Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်

“ကမ္ဘာတဝှမ်းက သတင်းခေါင်းကြီးပိုင်းတွေကနေ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ဇာတ်ကားတစ်ကားပါ” လို့ သူတို့ရုပ်ရှင်အညွှန်းမှာ ဖော်ပြထားပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် အကြမ်းဖက်ခံနေရတဲ့ မြန်မာပြည်သူတွေ အကြောင်း ရိုက်ကူးထားတဲ့ Myanmar Diaries ဇာတ်ကားဟာ ဘာလင်ရုပ်ရှင်ပွဲတော်မှာ မှတ်တမ်းရုပ်ရှင်ဆုရရှိခဲ့ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကားကို အမည်မဖော်လိုတဲ့ မြန်မာလူငယ် ရုပ်ရှင်ဖန်တီးသူ ဆယ်ဦးက ရိုက်ကူးခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ ပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးပြုလုပ်မှုတွေကိုလည်း ထည့်သွင်းရိုက်ကူးထားပါတယ်။

“ကမ္ဘာတဝှမ်းက သတင်းခေါင်းကြီးပိုင်းတွေကနေ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ဇာတ်ကားတစ်ကားပါ” လို့ သူတို့ရုပ်ရှင်အညွှန်းမှာ ဖော်ပြထားပါတယ်။

ဘာလင်ရုပ်ရှင်ပွဲတော်ကို ၇၂ ကြိမ်မြောက်ပြုလုပ်တာဖြစ်ပြီး ဆုပေးပွဲကို ဖေဖော်ဝါရီ ၁၆ ရက်ကပြုလုပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

Myanmar Diaries ဇာတ်ကားအတွက် ရရှိတဲ့ဆုကိုတော့ ချက်နိုင်ငံသား ဒါရိုက်တာ Petr Lom နဲ့ ဒတ်ခ်ျနိုင်ငံက ထုတ်လုပ်သူ Corinne van Egeraat တို့ ကလက်ခံခဲ့ပြီး ဆုကြေးငွေ ယူရို လေးသောင်းရရှိတယ်လို့သိရပါတယ်။

ဒီရုပ်ရှင်ကို Myanmar Film Collective က နယ်သာလန် နဲ့ နော်ဝေ က ရုပ်ရှင်ထုတ်လုပ်​ရေးကုမ္ပဏီ နှစ်ခုနဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။