Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းနဲ့ ရုရှား သမ္မတတွေကို သွားရောက် တွေ့ဆုံ ဆွေးနွေးမယ့် ကုလသမဂ္ဂ အကြီးအကဲ

ဂူတာရက်စ်ဟာ မတ်လ ၂၅ ရက်မှာ ရုရှားကို စတင် ထွက်ခွာပြီး ပူတင်နဲ့ တွေ့ဆုံမှာ ဖြစ်သလို ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်နဲ့ နေ့လယ်စာ အတူစားရင်း စစ်ပွဲကိစ္စတွေကို အလုပ်သဘော ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အဲရစ်ခ် ကာနက်ကိုက ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားနဲ့ ယူကရိန်း ခေါင်းဆောင်တွေကို ကုလသမဂ္ဂ အကြီးအကဲက ကိုယ်တိုင် သွားရောက် တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။

လာမယ့် သီတင်းပတ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ မော်စကိုမြို့ကို သွားရောက်ပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကိယက်ဗ်ကို ခရီးဆက်ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ဂူတာရက်စ်ဟာ မတ်လ ၂၅ ရက်မှာ ရုရှားကို စတင် ထွက်ခွာပြီး ပူတင်နဲ့ တွေ့ဆုံမှာ ဖြစ်သလို ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်နဲ့ နေ့လယ်စာ အတူစားရင်း စစ်ပွဲကိစ္စတွေကို အလုပ်သဘော ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အဲရစ်ခ် ကာနက်ကိုက ဆိုပါတယ်။

ယူကရိန်းအတွက် ငြိမ်းချမ်းရေးကို အမြန်ဆုံး ဆောင်ကြဉ်းပေးဖို့ ဂူတာရက်စ် အနေနဲ့ စွမ်းနိုင်သမျှ ကြိုးစားပေးဖို့ ရည်ရွယ်ထားကြောင်း ကာနက်ကိုက နယူးယောက်မြို့၊ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားမှာ ၂ ရက် နေပြီးရင် ဂူတာရက်စ်ဟာ ယူကရိန်းကို ခရီးဆက်ပြီး သမ္မတ ဇီလန်စကီး၊ နိုင်ငံခြားရေး ဝန်ကြီး ဒီမစ်ထရို ကူလီဘာတို့နဲ့ ဆက်လက် တွေ့ဆုံသွားမှာပါ။ စစ်ပွဲ အရှိန် မြင့်တက်လာချိန်မှာ ဂူတာရက်စ်က နှစ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရဖို့အတွက် တရားဝင် စာရေးသားပေးပို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ စစ်ပွဲ အခြေအနေမှာတော့ ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ပိုင်းက ဒွန်းဘက်စ် ဒေသတစ်ခုလုံးကို သိမ်းယူနိုင်ဖို့ ကြိုးစားပြီး ထိုးစစ် အရှိန်ကို မြှင့်တင်နေပါတယ်။ ယူကရိန်း သမ္မတ ဇီလန်စကီးကလည်း အခုအခါ ယူကရိန်းဟာ အနောက်အုပ်စု မဟာမိတ်တွေဆီက အရေးတကြီး တောင်းဆိုထားတဲ့ စစ်လက်နက်တွေကို စတင် လက်ခံ ရရှိနေပြီး မကြာခင် အသုံးပြုသွားမယ်လို့ ပြောကြားထားပါတယ်။

ပူတင်က သူဟာ ယူကရိန်းမှာရှိတဲ့ ရုရှား အနွယ်ဝင်တွေ ဖိနှိပ် ဆက်ဆံ ခံနေရတာကို အကာအကွယ်ပေးဖို့ စစ်ဆင်ရေး ဆင်နွှဲတာလို့ အကြောင်းပြခဲ့ပြီး အနောက်နိုင်ငံတွေနဲ့ ယူကရိန်း အစိုးရကတော့ ရုရှားဟာ ရန်လိုစိတ် သက်သက်နဲ့ စစ်တိုက်ခဲ့တာလို့ စွပ်စွဲထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။