Connect with us

Hi, what are you looking for?

ဗီဒီယို

နီပေါမှာ ပျောက်ဆုံးနေတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ အပျက်အစီးတွေ ရှာတွေ့

လေယာဉ်ပျက်ကျရာ နေရာကို ဝေဟင်ကနေ ရိုက်ကူးပြီး စစ်တပ်က Twitterပေါ် တင်ထားတဲ့ ဓာတ်ပုံတွေအရ လေယာဉ် အစိတ်အပိုင်းတွေဟာ နေရာတချို့ ကြဲပျံ့နေတာ တွေ့ရပါတယ်။ ကယ်ဆယ်ရေး ကဏ္ဍနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာသေးပါဘူး။

နီပေါနိုင်ငံမှာ ပျောက်ဆုံးသွားတဲ့ ခရီးသည်တင် လေယာဉ်ငယ်ရဲ့ အပျက်အစီးတွေကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

Tara လေကြောင်းလိုင်းပိုင် Twin Otter လေယာဉ်ရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို တောင်စောင်း တစ်နေရာမှာ တွေ့ရှိခဲ့တာလို့ သိရပါတယ်။ အဲဒီ လေယာဉ်ဟာ မေ ၂၉ ရက်က ပေါ့ခါရာမြို့ကနေ ပျံတက်လာပြီး တောင်ပေါ်မြို့ တစ်ခုဖြစ်တဲ့ ဂျွမ်ဆွမ်ကို ဦးတည်နေချိန် လေကြောင်း ထိန်းသိမ်းရေး မျှော်စင်နဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာပါ။

ပုံမှန်ဆိုရင် ဒီခရီးစဉ်ဟာ ၁၅ မိနစ်နဲ့ မိနစ် ၂၀ ကြား အချိန်လောက်သာ ကြာမြင့်ပြီး တောင်ထူထပ်ရာ မြစ်ဝှမ်း လျှိုမြောင် တစ်ခုကို ဖြတ်ပျံချိန် အဆက်အသွယ် ပြတ်သွားခဲ့တာလို့ မျှော်စင် တာဝန်ရှိသူတွေက ပြောပါတယ်။ ခရီးသည် ၁၉ ဦးနဲ့ အမှုထမ်း ၃ ဦး လိုက်ပါသွားတဲ့ လေယာဉ်ကို ရဟတ်ယာဉ်တွေပါ အသုံးပြုပြီး ရှာဖွေခဲ့ကြပေမယ့် ရာသီဥတု မကြည်လင်တာကြောင့် အဲဒီနေ့မှာတော့ ရှာမတွေ့ခဲ့ပါဘူး။

မေ ၃၀ နေ့လယ်ပိုင်းလောက်မှာ ရှာဖွေရေး အဖွဲ့က လေယာဉ်ပျက်ကို တွေ့ရှိကြောင်း အတည်ပြု ကြေညာခဲ့ပေမယ့် အသက်ရှင် ကျန်ရစ်သူတွေ တွေ့ရှိတယ်လို့တော့ မပြောပါဘူး။ ကယ်ဆယ်ရေး ကဏ္ဍမှာ ပူးပေါင်း ပါဝင်ခဲ့တဲ့ နီပေါ စစ်တပ်က လေယာဉ်ပျက်ဟာ မတ်စတန် ခရိုင်က ဆာနော့ဆွာရီဆိုတဲ့ ဧရိယာမှာ ပျက်ကျခဲ့တာလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ပျက်ကျရာ နေရာကို ဝေဟင်ကနေ ရိုက်ကူးပြီး စစ်တပ်က Twitterပေါ် တင်ထားတဲ့ ဓာတ်ပုံတွေအရ လေယာဉ် အစိတ်အပိုင်းတွေဟာ နေရာတချို့ ကြဲပျံ့နေတာ တွေ့ရပါတယ်။ ကယ်ဆယ်ရေး ကဏ္ဍနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာသေးပါဘူး။

နီပေါဟာ ဟိမဝန္တာ တောင်စဉ်တန်းတွေနဲ့ ဆက်စပ်တည်ရှိတဲ့ နိုင်ငံဖြစ်ပြီး တောင်တက် ခရီးစဉ်တွေကြောင့် ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်ပါတယ်။ ပြည်တွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ ခရီးတို ပျံသန်းတဲ့ လေယာဉ်ငယ်တွေကို အားထားနေရပေမယ့် အရင်ကလည်း လေယာဉ် ပျက်ကျမှုတွေ ကြုံခဲ့ဖူးပါတယ်။

၂၀၁၆ တုန်းက Tara လေကြောင်းလိုင်းပိုင် Twin Otter လေယာဉ်တစ်စီးပဲ အခုလမ်းကြောင်းအတိုင်း ပျံသန်းပြီး ပျက်ကျတာကြောင့် လိုက်ပါသွားသူ ၂၃ ဦးစလုံး သေဆုံးခဲ့ပါတယ်။ ၂၀၁၂ တုန်းက Agni လေကြောင်းပိုင် လေယာဉ် တစ်စီးကလည်း ဒီလမ်းကြောင်းအတိုင်း ပျံရင်း ပျက်ကျတာကြောင့် ၁၅ ဦးသေပြီး ၆ ဦး အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ ၂၀၁၄ မှာတော့ Nepal လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ အဲဒီ လမ်းကြောင်းပေါ်မှာပဲ ပျက်ကျပြီး လိုက်ပါသွားသူ ၁၈ ဦးစလုံး အသက် ဆုံးရှုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ ထိစပ်ရာ နီပေါပိုင်နက်ထဲက ရေဘေးသင့် တောင်ပေါ်ဒေသတွေဆီ အကူအညီ ပစ္စည်းတွေ ပေးပို့ရေးဟာ အရမ်း ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ (UN)က ပြောကြားခဲ့ပါတယ်။

Facebook