Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းနဲ့ ရုရှား သမ္မတတွေကို သွားရောက် တွေ့ဆုံ ဆွေးနွေးမယ့် ကုလသမဂ္ဂ အကြီးအကဲ

ဂူတာရက်စ်ဟာ မတ်လ ၂၅ ရက်မှာ ရုရှားကို စတင် ထွက်ခွာပြီး ပူတင်နဲ့ တွေ့ဆုံမှာ ဖြစ်သလို ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်နဲ့ နေ့လယ်စာ အတူစားရင်း စစ်ပွဲကိစ္စတွေကို အလုပ်သဘော ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အဲရစ်ခ် ကာနက်ကိုက ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားနဲ့ ယူကရိန်း ခေါင်းဆောင်တွေကို ကုလသမဂ္ဂ အကြီးအကဲက ကိုယ်တိုင် သွားရောက် တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။

လာမယ့် သီတင်းပတ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ မော်စကိုမြို့ကို သွားရောက်ပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကိယက်ဗ်ကို ခရီးဆက်ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ဂူတာရက်စ်ဟာ မတ်လ ၂၅ ရက်မှာ ရုရှားကို စတင် ထွက်ခွာပြီး ပူတင်နဲ့ တွေ့ဆုံမှာ ဖြစ်သလို ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်နဲ့ နေ့လယ်စာ အတူစားရင်း စစ်ပွဲကိစ္စတွေကို အလုပ်သဘော ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အဲရစ်ခ် ကာနက်ကိုက ဆိုပါတယ်။

ယူကရိန်းအတွက် ငြိမ်းချမ်းရေးကို အမြန်ဆုံး ဆောင်ကြဉ်းပေးဖို့ ဂူတာရက်စ် အနေနဲ့ စွမ်းနိုင်သမျှ ကြိုးစားပေးဖို့ ရည်ရွယ်ထားကြောင်း ကာနက်ကိုက နယူးယောက်မြို့၊ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားမှာ ၂ ရက် နေပြီးရင် ဂူတာရက်စ်ဟာ ယူကရိန်းကို ခရီးဆက်ပြီး သမ္မတ ဇီလန်စကီး၊ နိုင်ငံခြားရေး ဝန်ကြီး ဒီမစ်ထရို ကူလီဘာတို့နဲ့ ဆက်လက် တွေ့ဆုံသွားမှာပါ။ စစ်ပွဲ အရှိန် မြင့်တက်လာချိန်မှာ ဂူတာရက်စ်က နှစ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရဖို့အတွက် တရားဝင် စာရေးသားပေးပို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ စစ်ပွဲ အခြေအနေမှာတော့ ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ပိုင်းက ဒွန်းဘက်စ် ဒေသတစ်ခုလုံးကို သိမ်းယူနိုင်ဖို့ ကြိုးစားပြီး ထိုးစစ် အရှိန်ကို မြှင့်တင်နေပါတယ်။ ယူကရိန်း သမ္မတ ဇီလန်စကီးကလည်း အခုအခါ ယူကရိန်းဟာ အနောက်အုပ်စု မဟာမိတ်တွေဆီက အရေးတကြီး တောင်းဆိုထားတဲ့ စစ်လက်နက်တွေကို စတင် လက်ခံ ရရှိနေပြီး မကြာခင် အသုံးပြုသွားမယ်လို့ ပြောကြားထားပါတယ်။

ပူတင်က သူဟာ ယူကရိန်းမှာရှိတဲ့ ရုရှား အနွယ်ဝင်တွေ ဖိနှိပ် ဆက်ဆံ ခံနေရတာကို အကာအကွယ်ပေးဖို့ စစ်ဆင်ရေး ဆင်နွှဲတာလို့ အကြောင်းပြခဲ့ပြီး အနောက်နိုင်ငံတွေနဲ့ ယူကရိန်း အစိုးရကတော့ ရုရှားဟာ ရန်လိုစိတ် သက်သက်နဲ့ စစ်တိုက်ခဲ့တာလို့ စွပ်စွဲထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဆုံးမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားပိုင်နက်အဖြစ် အသိအမှတ်ပြုဖို့ လိုက်လျောလာတော့မယ်လို့ သူယူဆကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ ရုရှားအတွက် စစ်ကူတပ်တွေ စေလွှတ်ပေးခဲ့တယ် ဆိုတာကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

ထရန့်ရဲ့ ရုရှနာမည်ဝှက်က “Krasnov”ပါတဲ့။ Krasnov ရဲ့အဓိပ္ပါယ်ကတော့“အနီ”ဖြစ်ပါတယ်။ မော်စကိုကပြန်လာတဲ့အခါမှာထရန့်ဟာနယူးယောက်တိုင်းစ်သတင်းစာကြီးမှာ တစ်မျက်နှာပြည့်ကြော်ငြာတစ်ခုထည့်ပါတယ်။

နိုင်ငံတကာ

ယူကရိန်း သမ္မတနဲ့ လူချင်းတွေ့ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ပွဲရပ်ဆိုင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ အမှန်တကယ် ဆန္ဒရှိရဲ့လား ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။