Connect with us

Hi, what are you looking for?

ဗီဒီယို

အင်းစိန်အကျဥ်းထောင်ထဲက ကား ၅ စီးထွက်လာ

ထွက်လာတဲ့ကားတွေပေါ်မှာတော့ အခုသတင်းထွက်နေတဲ့ အနုပညာရှင်တွေပါလာတာမတွေ့ရသေးသလို ကားပေါ်က လွတ်မြောက်လာသူအချို့ကတော့ ၅၀၅ (က) တွေ မပါဘူးလို့ ပြောသွားတာလည်းရှိပါတယ်။

အင်းစိန်အကျဥ်းထောင်က ကား ၅ စီးထွက်လာပြီး ကားတွေပေါ်မှာ ပါလာတဲ့ လွတ်မြောက်အကျဥ်းသားက ၈၀ ကျော်လောက်ရှိမယ်လို့ သိရပါတယ်။

ထွက်လာတဲ့ကားတွေပေါ်မှာတော့ အခုသတင်းထွက်နေတဲ့ အနုပညာရှင်တွေပါလာတာမတွေ့ရသေးသလို ကားပေါ်က လွတ်မြောက်လာသူအချို့ကတော့ ၅၀၅ (က) တွေ မပါဘူးလို့ ပြောသွားတာလည်းရှိပါတယ်။

ကားပေါ်ကလွတ်မြောက်လာသူတွေက နောက်မှာ ရှိသေးတယ်လို့ပြောပေမယ့် အကျဥ်းထောင်ပေါက်ဝက တာဝန်ရှိသူအချို့ကတော့ ထပ်လာဖို့မရှိတော့ဘူးလို့ ပြောပါတယ်။

ခုလွတ်မြောက်လာသူတွေက ပြစ်ဒဏ်ချပြီးတဲ့ အခြားအကျဥ်းသားတွေဖြစ်ပြီး ယုံကြည်ချက်ကြောင့်အကျဥ်းချခံထားရသူတွေ မပါသေးဘူးလို့လည်း ပြောနေတာရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ပြည်ထောင်စုနေ့ အထိမ်းအမှတ် လွတ်ငြိမ်းခွင့်ပေးမယ်လို့ ကြေညာထားတာကြောင့် အင်းစိန်ထောင်ရှေ့မှာ မိသားစုဝင်အချို့လာရောက်စောင့်ဆိုင်းနေကြတာပါ။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဥ်းထောင်တွေကနေ လွတ်ငြိမ်းခွင့် ၈၁၄ ဦးပေးမယ်လို့ အကြမ်းဖက်စစ်ကောင်စီကကြေညာထားတာဖြစ်ပါတယ်။

လွတ်ငြိမ်းစာရင်းမှာ ပုဒ်မ ၅၀၅ (က)နဲ့ မတရားပုဒ်မတပ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နာမည်ကြီး အနုပညာရှင်တွေပါတယ်လို့ သတင်းထွက်နေပေမယ့် ခုထွက်လာတဲ့ ကားတွေမှာတော့ အနုပညာရှင်တွေ မတွေ့ရသေးပါဘူး။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့။ အညာရဲ့ရာသီဥတုဟာ သိသိသာသာကြီးကို ပူပြင်းနေခဲ့တယ်။ ခြေထောက်တွေဆိုရင် ဖိန်းလို့ရှိန်းလို့။ မနက်လင်းကတည်းက ကျနော်ဟာ သွားလေရာ ဖုန်းတပွတ်ပွတ်နဲ့ အိန္ဒြေမရခဲ့ဘူး။ ဒီနေ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို နေအိမ်အကျယ်ချုပ်ပြောင်းမယ်ဆိုတဲ့သတင်းတွေ ထွက်နေတာမို့ သေချာတဲ့သတင်း တွေ့ရနိုး တွေ့ရနိုးနဲ့ မျှော်နေခဲ့တာပါ။

နိုင်ငံတကာ

အာဏာသိမ်းမှုနောက်ပိုင်း လူငယ်လူရွယ် နိုင်ငံရေး အကျဉ်းသား ၇၄ ဦးထက်မနည်းဟာ စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှုအတွင်း ကျဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အခုနှစ် ၂ လတာကာလအတွင်း အကျဉ်းထောင်တွေမှာ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်း သား ၄ ဦးထိ ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

သတင်း

မန္တလေးအိုးဘိုအကျဥ်းထောင်မှာ ထောင်ဝန်ထမ်းတွေက နိုင်ငံ​ရေးအကျဥ်းသူ တဦးကိုရုံးထုတ်ချိန်မှာအချင်းချင်းနှုတ်ဆက်လို့ဆိုပြီးဝိုင်းဝန်းရိုက်နှက်ခဲ့မှုအပေါ် သက်သေလိမ်လည်ထွက်ဆိုပေးကြဖို့ မြင်​တွေ့တဲ့အကျဥ်းသူတွေကိုဖိအားပေးနေတယ်လို့ အကျဥ်းထောင်အတွင်းကပေးပို့လာတဲ့သတင်းတွေအရသိရပါတယ်။