Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်း ဘူတာရုံ တစ်ခုကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်လို့ လူ ၂၅ ဦးထက်မနည်း သေဆုံး

ရုရှား ဒုံးကျည်ကြောင့် အပြစ်မဲ့ ပြည်သူ ၂၄ ဦး သေဆုံးပြီး ၃၁ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ယူကရိန်းက ရထားဘူတာရုံ တစ်ခုကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော် စစ်ပြုခဲ့တာ ၆ လပြည့်မြောက်ပြီး ယူကရိန်း လွတ်လပ်ရေးနေ့နဲ့လည်း တိုက်ဆိုင်နေတဲ့ ကာလမှာ ရုရှားစစ်တပ်က အခုလိုမျိုး အရပ်သား ပစ်မှတ် တစ်ခုကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကတည်းက ဥရောပ နိုင်ငံတွေရဲ့ စစ်ထောက်လှမ်းရေး အဖွဲ့တွေက ရုရှားစစ်တပ်ဟာ ယူကရိန်းရဲ့ အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်လာနိုင်ကြောင်း ထုတ်ပြန် သတိပေးထားပါသေးတယ်။

ယူကရိန်း အရှေ့ပိုင်းက ချပ္ပလင်းမြို့မှာ ဒုံးကျည် ကျရောက် ပေါက်ကွဲတဲ့နောက် လူ ၅ ယောက်ဟာ ကားတစ်စီးထဲ ပိတ်မိနေပြီး အရှင်လတ်လတ် မီးလောင် သေဆုံးသွားခဲ့ကြပါတယ်။ သေဆုံးသူတွေထဲမှာ ကလေး ၂ ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ စည်းမဲ့ကမ်းမဲ့ တိုက်ခိုက်မှုအကြောင်း အသေးစိတ် အစီရင်ခံချက်တွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး တစ်ခုမှာ ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။ ရုရှား ဒုံးကျည်ကြောင့် အပြစ်မဲ့ ပြည်သူ ၂၄ ဦး သေဆုံးပြီး ၃၁ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။ ရုရှားဖက်ကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်ပေး တုံ့ပြန်မှုမှ မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

အရင်ကတည်းက ရုရှားဟာ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်တာမျိုးတွေ လုပ်ခဲ့ဖူးပေမယ့် သူတို့ မကျူးလွန်ပါဘူးလို့ မျက်နှာပြောင်တိုက် ငြင်းဆန်လေ့ ရှိပါတယ်။ ဧပြီလတုန်းကလည်း ခရာမာတော့စ်ခ် မြို့မှာရှိတဲ့ ဘူတာတစ်ခုကို ရုရှားဒုံးကျည် ထိမှန်လို့ လူ ၅၀ ကျော် သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။