Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန်၊ NATOတို့နဲ့ ဆွေးနွေးမှု မအောင်မြင်ဘူးလို့ ရုရှားပြော

နယ်စပ်နားမှာ ရုရှားစစ်သည် သိန်းဂဏန်းနီးပါး စုရုံးနေတဲ့ ကိစ္စဟာ ယူကရိန်း အစိုးရနဲ့ NATO မဟာမိတ်တွေကို အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့ပါတယ်။ ရုရှားကတော့ သူတို့ဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ တုံ့ပြန်ထားပြီး ယူကရိန်းကသာ ရုရှားကို ရန်လာစနေတာလို့ စွပ်စွဲခဲ့ပါတယ်။

အမေရိကန်၊ NATO မဟာမိတ် အုပ်စုတို့နဲ့ လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့ဘူးလို့ ရုရှား အစိုးရက မှတ်ချက် ပေးခဲ့ပါတယ်။

ဂျနီဗာနဲ့ ဘရပ်ဆဲလ် မြို့တွေမှာ နှစ်ကြိမ် တွေ့ဆုံခဲ့တဲ့ ဆွေးနွေးမှုတွေ အပြီးမှာ အခြေခံ အကျဆုံး ကိစ္စတချို့အတွက် သဘောထား ကွဲလွဲမှုတွေ ရှိနေဆဲလို့ ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဆိုပါတယ်။

ဇန်နဝါရီ ၁၃ ရက်မှာတော့ ဒီဆွေးနွေးပွဲတွေကို ဗီယန်နာမြို့မှာ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲတွေရဲ့ အဓိက အကျဆုံး အကြောင်းအရာတွေကတော့ ယူကရိန်းနဲ့ နယ်စပ်နားမှာ ရုရှားက စစ်တပ်တွေ ဖြန့်ကျက်ထားတဲ့ ကိစ္စနဲ့ ရုရှားက အမေရိကန်၊ NATOတို့ဆီက လုံခြုံရေးဆိုင်ရာ ကတိကဝတ် အာမခံချက်တွေ တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။

နယ်စပ်နားမှာ ရုရှားစစ်သည် သိန်းဂဏန်းနီးပါး စုရုံးနေတဲ့ ကိစ္စဟာ ယူကရိန်း အစိုးရနဲ့ NATO မဟာမိတ်တွေကို အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့ပါတယ်။ ရုရှားကတော့ သူတို့ဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ တုံ့ပြန်ထားပြီး ယူကရိန်းကသာ ရုရှားကို ရန်လာစနေတာလို့ စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ကိုယ့်နိုင်ငံ ပိုင်နက်မှာ ကိုယ့်စစ်တပ်ကိုယ် ကြိုက်သလို ဖြန့်ကျက်ခွင့် ရှိတယ်လို့ ရုရှားက ပြောကြားထားပြီး NATO အနေနဲ့ ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားအောင် လှုံ့ဆော်တာမျိုး မလုပ်သင့်ဘူးလို့လည်း ဝေဖန်ထားပါတယ်။

ဒီအတောအတွင်း ပိုလန် နိုင်ငံခြားရေး ဝန်ကြီး ဇဘီညူရောက ဥရောပတိုက်ဟာ နှစ်ပေါင်း ၃၀ အတွင်း အကြီးကျယ်ဆုံး စစ်ပွဲမျိုးနဲ့ ကြုံဖို့ တဖြည်းဖြည်း နီးစပ်လာနေပြီလို့ သတိပေးသွားပါတယ်။ ရောက ရုရှားရဲ့ နာမည်ကို တိုက်ရိုက် ညွှန်းဆိုတာမျိုး မဟုတ်ပေမယ့် ယူကရိန်း၊ ဂျော်ဂျီယာ၊ အာမေးနီးယားနဲ့ မော်လ်ဒိုဗာတို့ဟာ လတ်တလော ကြုံနေတဲ့ တင်းမာမှုတွေကြောင့် ဘေးကျပ်နံကျပ် ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။ အဲဒီနိုင်ငံ အားလုံးဟာ ရုရှားနဲ့ ဆက်ဆံရေး အေးခဲနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အရှေ့ဥရောပမှာ စစ်ရေး တင်းမာမှု အရှိန် မြင့်တက်လာတာကို အထင်အရှား တွေ့မြင်နေခဲ့ရတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။ ယူကရိန်း နိုင်ငံတဝိုက်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အငြိမ်းချမ်းဆုံး တွေ့ဆုံဆွေးနွေးမှု နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ဖို့ အရေးကြီးကြောင်းလည်း သူက တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။