Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်း ဓာတ်အားပေး စက်ရုံပေါ်ကနေ အနိမ့်ဖြတ်ပျံခဲ့တဲ့ ရုရှားဒုံးကျည်

လက်နက်ရေးရာ ပါရဂူတွေက ဒုံးကျည် ပျံသန်းခဲ့တဲ့ လမ်းကြောင်းဟာ အန္တရာယ် ရှိလောက်အောင် နိမ့်လွန်းနေတယ်လို့ သုံးသပ်ကြပါတယ်။ တကယ်လို့သာ အဲဒီဒုံးကျည်ဟာ ကိယက်ဗ်ထိ မရောက်ဘဲ နျူကလီးယား ဓာတ်အားပေး စက်ရုံကို ထိမှန်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ကြုံသွားရနိုင်ခြေတွေ ရှိနေပါတယ်။

ရုရှားက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ ယူကရိန်းပိုင် နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုရဲ့ အပေါ်ကနေ အန္တရာယ် ရှိလောက်တဲ့ အနေအထားမျိုး ခပ်နိမ့်နိမ့် ပျံသန်းသွားခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရုရှားစစ်တပ်ဟာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ တကျော့ပြန် အစပြုလာခဲ့ပါတယ်။ ကိယက်ဗ်ရဲ့ နေရာတချို့မှာ ဒုံးကျည်တွေ ကျရောက်ပြီး ပေါက်ကွဲသံတွေ ဆူညံနေခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရုရှား ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ ယူကရိန်း အစိုးရပိုင် Energoatom ကုမ္ပဏီရဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံပေါ်ကနေ ခပ်နိမ့်နိမ့် ပျံသန်းသွားခဲ့ကြောင်း ဗီဒီယို မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ အဲဒီ စက်ရုံဟာ ကိယက်ဗ်မြို့ကနေ မိုင်ပေါင်း ၂၂၀ လောက် အကွာမှာ တည်ရှိနေပါတယ်။

လက်နက်ရေးရာ ပါရဂူတွေက ဒုံးကျည် ပျံသန်းခဲ့တဲ့ လမ်းကြောင်းဟာ အန္တရာယ် ရှိလောက်အောင် နိမ့်လွန်းနေတယ်လို့ သုံးသပ်ကြပါတယ်။ တကယ်လို့သာ အဲဒီဒုံးကျည်ဟာ ကိယက်ဗ်ထိ မရောက်ဘဲ နျူကလီးယား ဓာတ်အားပေး စက်ရုံကို ထိမှန်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ကြုံသွားရနိုင်ခြေတွေ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

Energoatom ကုမ္ပဏီက ရုရှားဟာ စစ်ပွဲ စတင်ချိန် ကတည်းက ယူကရိန်းရဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေကို ရည်ရွယ် ခြိမ်းခြောက်တဲ့ အပြုအမူတွေ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ အလွဲအမှား တစ်ခုခုသာ ဖြစ်သွားရင် ကမ္ဘာကြီးအတွက် နောက်ထပ် နျူကလီးယား ကပ်ဘေး တစ်ခုနဲ့ ကြုံသွားရနိုင်ကြောင်း ဝေဖန် ပြောကြားခဲ့ပါတယ်။

ဒုံးကျည်ရဲ့ အသေးဆုံး အစအန အစိတ်အပိုင်းလေး တစ်ခုခုက ပုံမှန် လည်ပတ်နေတဲ့ ဓာတ်အားပေး စက်ရုံကို ထိမှန်ရုံနဲ့တင် နျူကလီးယား ကပ်ဘေးတစ်ခု ပေါ်ပေါက်သွားနိုင်တယ် ဆိုတာကို ရုရှားတွေ နားမလည်ကြောင်းလည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၉၈၆ ခုနှစ်က ကမ္ဘာကျော် နျူကလီးယား ကပ်ဘေးကြီးတစ်ခု ဖြစ်ခဲ့ဖူးတဲ့ ယူကရိန်းပိုင် ချာနိုဘိုင်းလ် နျူကလီးယား ဓာတ်အားပေးစက်ရုံ နေရာတဝိုက်ကိုလည်း လောလောဆယ် ရုရှားတပ်တွေက သိမ်းပိုက်ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook