Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန် အစိုးရ ဝန်ကြီးနှစ်ဦး ယူကရိန်းကို သွားရောက်

အမေရိကန် ကိုယ်စားလှယ် အဖွဲ့က ယူကရိန်းကို နိုင်ငံတကာ စစ်ရေး အကူအညီတွေ ရောက်ရှိစေဖို့ ဒေါ်လာ သန်း ၃၀၀ ကျော် ပံ့ပိုး ကူညီမယ်လို့ ကတိပြုခဲ့သလို အမေရိကန်လုပ် ခဲယမ်းမီးကျောက် စစ်လက်နက် ဒေါ်လာ ၁၆၅ သန်းဖိုး ရောင်းချပေးဖို့လည်း အာမခံခဲ့ကြောင်း သိရပါတယ်။

အမေရိကန် အစိုးရရဲ့ ဝန်ကြီးနှစ်ဦးဟာ ကိယက်ဗ် မြို့တော်ထိ သွားရောက်ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ကာကွယ်ရေး ဝန်ကြီး လွိုက်ဒ် အော်စတင်တို့ဟာ ဧပြီ ၂၃ ရက် ညပိုင်းက ကိယက်ဗ်ကို ဆိုက်ရောက်ခဲ့ကြောင်း ယူကရိန်း အစိုးရက ထုတ်ပြန်ပါတယ်။ အမေရိကန် အစိုးရ ထိပ်တန်း အရာရှိတွေဟာ ဇီလန်စကီးနဲ့ တွေ့ဆုံပြီး လက်ရှိ ဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှား စစ်ပွဲအတွက် ဆွေးနွေးခဲ့ကြောင်း ယူကရိန်း သမ္မတ အကြံပေးပုဂ္ဂိုလ် အိုလက်ဆီ အရီစတော့ချ်ဗ်က ပြောပါတယ်။

ဒါဟာ စစ်ပွဲ စတင်ပြီးနောက်ပိုင်း အမေရိကန် အစိုးရရဲ့ အဆင့်အမြင့်ဆုံး ကိုယ်စားလှယ် အဖွဲ့တစ်ခု ယူကရိန်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဥရောပ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက ကိယက်ဗ်ထိ သွားရောက်ပြီး ယူကရိန်းကို ထောက်ခံကြောင်း ပြသနေကြချိန်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း သူ့အစိုးရ အဖွဲ့ထဲက အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို စေလွှတ်လိုက်တဲ့ သဘောပါ။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့က ယူကရိန်းကို နိုင်ငံတကာ စစ်ရေး အကူအညီတွေ ရောက်ရှိစေဖို့ ဒေါ်လာ သန်း ၃၀၀ ကျော် ပံ့ပိုး ကူညီမယ်လို့ ကတိပြုခဲ့သလို အမေရိကန်လုပ် ခဲယမ်းမီးကျောက် စစ်လက်နက် ဒေါ်လာ ၁၆၅ သန်းဖိုး ရောင်းချပေးဖို့လည်း အာမခံခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သမ္မတ ဘိုင်ဒန်ဟာ ကိယက်ဗ်မှာ ရုံးထိုင်မယ့် အမေရိကန် သံအမတ်သစ်တစ်ဦး ခန့်အပ်မယ့် အစီအစဉ်ကို မကြာခင် ကြေညာသွားမယ်လို့လည်း ဇီလန်စကီးဆီ အသိပေးခဲ့ပါတယ်။ ယူကရိန်းမှာ ရှိနေတဲ့ အမေရိကန် သံအရာရှိတွေဟာ စစ်ပွဲ မစခင် ယူကရိန်း နယ်နိမိတ်နားမှာ ရုရှားတပ်တွေ စုရုံးနေချိန် ကတည်းက နေရပ်ကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

အော်စတင်နဲ့ ဘလင်ကန်တို့ဟာ ယူကရိန်း မတိုင်ခင်မှာ ပိုလန်ကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ အဲဒီ အစီအစဉ်မှာ လိုက်ပါသွားတဲ့ သတင်းထောက်တွေ အနေနဲ့ ယူကရိန်းမြေကို ဝန်ကြီး နှစ်ဦး မရောက်ရှိခင်ထိ အဲဒီ ခရီးစဉ်အကြောင်း ကြိုတင် သတင်းမရေးကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တားမြစ်ထားခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။