Connect with us

Hi, what are you looking for?

ဗီဒီယို

တ​ကောင်း​တောင်တလုံးတိုက်ပွဲတွင် ကျဆုံးသွား​သော ရဲ​ဘော်ထူး​လေးအတွက် အမိန့်ပြန်တမ်း

စစ်ကောင်စီကိုတိုက်ပွဲဝင်ရာတွင် သင်သည် အမိနိုင်ငံတော်အတွက်  ထိုက်တန်စွာ သင်၏အသက်ကို ပေးလှူခဲ့သည့်အတွက် special9-HPDFမှ သင့်ကိုယ်စား အမိနိုင်ငံတော်အတွက် ဝမ်းနည်းယူကြုံးမရဖြစ်ရသလို ဂုဏ်လည်းယူမိသည်ဟု အမိန့်ပြန်တမ်းစာ ဖတ်ကြားခဲ့သည်။

စစ်ကိုင်းတိုင်း ​တကောင်းတောင်တလုံး အနီးတိုက်ပွဲတွင် ကျဆုံးသွားသော ရဲဘော် ထူးလေး(ခ)မိုးမင်းနိုင်အတွက် အမိန့်ပြန်တမ်း ဗီဒီယိုဖိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့(နိုဝင်ဘာ ၁၁ ရက်) ထုတ်ပြန်သည်။

ရဲဘော် ထူးလေးသည်စစ်ကောင်စီကို တိုက်ပွဲဝင်ရာတွင် သင်တန်းသန္ဓေစတည်သည်မှစ၍ မြေပြင်တိုက်ပွဲ၄ကြိမ်ထိအောင် စစ်ကောင်စီအားရှင်းလင်းသုတ်သင်ရာတွင် ရှေ့တန်းမှရွပ်ရွပ်ချွံချွံ စိတ်အားထက် သန်စွာပူးပေါင်းပါဝင်ခဲ့သူဖြစ်သည်။

စစ်ကောင်စီကိုတိုက်ပွဲဝင်ရာတွင် သင်သည် အမိနိုင်ငံတော်အတွက်  ထိုက်တန်စွာ သင်၏အသက်ကို ပေးလှူခဲ့သည့်အတွက် special9-HPDFမှ သင့်ကိုယ်စား အမိနိုင်ငံတော်အတွက် ဝမ်းနည်းယူကြုံးမရဖြစ်ရသလို ဂုဏ်လည်းယူမိသည်ဟု အမိန့်ပြန်တမ်းစာ ဖတ်ကြားခဲ့သည်။

သင်၏ဝိညဉ်သည် ယခုအခါ ငြိမ်းချမ်းသောနေရာ မြင့်မြတ်သောနေရာကို ရောက်ရှိပြီးဖြစ်သည့် အတွက် ယနေ့အချိန်အခါမှစ၍ သင်သည်special 9-HPDFအဖွဲ့နှင့် လုံးဝမပတ်သက်တော့ပါ သင်သွားလိုရာသွားနိုင်ပါပြီ။ မပြီးပြတ်သေးသောတိုက်ပွဲကို ပြီးဆုံးအောင်တိုက်သွားပါမည်ဟု သင့်ဝိညဉ်ရှေ့၌  ကတိသစ္စာပြုသည်ဟု  Special 9-HPDF က ဆိုသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၃ရက်က တိုက်ပွဲသည်  Special-9 HPDFအဖွဲ့မှာ အကြမ်းဖက် စစ်ကောင်စီကားတစ်စီးအား မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားရှစ်ဦးသေကာ ပြည်သူ့တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။