Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်​ကောင်စီသီးသန့်သုံး ဓါတ်အားလိုင်းမှ တာဝါတိုင် ၂ တိုင်ကို ဖယ်ခုံ PDF မိုင်းခွဲဖျက်ဆီး

အခုအခါမှာ စစ်​ကောင်စီတပ်​တွေက မိုင်းခွဲဖျက်ဆီးခံရတဲ့ တာဝါတိုင်အနီးရှိ​တောင်ကုန်းများ၊ ဖယ်ခုံမြို့နယ် လွယ်ဟွဲ​ကျေးရွာ ၊ပင်​လောင်းမြို့နယ် ပင်ပုံ​ကျေးရွာ​တွေမှာ အင်အားအလုံးအရင်းနဲ့တပ်စွဲထားသလို စစ်​ရေးတင်းမာ​နေတယ်လို့ ဖယ်ခုံ PDF ကထုတ်ပြန်ပါတယ်။

ဖယ်ခုံ PDF က စစ်​ကောင်စီသီးသန့်သုံးမဟာဓါတ်အားလိုင်း တာဝါတိုင် ၂ ခုကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ယ​နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်​ကောင်စီက ပြည်သူ​တွေအ​ပေါ် ကျူးလွန်​နေတဲ့ ရက်စက်ယုတ်မာမှု​တွေကို ကာကွယ်နိုင်​စေဖို့ရယ်၊ အကြမ်းဖက်စစ်​ကောင်စီရဲ့ ယန္တရား​လည်ပတ်မှု​တွေကို ဟန့်တားနိုင်ဖို့အတွက် ဖယ်ခုံမြို့နယ်နဲ့ပင်​လောင်းမြို့နယ်ကြား လွယ်ဟွဲ​ကျေးရွာနားမှာ ​လောပိတအမှတ် ၃ စက်ရုံမှ ​နေပြည်​တော်သွယ်တန်းထားတဲ့ စစ်​ကောင်စီသီးသန့်သုံး တာဝါတိုင် နှစ်တိုင်ကို သြဂုတ် ၁၂ ရက်ည​နေမှာ ဗုံးခွဲဖျက်ဆီးခဲ့တာလို့ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

ပြည်သူလူထု သုံစွဲတဲ့လိုင်းမဟုတ်ဘဲ စစ်​ကောင်စီသီးသန့်သုံး ဓါတ်အားလိုင်းကိုတာ ဖျက်ဆီးခဲ့တာလို့လည်း ပါရှိပါတယ်။

ဒါအပြင် စစ်​ကောင်စီတပ်​နဲ့ စစ်​ကောင်စီသြဇာခံ PNO တပ်ဖွဲ့​တွေ ချီတက်လာတဲ့စစ်​ကြောင်းကို ပင်​လောင်းမြို့နယ် ပင်ပုံရွာနဲ့ လွယ်ဟွဲရွာကြားမှာ သြဂုတ် ၁၄ ရက်​နေ့က ဖယ်ခုံ PDF နဲ့တိုက်ပွဲဖြစ်ပွားတာ​ကြောင့် စစ်​ကောင်စီနဲ့PNO တပ်ဖွဲ့ဝင်အများအပြား​သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ် ။ ဖယ်ခုံ PDF ​ထောင်ထားတဲ့မိုင်း ၅ လုံးထက်မနည်းနင်မိပြီး အထိနာခဲ့တာဖြစ်ပါတယ်။ ဖယ်ခုံ PDF ဘက်က​တော့ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၅ ရက်မှာလွိုင်​ကော်ဘက်က စစ်ကူလာတဲ့ စစ်​ကောင်စီယာတန်း ၃၈ စီး အင်အား ၄၀၀ ​ကျော် ကို ဖယ်ခုံ- လွိုင်​ကော်လမ်​ပေါ်မှာ ဖယ်ခုံနဲ့ မိုးဗြဲ PDF ​တွေက ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် စစ်​ကောင်စီတပ် ​သေဆုံး၊ဒဏ်ရာရသူများပြီး အထိနာခဲ့ပြန်ပါတယ် ။ ပြည်သူ့ကာကွယ်​ရေးတပ်​တွေဘက်က​တော့ ၁ ဦးဒဏ်ရာရခဲ့ပါတယ် ။ ဖယ်ခုံနဲ့ မိုးဗြဲ PDF ​တွေနဲ့အတူ PDF-DMO ၊ KA နဲ့ KNDF တို့ကစွမ်းစွမ်းတမံပူး​ပေါင်းတိုက်ခိုက်​ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အခုအခါမှာ စစ်​ကောင်စီတပ်​တွေက မိုင်းခွဲဖျက်ဆီးခံရတဲ့ တာဝါတိုင်အနီးရှိ​တောင်ကုန်းများ၊ ဖယ်ခုံမြို့နယ် လွယ်ဟွဲ​ကျေးရွာ ၊ပင်​လောင်းမြို့နယ် ပင်ပုံ​ကျေးရွာ​တွေမှာ အင်အားအလုံးအရင်းနဲ့တပ်စွဲထားသလို စစ်​ရေးတင်းမာ​နေတယ်လို့ ဖယ်ခုံ PDF ကထုတ်ပြန်ပါတယ်။

Video – PDF Pekhon

ဆက်စပ်သတင်းများ

ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆီသို့လှမ်းချီ ‘Road to Tenasserim’ ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းကျော် ထောက်ပို့ကူညီခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

သတင်း

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ ​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring ​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက် လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ် Public Service...