ​ကျော် ကို ဖယ်ခုံ- လွိုင်​ကော်လမ်​ပေါ်မှာ ဖယ်ခုံနဲ့ မိုးဗြဲ PDF ​တွေက ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် စစ်​ကောင်စီတပ် ​သေဆုံး၊ဒဏ်ရာရသူများပြီး အထိနာခဲ့ပြန်ပါတယ် ။ ပြည်သူ့ကာကွယ်​ရေးတပ်​တွေဘက်က​တော့ ၁ ဦးဒဏ်ရာရခဲ့ပါတယ် ။ ဖယ်ခုံနဲ့ မိုးဗြဲ PDF ​တွေနဲ့အတူ PDF-DMO ၊ KA နဲ့ KNDF တို့ကစွမ်းစွမ်းတမံပူး​ပေါင်းတိုက်ခိုက်​ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အခုအခါမှာ စစ်​ကောင်စီတပ်​တွေက မိုင်းခွဲဖျက်ဆီးခံရတဲ့ တာဝါတိုင်အနီးရှိ​တောင်ကုန်းများ၊ ဖယ်ခုံမြို့နယ် လွယ်ဟွဲ​ကျေးရွာ ၊ပင်​လောင်းမြို့နယ် ပင်ပုံ​ကျေးရွာ​တွေမှာ အင်အားအလုံးအရင်းနဲ့တပ်စွဲထားသလို စစ်​ရေးတင်းမာ​နေတယ်လို့ ဖယ်ခုံ PDF ကထုတ်ပြန်ပါတယ်။

Video – PDF Pekhon

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။