Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ပဲခူးရိုးမ​တောင်​ခြေ၌ တပ်စွဲထား​သော စစ်​ကောင်စီတပ်အား တိုက်ခိုက်ရာ စစ်သားရှစ်ဦး​ခန့်သေ

ယင်းတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း အသိ​ပေးထားသည်။

ပဲခူးရိုးမတောင်ခြေ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး ပစ်ခတ်သူအပါအဝင် စစ်သားရှစ်ဦးခန့် သေဆုံးခဲ့ကြောင်း သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ဧပြီ ၁၅ ရက် နေ့လယ် ၁ နာရီအချိန်ခန့်တွင် ပေါင်းတည်မြို့နယ် သိမ်ကုန်းအုပ်စုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၎င်းတို့အဖွဲ့မှ လက်နက်ကြီးပစ်သည့်နေရာသို့ ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်သူအပါအဝင် ရှစ်ဦးခန့်သေဆုံးနိုင်သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း အသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။