Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

လမ်းဘေးစျေးသည်တွေပျောက်သွားတဲ့ လှည်းတန်း

ဇွန် ၃ ရက်ကစပြီး လှည်းတန်းတဝိုက်မှာ လမ်းဘေးဈေးသည်တွေ မဖွင့်ဖို့ အမိန့်ပေးခဲ့ပြီး ဒီနေ့ရောင်းဖို့ ပြင်ထားတဲ့သူတွေကိုလည်း ဆိုင်တွေပိတ်ဖို့ ညနေစောင်းမှာ နောက်တစ်ခေါက်လာဖိအားပေးခဲ့‌တာကြောင့် ဈေးသည်တွေ ပြေးလွှားခဲ့ရပါတယ်။

လမ်းဘေးဈေးသည်တွေနဲ့ အမြဲစည်ကားနေလေ့ရှိတဲ့ လှည်းတန်းက ဒီနေ့‌မှာတော့ ဈေးသည်မရှိဘဲ ရှင်းလင်းနေပါတယ်။

အရင်က ညနေလေးနာရီလောက်ဆိုရင် စျေးသည်တွေဆိုင်စဖွင့်ပြီး လူတန်းစားစုံလာရောက် စားသောက်‌ကြတဲ့နေရာလေးပါ။

အမြဲလန်း လှည်းတန်း လို့တင်စားလေ့ရှိတဲ့ လှည်းတန်း မလန်းဆန်းနိုင်တာက တခြားကြောင့်တေ့မဟုတ်ပါဘူး။

ဇွန် ၂ ရက် ညနေက လမ်း ဘေး ဈေးဆိုင်တွေစဖွင့်တဲ့ အချိန် လက်နက်တွေကိုင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်တွေ မဖွင့်ဖို့ ဖိအားပေးခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဇွန် ၃ ရက်ကစပြီး လှည်းတန်းတဝိုက်မှာ လမ်းဘေးဈေးသည်တွေ မဖွင့်ဖို့ အမိန့်ပေးခဲ့ပြီး ဒီနေ့ရောင်းဖို့ ပြင်ထားတဲ့သူတွေကိုလည်း ဆိုင်တွေပိတ်ဖို့ ညနေစောင်းမှာ နောက်တစ်ခေါက်လာဖိအားပေးခဲ့‌တာကြောင့် ဈေးသည်တွေ ပြေးလွှားခဲ့ရပါတယ်။

အရင်က အင်းစိန်လမ်းမပေါ်က လမ်းဘေးဈေးသည်တွေကိုသာ မရောင်းဖို့ ဖိအားပေးတတ်ပေမယ့် ဒီတစ်ခေါက်တော့ လှည်းတန်းလမ်းမနဲ့ လှည်းတန်းဈေးထဲက လမ်းဘေးဈေးသည် တွေကိုလည်း မဖွင့်ဖို့ အမိန့်ပေးခဲ့တာပါ။

လမ်းမတန်းပေါ်မှာတင်မဟုတ်ဘဲ လမ်းကြားတွေထဲမှာပါ ဖွင့်လို့ မရတော့ဘူးလို့ ပြောထားတာကြောင့် လမ်းကြားတွေထဲမှာလည်း ဆိုင်တွေ မတွေ့ခဲ့ရပါဘူး။

ဒီလိုပိတ်ခိုင်းတာက ရက်အကန့်အသတ်မရှိဘူးလို့လဲ လှည်းတန်းလမ်းမပေါ်မှာ ဈေးရောင်းသူတစ်ဦးကပြောပါတယ်။

အခုလိုဖြစ်ရတာက ပြီးခဲ့တဲ့ ရက်ပိုင်း လှည်းတန်းဈေးထဲမှာ လမ်းဘေးဆိုင်တွေကို ကားတစ်စီးကဝင်တိုက်ပြီးပြဿနာဖြစ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

ကားမောင်းလာတဲ့သူက စစ်တပ်ဘက်ကအရာရှိဖြစ်ပြီး လမ်းဘေးဈေးသည်ကို မကျေနပ်တာကြောင့် တိုင်းအထိ တိုင်ကြားခဲ့လို့ဖြစ်တာလို့ ဈေးသည်တစ်ဦးကဆိုပါတယ်။

လမ်းဘေးဈေးသည် အများစုက တစ်ရက်စာမိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရသူများတာကြောင့် စိတ်မကောင်းဘူးလို့ အဲဒီအနားမှာနေထိုင်တဲ့ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့တွင် ရန်ကုန်မြို့၌ အကြမ်းဖက် စစ်ကောင်စီဝင်များက လှည့်ကင်းကားများ တင်းကြပ်စွာ လှည့်လည်နေသော်လည်း လူငယ်များက ပုံစံမျိုးစုံဖြင့် အာဇာနည်နေ့ ဂုဏ်ပြုအထိမ်းအမှတ် ဆန္ဒပြခဲ့ကြသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်မှ DC နှစ်စီးရောက်ရှိနေပြီး စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။

သတင်း

ရန်ကုန်မြို့လယ်၌ လက်နက်အားကိုးဖြင့် မီးရှို့ရမ်းကားခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) ကယနေ့ (ဇူလိုင် ၁)တွင်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီအဖွဲ့များပြန်သွားချိန်တွင် ညနေပိုင်း၌ ရောင်းချရန် ပြင်ဆင်ထားသည့် လမ်းဘေးသည်များက ဆိုင်များခင်းခဲ့သော်လည်း ညနေ ၆နာရီအချိန်ခန့်တွင် စစ်ကောင်စီများ ပြန်လည်ရောက်ရှိလာသည်၍ အနီးရှိလမ်းကြားများထဲသို့ ဝင်ပြေးခဲ့ရသည်ဟု ဆိုသည်။