Connect with us

Hi, what are you looking for?

ဗီဒီယို

နယုန်လပြည့်နေ့မှာ ဘုရားမသွားကြဘဲသပိတ်မှောက် ဆန္ဒထုတ်ဖော်ဖို့ နှိုးဆော်

စစ်ကောင်စီက တော့ ပုံမှန်လည်ပတ်နေပြီဆိုတဲ့ ပုံရိပ်ပြချင်တာကြောင့် ပြီးခဲ့တဲ့ ကဆုန်လပြည့်က အစိုးရရုံးတာဝန်ရှိသူ တွေဦး‌ ဆောင်ပြီး ညောင်ရေသွန်းဖို့ လုပ်အားပေးခဲ့တာတွေရှိပါတယ်။

နယုန်လပြည့်နေ့ (ဇွန် ၁၃) ဘုရားရင်ပြင်တော်တွေပေါ်မှာ တိတ်ဆိတ်ခြောက်‌ခြားစေခြင်းဖြင့် သပိတ်မှောက် ဆန္ဒထုတ်ဖော်ဖို့ ဘုရားတွေကို မသွားဖို့ ရန်ကုန်လူထုသပိတ်က နှိုးဆော်ထားပါတယ်။

နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက ဥပဒေမဲ့ကျူးလွန်မှု‌ တွေဖြစ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ ထောင်တွင်းနှင့်စစ်ကြောရေးမှာ အသက်သေတဲ့အထိ ညှင်းပမ်းနှိပ်စက်မှု၊ ဆန္ဒပြပြည်သူတွေကို လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှု၊ တရားမဝင်စစ်ခုံရုံးက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးများ ချိုးဖောက်ကာ တော်လှန်‌ပြည်သူများအား စွပ်စွဲချက်တင် ကြိုးမိန့်ပေးကွပ်မျက်ရန်ဖော်ဆောင်နေခြင်းများကြောင့်တိုင်းပြည်သည် ကြိမ်ဖန်များစွာ သေဒဏ်သင့်ခဲ့ရပြီဖြစ်၍ စစ်အာဏာရှင်စနစ်ဆိုးအား အလိုမရှိကြောင်း ပြည်သူဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်လို့ လူထုလှုပ်ရှားမှူရဲ့ ရည်ရွယ်ချက်ကို ရန်ကုန်လူထုသပိတ်က ပြောကြားထားပါတယ်။

ရန်ကုန်လူထုသပိတ်က ဒီနေ့ (ဇွန်၁၂) ရွှေတိဂုံဘုရားမှာ “တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည်” ဆိုတဲ့ စာတန်းကို ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

နယုန်လပြည့်က ဗုဒ္ဓဝင်အဆိုအရ ငြိမ်းချမ်းရေးအထိမ်းအမှတ် နေ့ထူးနေ့မြတ်ဖြစ်‌ ပေမယ့်လည်း မြန်မာ့နိုင်ငံရေးသမိုင်း၏ စစ်မှန်သောငြိမ်းချမ်းရေးကဖက်ဆစ်စစ်တပ်၏ တိုင်းပြည်နှင့်လူမျိုးစုများအပေါ် ဂုတ်သွေးစုပ်ဖိနှိပ်မှု စစ်အုပ်ချုပ်မှုအာဏာဆက် အမြစ်ဖြတ်ပစ်ခြင်းသာဖြစ်‌တယ်လို့ ယုံကြည်‌တာကြောင့် ဒီလှုပ်ရှားမှုမှာပါဝင်ပြီး ခေတ်အဆက်ဆက် တိုင်းပြည်သေဒဏ်သင့်‌နေခြင်းမှ ရုန်းထွက်နိုင်ရန် တော်လှန်ရေးတိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာလူမျိုးများက ဘာသာရေးအယူအဆအရ လပြည့်နေ့တွေမှာ နာမည်ကြီး ဘုရားတွေကို သွားရောက်ဖူးမျှော်လေ့ရှိပါတယ်။

ဒါပေမယ့်လည်း တော်လှန်ရေးအင်အားစုတွေက ပြုလုပ်တဲ့ လူထုသပိတ်တွေမှာ ပြည်သူတွေက ပါဝင်လေ့ရှိတာကြောင့် ဒီသပိတ်မှာရော ပါဝင်ကြမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

စစ်ကောင်စီက တော့ ပုံမှန်လည်ပတ်နေပြီဆိုတဲ့ ပုံရိပ်ပြချင်တာကြောင့် ပြီးခဲ့တဲ့ ကဆုန်လပြည့်က အစိုးရရုံးတာဝန်ရှိသူ တွေဦး‌ ဆောင်ပြီး ညောင်ရေသွန်းဖို့ လုပ်အားပေးခဲ့တာတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၆) သင်္ကြန်အတက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၀)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ကြဖို့ (ဒီဇင်ဘာ ၁၆) မှာ ဆန္ဒပြခဲ့ပါတယ်။