Connect with us

Hi, what are you looking for?

ဗီဒီယို

မုံရွာမြို့အဝင်မုဒ်ဦးရှိ အကြမ်းဖက်စစ်ကောင်စီစခန်း တိုက်ခိုက်ခံရ၍ သုံးဦးသေ

ဒီဇင်ဘာ ၇ ရက် ညနေ ၅နာရီခန့်က အလစ်အငိုက် တိုက်ခိုက်ခဲ့သော ထိုဖြစ်စဥ်တွက် ကနဦး စစ်သား သုံးဦးသေဆုံးသည်ဟုသာ သိရသေးပြီး ထိခိုက်မှုကို ဆက်လက်စုံစမ်းနေကြောင်း ဒီမိုကရက်တစ်ပျောက်ကြား တပ်ဖွဲ့က ဆိုသည်။

မုံရွာမြို့အဝင်မုဒ်ဦးရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း ဒီမိုကရက်တစ်ပျောက်ကြားတပ်ဖွဲ့က ယနေ့(ဒီဇင်ဘာ ၈ ရက်)တွင် ထုတ်ပြန်သည်။

“ပြည်သူအတွက် သွေးကြွေး” စစ်ဆင်ရေးအဖြစ် ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာမှ အသက်မပြည့်သေးသူများအပါအဝင် ပြည်သူ ၁၁ဦးကို မီးရှို့သတ်ဖြတ်ခံရခြင်းနှင့်ရန်ကုန်မြို့ ကြည့်မြင်တိုင်မှ ရန်ကုန်လူထုသပိတ်ာအကြမ်းဖက် ဖြိုခွင်ခံရမှုအတွက် လက်စားချေ ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၇ ရက် ညနေ ၅နာရီခန့်က အလစ်အငိုက် တိုက်ခိုက်ခဲ့သော ထိုဖြစ်စဥ်တွက် ကနဦး စစ်သား သုံးဦးသေဆုံးသည်ဟုသာ သိရသေးပြီး ထိခိုက်မှုကို ဆက်လက်စုံစမ်းနေကြောင်း ဒီမိုကရက်တစ်ပျောက်ကြား တပ်ဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

Facebook