Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

တ​ကောင်း​တောင်တလုံးတိုက်ပွဲတွင် ကျဆုံးသွား​သော ရဲ​ဘော်ထူး​လေးအတွက် အမိန့်ပြန်တမ်း

စစ်ကောင်စီကိုတိုက်ပွဲဝင်ရာတွင် သင်သည် အမိနိုင်ငံတော်အတွက်  ထိုက်တန်စွာ သင်၏အသက်ကို ပေးလှူခဲ့သည့်အတွက် special9-HPDFမှ သင့်ကိုယ်စား အမိနိုင်ငံတော်အတွက် ဝမ်းနည်းယူကြုံးမရဖြစ်ရသလို ဂုဏ်လည်းယူမိသည်ဟု အမိန့်ပြန်တမ်းစာ ဖတ်ကြားခဲ့သည်။

စစ်ကိုင်းတိုင်း ​တကောင်းတောင်တလုံး အနီးတိုက်ပွဲတွင် ကျဆုံးသွားသော ရဲဘော် ထူးလေး(ခ)မိုးမင်းနိုင်အတွက် အမိန့်ပြန်တမ်း ဗီဒီယိုဖိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့(နိုဝင်ဘာ ၁၁ ရက်) ထုတ်ပြန်သည်။

ရဲဘော် ထူးလေးသည်စစ်ကောင်စီကို တိုက်ပွဲဝင်ရာတွင် သင်တန်းသန္ဓေစတည်သည်မှစ၍ မြေပြင်တိုက်ပွဲ၄ကြိမ်ထိအောင် စစ်ကောင်စီအားရှင်းလင်းသုတ်သင်ရာတွင် ရှေ့တန်းမှရွပ်ရွပ်ချွံချွံ စိတ်အားထက် သန်စွာပူးပေါင်းပါဝင်ခဲ့သူဖြစ်သည်။

စစ်ကောင်စီကိုတိုက်ပွဲဝင်ရာတွင် သင်သည် အမိနိုင်ငံတော်အတွက်  ထိုက်တန်စွာ သင်၏အသက်ကို ပေးလှူခဲ့သည့်အတွက် special9-HPDFမှ သင့်ကိုယ်စား အမိနိုင်ငံတော်အတွက် ဝမ်းနည်းယူကြုံးမရဖြစ်ရသလို ဂုဏ်လည်းယူမိသည်ဟု အမိန့်ပြန်တမ်းစာ ဖတ်ကြားခဲ့သည်။

သင်၏ဝိညဉ်သည် ယခုအခါ ငြိမ်းချမ်းသောနေရာ မြင့်မြတ်သောနေရာကို ရောက်ရှိပြီးဖြစ်သည့် အတွက် ယနေ့အချိန်အခါမှစ၍ သင်သည်special 9-HPDFအဖွဲ့နှင့် လုံးဝမပတ်သက်တော့ပါ သင်သွားလိုရာသွားနိုင်ပါပြီ။ မပြီးပြတ်သေးသောတိုက်ပွဲကို ပြီးဆုံးအောင်တိုက်သွားပါမည်ဟု သင့်ဝိညဉ်ရှေ့၌  ကတိသစ္စာပြုသည်ဟု  Special 9-HPDF က ဆိုသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၃ရက်က တိုက်ပွဲသည်  Special-9 HPDFအဖွဲ့မှာ အကြမ်းဖက် စစ်ကောင်စီကားတစ်စီးအား မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားရှစ်ဦးသေကာ ပြည်သူ့တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။