မိုးဗြဲ၊ ဖယ်ခုံ နဲ့ တစ်နိုင်ငံလုံးက တော်လှန်နေသူတွေကို ကူညီဖို့ ၂ ငါးလုံးညမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကစတင်ပြီး အလှူငွေကောက်ခံမယ်လို့ ဟားငါးကောင်က ကြေညာလိုက်ပါတယ်။
ဟားငါးကောင်က လွတ်မြောက်နယ်မြေဆီရောက်ရှိပြီးတော်လှန်ရေးမှာ တတ်တတ်ကြွကြွပါဝင်နေပေမယ့် အလှူခံတာတော့မပြုလုပ်ခဲ့ပါဘူး။
ဒါပေမယ့် ဒီကာလမှာတော့ အလှူငွေကောက်ခံဖို့လိုအပ်တာကြောင့် စတင်လက်ခံတာဖြစ်ပြီး မြေပြင်ကလူတွေဆီ လက်ထဲရောက်အောင် ပို့ဆောင်ပေးမယ်လို့ ဟားငါးကောင်ကပြောပါတယ်။
၂ ငါးလုံးစုံတဲ့ရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ညမှာ ဟားငါးကောင်ရဲ့ ပေ့ချ်ကနေ ဖျော်ဖြေပေးမှာပါ။
ဧည့်သည်အနေနဲ့ မူးလာရဲ့ ဖျော်ဖြေမှုတွေလည်းပါဝင်မယ်လို့ ကြေညာထားပါတယ်။
