Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

တရုတ်ဖုန်းတွေ လွှင့်ပစ်ကြဖို့၊ မဝယ်ကြဖို့ တိုက်တွန်းနဲ့အစိုးရ

Xiaomiရဲ့ နောက်ဆုံးထုတ် မော်ဒယ်လ် ဖုန်းတစ်မျိုးဖြစ်တဲ့ Mi 10T 5G ဖုန်းမှာဆိုရင် Free Tibet၊ Long Live Taiwan Independence၊ Democracy Movement အစရှိတဲ့ Keywordတွေနဲ့ အင်တာနက်မှာ ရှာဖွေဖတ်ရှုသမျှကို တည်းဖြတ် ပိတ်ပင်တဲ့ Softwareမျိုး ပါဝင်နေတယ်လို့ ဆိုပါတယ်။

တရုတ်ဖုန်းတွေကို အသုံးမပြုကြဖို့ လစ်သူယေးနီးယား အစိုးရက ပြည်သူတွေကို အကြံပြု တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံထုတ် ဖုန်းတွေဟာ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တွေကို ချိုးဖောက်နိုင်ပြီး ဆိုက်ဘာ လုံခြုံရေးအတွက်လည်း စိုးရိမ်ရနိုင်တယ်လို့ လစ်သူယေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။ ဝန်ကြီးဌာနရဲ့ ဆိုက်ဘာ လုံခြုံရေး သုတေသီတွေက တရုတ် ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ 5G ကွန်ရက်သုံး မိုဘိုင်းဖုန်းတွေကို စစ်ဆေးကြည့်ခဲ့ပြီးတဲ့နောက် အခုလို ကြေညာခဲ့တာလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ကြီးဌာနက နိုင်ငံသားတွေ အနေနဲ့ ဖြစ်နိုင်ရင် တရုတ်ဖုန်းတွေကို လွှင့်ပစ်ကြဖို့၊ အသစ်လုံးဝ ထပ်မဝယ်ကြဖို့ အကြံပြုထားပါတယ်။ Xiaomiရဲ့ ထုတ်ကုန် ဖုန်းတွေမှာ သတင်းအချက်အလက်တွေကို အလိုအလျောက် တည်းဖြတ်တဲ့ စနစ် ထည့်သွင်းထားပြီး Huaweiရဲ့ ဖုန်းတွေမှာလည်း လုံခြုံရေးဆိုင်ရာ ချွတ်ယွင်းချက်တွေ တွေ့ရှိထားတယ်လို့ ဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။

Xiaomiရဲ့ နောက်ဆုံးထုတ် မော်ဒယ်လ် ဖုန်းတစ်မျိုးဖြစ်တဲ့ Mi 10T 5G ဖုန်းမှာဆိုရင် Free Tibet၊ Long Live Taiwan Independence၊ Democracy Movement အစရှိတဲ့ Keywordတွေနဲ့ အင်တာနက်မှာ ရှာဖွေဖတ်ရှုသမျှကို တည်းဖြတ် ပိတ်ပင်တဲ့ Softwareမျိုး ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဥရောပကို တင်ပို့တဲ့ ဖုန်းမော်ဒယ်လ်တွေမှာ အဲဒီ Softwareကို ပိတ်ထားနိုင်ပေမယ့် အချိန်မရွေး ပြန်အသက်ဝင်လာနိုင်တယ်ဆိုတဲ့ ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ Xiaomiရဲ့ ပြောရေးဆိုခွင့်ရ အရာရှိကတော့ ကုမ္ပဏီ အနေနဲ့ ဖုန်းသုံးစွဲသူတွေကို တည်းဖြတ်ပိတ်ပင်တာတွေ လုပ်ဖို့ ရည်ရွယ်ချက် မရှိကြောင်း ကာကွယ် ပြောဆိုထားပါတယ်။

Huaweiကလည်း သူတို့ဟာ နိုင်ငံတိုင်းရဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုဆိုင်ရာ ဥပဒေတွေကို အလေးထားကြောင်း၊ ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ အချက်အလက်တွေဟာ ဖုန်းပြင်ပကို လုံးဝ လွှဲပြောင်း ရောက်ရှိ မသွားတာကို အာမခံနိုင်ကြောင်း မှတ်ချက် ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

လစ်သူယေးနီးယား အာဏာပိုင်တွေက OnePlusရဲ့ 5Gဖုန်း မော်ဒယ်လ် တစ်ခုကိုလည်း စစ်ဆေးခဲ့ပေမယ့် ဘာပြဿနာမှ မရှိဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရုတ်နဲ့ လစ်သူယေးနီးယားတို့ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ တရုတ်ဟာ သူတို့ရဲ့ လစ်သူယေးနီးယား နိုင်ငံဆိုင်ရာ သံအမတ်ကို ပြန်လည် ဆင့်ခေါ်ခဲ့ပြီး ဘေဂျင်းမှာ ရှိနေတဲ့ လစ်သူယေးနီးယား သံအမတ်ကိုလည်း ထွက်ခွာသွားဖို့ တောင်းဆိုခဲ့ပါတယ်။

လစ်သူယေးနီးယားက ထိုင်ဝမ်မှာ သံတမန်ဆိုင်ရာ ရုံးတစ်ခု ဖွင့်လှစ်ဖို့ ကြေညာလိုက်ရာက အခုလို တင်းမာမှုတွေ ဖြစ်လာတာပါ။ တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်နဲ့ သံတမန်ရေးအရ တိုက်ရိုက် ထိတွေ့ ဆက်သွယ်တဲ့ နိုင်ငံတိုင်းကိုလည်း ရန်သူလို့ သဘောထား တုံ့ပြန်လေ့ ရှိပါတယ်။