Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

စစ်အာဏာရှင်ကို သံပုံးတီးမောင်းထုတ်တဲ့ ရန်ကုန်

ဒီကနေ့ တစ်နှစ်ပြည့်မှာတော့ သံပုံးကို ၁၀ မိနစ်လောက်ကြာအောင် တီးပြီး ဒီကနေ့အထိ အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်းပြည်သူတွေက ပြသခဲ့ကြတာဖြစ်ပါတယ်

ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်ဟာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အာဏာရှင်မောင်းထုတ်တဲ့ သံပုံးတီးလှုပ်ရှားမှု စတင်ခဲ့တာ တစ်နှစ်ပြည့်မြောက်တဲ့နေဖြစ်ပါတယ်။

နေ့စဥ် ည ၈ နာရီတိုင်းမှာ သံပုံးတီး၊ ကြွေးကြော်သံတွေဟစ်အောင်ပြီး အာဏာရှင်မောင်းထုတ်ခဲ့ကြတဲ့လှုပ်ရှားမှုဟာ စစ်ကောင်စီတပ်တွေရဲ့ ပုံစံမျိုးစုံနဲ့ ခြိမ်းခြောက်၊ ဖမ်းဆီး၊ ဖျက်ဆီးမှုတွေကြောင့် နေရာအတော်များများမှာ ဒီလှုပ်ရှားမှုကို ရပ်နားထားကြရတာဖြစ်ပါတယ်။

ဒီကနေ့ တစ်နှစ်ပြည့်မှာတော့ သံပုံးကို ၁၀ မိနစ်လောက်ကြာအောင် တီးပြီး ဒီကနေ့အထိ အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်းပြည်သူတွေက ပြသခဲ့ကြတာဖြစ်ပါတယ်။