Connect with us

Hi, what are you looking for?

ဗီဒီယို

လက်နက်ကြီးကျည် သယ်လာတဲ့ မိသားစုကြောင့် အစ္စရေးက လေဆိပ်တစ်ခု ရုတ်ရုတ်သဲသဲဖြစ်

အစ္စရေးဟာ ၁၉၆၇ ခုနှစ်က ဖြစ်ပွားတဲ့ နာမည်ကျော် ၆ ရက်စစ်ပွဲ အတွင်းမှာ ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသ တစ်ခုလုံး နီးပါးကို လက်လွှဲ သိမ်းပိုက်နိုင်ခဲ့ပြီး အခုအချိန်ထိ အဲဒီဒေသမှာ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေကို တွေ့နေရဆဲ ဖြစ်ပါတယ်။

လက်နက်ကြီး ကျည်ဆံ သယ်ဆောင်လာတဲ့ မိသားစုကြောင့် အစ္စရေးက လေဆိပ်တစ်ခုမှာ အထိတ်တလန့် ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေ ဖြစ်ပွားခဲ့ပါတယ်။

အစ္စရေးရဲ့ အဓိက နိုင်ငံတကာ လေဆိပ်ကြီးထဲမှာ ပြဿနာ လာရှာသူတွေဟာ အမေရိကန်က မိသားစု တစ်ခုလို့ သိရပါတယ်။ သူတို့ သယ်ဆောင်လာတဲ့ ပစ္စည်းတွေကို လုံခြုံရေးဂိတ်မှာ စစ်ဆေးတဲ့အခါ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တစ်တောင့်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တချို့ သတင်းတွေမှာတော့ မိသားစုဝင် တစ်ဦးက လက်နက်ကြီး ကျည်ကို ထုတ်ပြပြီး အဝတ်သေတ္တာထဲ ထည့်သယ်သွားလို့ ရမရ လုံခြုံရေး အရာရှိ တစ်ယောက်ကို မေးမြန်းခဲ့တာလို့ ဖော်ပြထားပါတယ်။

သူတို့ဟာ အစ္စရေးနဲ့ ဆီးရီးယားတို့ စစ်ဖြစ်ခဲ့ဖူးတဲ့ ဂိုလန်ကုန်းမြင့် ဒေသကို အလည်အပတ် သွားရောက်တဲ့အချိန် အဲဒီ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်ကို အမှတ်တရ ပစ္စည်းအနေနဲ့ ကောက်ယူလာတာလို့ ဆိုပါတယ်။ သူတို့ ယူလာတဲ့ ပစ္စည်းကို တွေ့တွေ့ချင်းမှာတော့ လေဆိပ်ထဲမှာ ဗုံးလန့်သလိုဖြစ်ပြီး လူတွေ အကုန်လုံး ဝရုန်းသုန်းကား ပြေးလွှားခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ တဲလ်အဗစ်ဗ်မြို့၊ ဘင်ဂူရင် လေဆိပ်မှာရှိတဲ့ လုံခြုံရေး အရာရှိတွေက အဲဒီ အမေရိကန် မိသားစုကို သေသေချာချာ စစ်ဆေး မေးမြန်းခဲ့ပြီးမှ လေယာဉ်ပေါ် တက်ခွင့် ပေးလိုက်ပါတယ်။ သူတို့တွေက အကြမ်းဖက် ဝါဒီတွေ မဟုတ်ကြဘဲ လက်နက်ကြီး ကျည်ဆံ အဟောင်းကို အမှတ်တရ အနေနဲ့ အမေရိကန် ပြန်ယူသွားချင်တဲ့ ဆန္ဒမျိုးသာ ရှိကြတာလို့ အစ္စရေး အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးကျည်ကို ရှာတွေ့တွေ့ချင်းမှာ လေဆိပ် လုံခြုံရေးတွေက ပတ်ဝန်းကျင်ကို ရှင်းလင်းခိုင်းလိုက်ပေမယ့် ခရီးသည် တစ်ဦးက လေဆိပ်ထဲမှာ အကြမ်းဖက်သမားတွေ ပစ်ခတ်နေပြီလို့ နားကြားလွဲသွားရာက နောက်ဆက်တွဲ ဇာတ်လမ်းတွေ ရှုပ်ကုန်တာလို့ သိရပါတယ်။ ပြေးကြ လွှားကြရင်းနဲ့ အသက် ၃၂ နှစ်အရွယ် လူငယ်တစ်ဦးက မတော်တဆ ဒဏ်ရာရလို့ ဆေးရုံ ပို့ပေးလိုက်ရပါတယ်။

အစ္စရေးဟာ ၁၉၆၇ ခုနှစ်က ဖြစ်ပွားတဲ့ နာမည်ကျော် ၆ ရက်စစ်ပွဲ အတွင်းမှာ ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသ တစ်ခုလုံး နီးပါးကို လက်လွှဲ သိမ်းပိုက်နိုင်ခဲ့ပြီး အခုအချိန်ထိ အဲဒီဒေသမှာ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေကို တွေ့နေရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖောက်ခွဲရေးပစ္စည်း သယ်လာတဲ့ ဒရုန်းတစ်စင်းကို လေဆိပ်ထဲ ကျနေတာကို ရှာတွေ့ခဲ့တာက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အသစ်တစ်ခု ဖြစ်လာကြောင်း ဂျာမနီ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။