Connect with us

Hi, what are you looking for?

ဗီဒီယို

ကိုဗစ် ကာကွယ်ဆေးတွေနဲ့ အကြားအာရုံ ထိခိုက်မှု ဆက်စပ်နိုင်သလားဆိုတာ WHO လေ့လာနေ

ကမ္ဘာတလွှားမှာ ကိုဗစ် ကာကွယ်ဆေး အလုံးရေ ၁၁ ဘီလီယံလောက် ထိုးနှံပြီးချိန်မှာ အခုလို ပြဿနာမျိုး ကြုံရတယ်ဆိုတဲ့ အချိုးအစားကတော့ မပြောပလောက်အောင် နည်းပါးနေဆဲပါ။ ပြီးတော့ ဆေးဝါး ကုမ္ပဏီကြီးတွေက ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ဘေးထွက် ဆိုးကျိုးတွေမှာ နားပြဿနာ ဖြစ်နိုင်တယ် ဆိုတာမျိုး ထည့်ပြောမထားသေးပါဘူး။

ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေနဲ့ အကြားအာရုံ ထိခိုက်မှုကြား အဆက်အစပ် ရှိသလား ဆိုတာကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ ကျန်းမာရေး အေဂျင်စီတွေက ကိုဗစ် ကာကွယ်ဆေး ထိုးထားသူတွေထဲမှာ အကြားအာရုံနဲ့ ပတ်သက်လို့ ပြဿနာ ကြုံရသူတွေ ရှိနေကြောင်း တင်ပြချက်တွေကို ပြန်လည် စိစစ် လေ့လာနေတယ်လို့ WHOရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အဲဒီ ပြဿနာတွေထဲမှာ နားသိပ်မကြားတာ၊ နားအူတာ၊ နားထဲမှာ ဆူညံသံတွေ ကြားနေရတာမျိုး လက္ခဏာတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် ကိုဗစ် ကာကွယ်ဆေး ထိုးပြီးနောက်ပိုင်း နားသိပ်မကြားတော့တဲ့ ဖြစ်စဉ် ၁၆၄ ခုနဲ့ နားထဲမှာ ဆူညံနေတယ်လို့ ခံစားရတဲ့ ဖြစ်စဉ် ၃၆၇ ခုအတွက် အစီရင်ခံမှုတွေ ရရှိထားကြောင်း WHOက ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီလို နားပြဿနာတွေဟာ ကိုဗစ် ကာကွယ်ဆေးနဲ့ တိုက်ရိုက် ဆက်စပ်သလား ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့လည်း WHOက ဆိုပါတယ်။

ကမ္ဘာတလွှားမှာ ကိုဗစ် ကာကွယ်ဆေး အလုံးရေ ၁၁ ဘီလီယံလောက် ထိုးနှံပြီးချိန်မှာ အခုလို ပြဿနာမျိုး ကြုံရတယ်ဆိုတဲ့ အချိုးအစားကတော့ မပြောပလောက်အောင် နည်းပါးနေဆဲပါ။ ပြီးတော့ ဆေးဝါး ကုမ္ပဏီကြီးတွေက ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ဘေးထွက် ဆိုးကျိုးတွေမှာ နားပြဿနာ ဖြစ်နိုင်တယ် ဆိုတာမျိုး ထည့်ပြောမထားသေးပါဘူး။

Public Service Announcement

Public Service Announcement

WHOရဲ့ အဆိုအရ နားထဲမှာ အူပြီး ဆူညံနေသလို ခံစားရတဲ့သူတွေ အသက်အပိုင်းအခြားဟာ ၁၉ နှစ်ကနေ ၉၁ နှစ်ထိ ပါဝင်တယ်လို့ သိရပါတယ်။ ပြီးတော့ ဒီလို လက္ခဏာတွေဟာ အချိန် အတိုင်းအတာ တစ်ခုလောက် အပြီးမှာ ပြန်လျော့ပါး သက်သာသွားတယ်လို့လည်း ဆေးထိုးထားသူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သုတေသနပြု လေ့လာနိုင်စွမ်းက အကန့်အသတ် ကြီးကြီးမားမား ရှိနေဆဲပါ။ နားအူတာ၊ နားထဲမှာ ဆူညံသံတွေ ကြားနေရတာ၊ နားမကြားတာတွေက တခြား အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမေရိကန်မှာဆိုရင် လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ အကြောင်းကိစ္စ အမျိုးမျိုးကြောင့် နားပြဿနာတွေ ကြုံတွေ့ဖူးကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေး ညီလာခံ (WHA)ဆီ ထိုင်ဝမ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။