Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်​ကောင်စီကလက်နက်ကြီး၊ ဓါတုလက်နက်၊ ဘာသာ​ရေးနဲ့ Non-CDM ​တွေကိုလက်နက်တပ်ဆင်တဲ့ နည်းလမ်း​တွေသုံး​နေတယ်လို့ ပြည်သူနှင့်ပူး​ပေါင်းလာတဲ့ နမခဒုတိုင်မှူးရဲ့တပ်ကြပ်ကြီးစာ​​ရေး​ဖွင့်ချ

အကြမ်းဖက်စစ်​​ကောင်စီဟာ ခုခံတွန်းလှန်​နေတဲ့ ပြည်သူ့တပ်ဖွဲ့ဝင်​တွေကို ၊ပြည်သူ​တွေကို လူသားမဆန်တဲ့လက်နက်ကြီး​တွေ ၊ဓါတုလက်နက်​တွေ အသုံးပြု​နေတယ် ဆက်ပြီးသုံးဖို့စီစဥ်​နေတယ်လို့ထင်လျန်ပြန်းက​ပြောပါတယ်။ဒါကို သူကိုယ်တိုင်မြင်​တွေ့​နေရတယ်လို့လည်းဆိုပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ နမခ(အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်) ဒုတိုင်းမှူး မျိုးထွဋ်လှိုင်ရဲ့ ရုံးမှာ အဓိကအမှုတွဲ ကိုင်တပ်ကြပ်ကြီးစာရေးဟင်လျန်ပြန်း (Hin Lian Piang) ရဲ့ ထွက်ဆိုချက်ကို ချင်း​ဒေသကာကွယ်​ရေးအဖွဲ့(CDF) ယ​နေ့နံနက်မှာ သူတို့ရဲ့ ​ဖေစ်ဘွခ်စာမျက်နှာက​နေထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်​​ကောင်စီဟာ ခုခံတွန်းလှန်​နေတဲ့ ပြည်သူ့တပ်ဖွဲ့ဝင်​တွေကို ၊ပြည်သူ​တွေကို လူသားမဆန်တဲ့လက်နက်ကြီး​တွေ ၊ဓါတုလက်နက်​တွေ အသုံးပြု​နေတယ် ဆက်ပြီးသုံးဖို့စီစဥ်​နေတယ်လို့ထင်လျန်ပြန်းက​ပြောပါတယ်။ဒါကို သူကိုယ်တိုင်မြင်​တွေ့​နေရတယ်လို့လည်းဆိုပါတယ်။

ဒါအပြင်ဘာသာ​ရေး​ခေါင်း​ဆောင်​တွေကိုစည်းရုံးပြီး ဘာသာ​ရေးကိုလည်းအသုံးချ​နေသလို ၊ Non-CDM ဝန်ထမ်း​တွေကိုလက်နက်တပ်ဆင်​ပေးဖို့လည်းစီစဥ်​နေတယ်လို့ ပြည်သူနဲ့ပူး​ပေါင်လာတဲ့တပ်ကြပ်ကြီးစာ​​ရေး ဟင်လျန်ပြန်းက​ပြောပါတယ်။ ဒီလိုရက်စက်တဲ့နည်းလမ်းမျိုးစုံသုံး​နေပြီး သူတို့ဒီလုပ်လုပ်​နေတာ ကမ္ဘာကသိ့​အောင်သူက​ပြောပြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook