Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန် ဒေါ်လာ သန်းတစ်ထောင်ဖိုး တန်ကြေးရှိတဲ့ အထူးငွေတိုက် စာချုပ် တွေ NUG ရောင်းချမယ်

ဒီလို ရောင်းချရာမှာ အမေရိကန် ဒေါ်လာ သန်းတစ်ထောင်ဖိုး ရည်ရွယ်ထားပြီး အသုတ်လိုက် ရောင်းချမယ်လို့သိရပါတယ်။

တော်လှန်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေအတွက် NUG အစိုးရဟာ အမေရိကန်ဒေါ်လာသန်းတစ်ထောင်ဖိုးတန်ကြေးရှိတဲ့ အထူးငွေတိုက်စာချုပ်တွေကို ရောင်းချသွားမယ်လို့ အသိပေးလိုက်ပါတယ်။

မနေ့က နိုဝင်ဘာလ ၄ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ NUG ရဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က NUG အစိုးရဟာ ပြည်သူဆီက တရားဝင်ငွေချေးတဲ့သဘောအနေနဲ့ အထူးငွေတိုက်စာချုပ်တွေကို ရောင်းချရသာလို့ ပြောပါတယ်။

ဒီလို ရောင်းချရာမှာ အမေရိကန် ဒေါ်လာ သန်းတစ်ထောင်ဖိုး ရည်ရွယ်ထားပြီး အသုတ်လိုက် ရောင်းချမယ်လို့သိရပါတယ်။

Public Service Announcement

ပထမဆုံးအသုတ်ကို နိုဝင်ဘာလလယ်မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖိုး ရောင်းမှာဖြစ်ပြီး စီးရီး အနေနဲ့ တော်လှန်ရေးကို ကိုယ်စားပြု တဲ့ R စီးရီးကို ရောင်းချမှာလို့ပြောပါတယ်။

Public Service Announcement

Public Service Announcement

အထူးငွေတိုက်စာချုပ်ရောင်းချရာမှာ ၄ မျိုး ရောင်းချမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၀ တန် ၊ အမေရိကန်ဒေါ်လာ ၅၀၀ တန် ၊ အမေရိကန်ဒေါ်လာ ၁၀၀၀ တန်နဲ့ အမေရိကန်ဒေါ်လာ. ၅၀၀၀ တန်တွေဖြစ်တယ်လို့သိရပါတယ်။

အထူးငွေတိုက်စာချုပ်ရဲ့သက်တမ်းကို ၂ နှစ်သတ်မှတ်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။