Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကိုဗစ် ကာကွယ်ဆေးတွေနဲ့ အကြားအာရုံ ထိခိုက်မှု ဆက်စပ်နိုင်သလားဆိုတာ WHO လေ့လာနေ

ကမ္ဘာတလွှားမှာ ကိုဗစ် ကာကွယ်ဆေး အလုံးရေ ၁၁ ဘီလီယံလောက် ထိုးနှံပြီးချိန်မှာ အခုလို ပြဿနာမျိုး ကြုံရတယ်ဆိုတဲ့ အချိုးအစားကတော့ မပြောပလောက်အောင် နည်းပါးနေဆဲပါ။ ပြီးတော့ ဆေးဝါး ကုမ္ပဏီကြီးတွေက ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ဘေးထွက် ဆိုးကျိုးတွေမှာ နားပြဿနာ ဖြစ်နိုင်တယ် ဆိုတာမျိုး ထည့်ပြောမထားသေးပါဘူး။

ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေနဲ့ အကြားအာရုံ ထိခိုက်မှုကြား အဆက်အစပ် ရှိသလား ဆိုတာကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ ကျန်းမာရေး အေဂျင်စီတွေက ကိုဗစ် ကာကွယ်ဆေး ထိုးထားသူတွေထဲမှာ အကြားအာရုံနဲ့ ပတ်သက်လို့ ပြဿနာ ကြုံရသူတွေ ရှိနေကြောင်း တင်ပြချက်တွေကို ပြန်လည် စိစစ် လေ့လာနေတယ်လို့ WHOရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အဲဒီ ပြဿနာတွေထဲမှာ နားသိပ်မကြားတာ၊ နားအူတာ၊ နားထဲမှာ ဆူညံသံတွေ ကြားနေရတာမျိုး လက္ခဏာတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် ကိုဗစ် ကာကွယ်ဆေး ထိုးပြီးနောက်ပိုင်း နားသိပ်မကြားတော့တဲ့ ဖြစ်စဉ် ၁၆၄ ခုနဲ့ နားထဲမှာ ဆူညံနေတယ်လို့ ခံစားရတဲ့ ဖြစ်စဉ် ၃၆၇ ခုအတွက် အစီရင်ခံမှုတွေ ရရှိထားကြောင်း WHOက ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီလို နားပြဿနာတွေဟာ ကိုဗစ် ကာကွယ်ဆေးနဲ့ တိုက်ရိုက် ဆက်စပ်သလား ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့လည်း WHOက ဆိုပါတယ်။

ကမ္ဘာတလွှားမှာ ကိုဗစ် ကာကွယ်ဆေး အလုံးရေ ၁၁ ဘီလီယံလောက် ထိုးနှံပြီးချိန်မှာ အခုလို ပြဿနာမျိုး ကြုံရတယ်ဆိုတဲ့ အချိုးအစားကတော့ မပြောပလောက်အောင် နည်းပါးနေဆဲပါ။ ပြီးတော့ ဆေးဝါး ကုမ္ပဏီကြီးတွေက ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ဘေးထွက် ဆိုးကျိုးတွေမှာ နားပြဿနာ ဖြစ်နိုင်တယ် ဆိုတာမျိုး ထည့်ပြောမထားသေးပါဘူး။

Public Service Announcement

Public Service Announcement

WHOရဲ့ အဆိုအရ နားထဲမှာ အူပြီး ဆူညံနေသလို ခံစားရတဲ့သူတွေ အသက်အပိုင်းအခြားဟာ ၁၉ နှစ်ကနေ ၉၁ နှစ်ထိ ပါဝင်တယ်လို့ သိရပါတယ်။ ပြီးတော့ ဒီလို လက္ခဏာတွေဟာ အချိန် အတိုင်းအတာ တစ်ခုလောက် အပြီးမှာ ပြန်လျော့ပါး သက်သာသွားတယ်လို့လည်း ဆေးထိုးထားသူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သုတေသနပြု လေ့လာနိုင်စွမ်းက အကန့်အသတ် ကြီးကြီးမားမား ရှိနေဆဲပါ။ နားအူတာ၊ နားထဲမှာ ဆူညံသံတွေ ကြားနေရတာ၊ နားမကြားတာတွေက တခြား အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမေရိကန်မှာဆိုရင် လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ အကြောင်းကိစ္စ အမျိုးမျိုးကြောင့် နားပြဿနာတွေ ကြုံတွေ့ဖူးကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

ဆေးသိပ္ပံ ပညာရှင် အတော်များများက WHO အနေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြု လေ့လာချင်တယ်ဆိုတဲ့ စိတ်ကူးကို လက်ခံပေမယ့် အခုလို ညီလာခံမျိုး ဦးဆောင်ကျင်းပပြီး ယူဆောင်နိုင်မယ့် အကျိုးရလဒ် အပေါ်မှာတော့ အကြီးအကျယ် သံသယ မေးခွန်းထုတ်နေကြပါတယ်။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...