Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

Telenor ကို M1 နဲ့​ပေါင်းပြီးလက်လွှဲဝယ်ယူမယ့် ရွှေဗျိုင်းဖြူကုမ္ပဏီဥက္ကဋ္ဌက Mytel နဲ့လည်းဆက်စပ်​နေ

ဇူလိုင်လမှာတော့ Telenor က မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းခွဲကို လက်ဘနွန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုကြီး M1ဆီ ဒေါ်လာ ၁၀၅ သန်းနဲ့ လက်လွှဲ ရောင်းချသွားတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံကနေ Telenorရဲ့ အပြီးအပိုင် ဆုတ်ခွာမှုလို့လည်း ဆိုနိုင်ပါတယ်။

Telenor ရဲ့ မြန်မာနိုင်ငံ အခြေစိုက် လုပ်ငန်းခွဲကို လက်ဘနွန် လုပ်ငန်းစုကြီး M1နဲ့ ပြည်တွင်း ကုမ္ပဏီ အစုအဖွဲ့ တစ်ခုဆီ လက်လွှဲရောင်းချဖို့ အာဏာသိမ်း စစ်ကောင်စီက မူအားဖြင့် ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။

ဒီလက်လွှဲ ဝယ်ယူမှုနဲ့ ပတ်သက်လို့ အတွင်းကျကျ သိရှိထားသူ ၃ ဦးက အခုကိစ္စကို Reuters သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။ နော်ဝေး ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး Telenorဟာ မြန်မာနိုင်ငံမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ် အာဏာသိမ်းလိုက်ပြီး ပြည်တွင်းရေး မငြိမ်သက်မှုတွေ ဖြစ်လာသလို စစ်ကောင်စီက ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေကို ကြားဖြတ် ထောက်လှမ်းရေး ကိရိယာတွေ အတင်းအကျပ် ဖိအားပေး တပ်ဆင်ခိုင်းခဲ့ခြင်းက Telenorအတွက် စိတ်ပျက်စရာတွေ ဖြစ်လာစေပါတယ်။

ဇူလိုင်လမှာတော့ Telenor က မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းခွဲကို လက်ဘနွန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုကြီး M1ဆီ ဒေါ်လာ ၁၀၅ သန်းနဲ့ လက်လွှဲ ရောင်းချသွားတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံကနေ Telenorရဲ့ အပြီးအပိုင် ဆုတ်ခွာမှုလို့လည်း ဆိုနိုင်ပါတယ်။

တကယ်တမ်းမှာတော့ M1ဆီ Telenorရဲ့ လုပ်ငန်း လက်လွှဲမှုဟာ အခက်အခဲတွေ အများကြီးနဲ့ ကြန့်ကြာနေခဲ့ပါတယ်။ စစ်ကောင်စီကလည်း M1ဆီ Telenorရဲ့ လုပ်ငန်းအားလုံးကို ရာနှုန်းပြည့် ရောင်းချတာမျိုး မလုပ်နိုင်အောင် မျိုးစုံ ဖိအားပေးနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ ပြည်တွင်းကုမ္ပဏီ အစုအဖွဲ့ တစ်ခုဖြစ်တဲ့ ရွှေဗျိုင်းဖြူက M1နဲ့ ဖက်စပ်အဖြစ် ပူးပေါင်းပြီး Telenorကို ဝယ်ယူမယ့် အစီအစဉ်ကို စစ်ကောင်စီက မီးစိမ်းပြလိုက်ပြီလို့ သိရပါတယ်။ ဒီခွင့်ပြုချက်ဟာ ပုဂ္ဂိုလ်ရေး အဆင့်မှာပဲ ရှိသေးပြီး Telenorဖက်က ဘာမှ မထုတ်ပြန်သေးပါဘူး။ အခု သဘောတူညီမှုနဲ့ ပတ်သက်ပြီး မှတ်ချက် ပေးခဲ့ကြတဲ့ သတင်းရင်းမြစ်တွေကလည်း အရောင်းအဝယ်ကိစ္စရဲ့ ထိလွယ်ရှလွယ် အနေအထားကြောင့် နာမည်တွေ ထုတ်ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။ အရောင်းအဝယ် ဖြစ်မြောက်ရင် ရွှေဗျိုင်းဖြူဟာ အဓိက ရှယ်ယာပိုင်ရှင် ဖြစ်လာမယ်လို့လည်း သိရပါတယ်။

ရွှေဗျိုင်းဖြူဟာ ကုမ္ပဏီ တချို့ စုဖွဲ့ထားပြီး ကျောက်မျက် တူးဖော်မှုနဲ့ လောင်စာဆီ ရောင်းချမှု လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံထားတဲ့ လုပ်ငန်းတစ်ခုပါ။ ရွှေဗျိုင်းဖြူရဲ့ ဥက္ကဋ္ဌဖြစ်သူ သိန်းဝင်းဇော်ဟာ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီရဲ့ ရှယ်ယာတချို့ ပိုင်ဆိုင်တဲ့ မဟာရိုးမ အများပိုင် ကုမ္ပဏီမှာ ဒါရိုက်တာ တစ်ဦး ဖြစ်ပါတယ်။ အခု အရောင်းအဝယ် ကိစ္စရယ်၊ သူနဲ့ စစ်တပ်ကြားက ဆက်နွှယ်မှုရယ်ကို Reuters သတင်းဌာနက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် သိန်းဝင်းဇော်ဖက်က တုံ့ပြန်မှု မရှိခဲ့ပါဘူး။

Telenorက M1ဆီ လုပ်ငန်း လက်လွှဲ ရောင်းချဖို့ ကိစ္စကို စစ်ကောင်စီရဲ့ ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အောက်တိုဘာလမှာ ကြားဝင် ပိတ်ပင်ခဲ့ပါတယ်။ ဒီလို စွက်ဖက်ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ M1ဟာ လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ်ဘ် မီကာတီရဲ့ မိသားစု ပိုင်ဆိုင်တဲ့ လုပ်ငန်းစုကြီး တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – Reuters

TelenorMyanmar #mytel #M1

ဆက်စပ်သတင်းများ

သတင်း

ဦးသိန်းဝင်းဇော်ရှယ်ယာပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းစုများကို အီးယူနှင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည်။

သတင်း

My Telတာဝါတိုင်စစ်ဆင်ရေးအားSpecial Revolution Forceနှင့်လည်းကောင်း၊ အမှတ် ၁၀ တပ်ကို မုံရွာခရိုင်ရင်း( ၆)နှင့်လည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့က အသိပေးထားသည်။

သတင်း

အထက်ပါ ကျုံလမုကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သော Mytel တာဝါတိုင်အား မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းကြောင်း ထုတ်ပြန်ထားသည်။

သတင်း

ပြီးခဲ့သည့်NLDအစိုးရလက်ထက်တွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးများကိုလည်း ဦး စားပေးရောင်းချခဲ့ခြင်းအပါအဝင် အစိုးရအရာရှိများ၊ စီးပွားရေးခေါင်းဆောင်များကိုလည်း မိုင်တဲလ်ဆင်းမ်ကတ်သုံးစွဲရန် မက်လုံးများဖြင့် အရောင်းမြှင့်တင်ရေးလုပ်ဆောင်ခဲ့ကြောင်း JFM ကထုတ်ပြန်သည်။