Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

မိုးကုတ်မြို့တွင် တိုက်ပွဲဖြစ်နေ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များအဖြစ် တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ TNLA လှုပ်ရှားပြီး ပြည်သူ့ကာကွယ်ရေးတပ် မိုးကုတ် PDFလည်း ရှိနေပြီဖြစ်သည်။

မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ယနေ့နေ့လယ် တိုက်ပွဲအပြင်းအထန်ဖြစ်နေ​ကြောင်း မြို့ခံများကပြောသည်။

တိုက်ပွဲသည် ယနေ့(နိုဝင်ဘာ ၁၅) နေ့လည် ၁၂နာရီ၃၀မိနစ် ခန့်တွင် စတင်ဖြစ်ပွားပြီး ယခု သတင်းရေးသားချိန် ယ​နေ့မွန်းလွဲတစ်နာရီ​ကျော်အထိ ပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံများကပြောသည်။လူနေရပ်ကွက်များအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် ရုပ်သံမှတ်တမ်းကို ဒေသခံအချို့က ဖေ့ဘွတ်လူမှုကွန်ရက်၌ တင်ထားသည်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များအဖြစ် တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ TNLA လှုပ်ရှားပြီး ပြည်သူ့ကာကွယ်ရေးတပ် မိုးကုတ် PDFလည်း ရှိနေပြီဖြစ်သည်။

ယနေ့တိုက်ပွဲသည် အကြမ်းဖက်စစ်ကောင်စီနှင့် မည်သည့်အဖွဲ့ တိုက်ပွဲဖြစ်​နေသည်ကိုမူ မသိရသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။