Connect with us

Hi, what are you looking for?

ဗီဒီယို

ဗြိတိန် ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ လစ်ဇ်ထရက်စ်

အာဏာရ ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် စက်တင်ဘာ ၅ ရက်မှာ ရွေးကောက်တင်မြှောက် ခံလိုက်ရတဲ့နောက် လက်ရှိ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ထရက်စ်ဟာ နိုင်ငံခေါင်းဆောင် အရိုက်အရာကို ပြောင်းလဲ ဆက်ခံခွင့် ရတော့မှာပါ။

ကာလအတော်ကြာအောင် ပါတီတွင်း အပြိုင်အဆိုင် မဲပေးရွေးချယ်မှုတွေ အပြီးမှာတော့ လစ်ဇ်ထရက်စ်ဟာ ဗြိတိန် ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

အာဏာရ ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် စက်တင်ဘာ ၅ ရက်မှာ ရွေးကောက်တင်မြှောက် ခံလိုက်ရတဲ့နောက် လက်ရှိ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ထရက်စ်ဟာ နိုင်ငံခေါင်းဆောင် အရိုက်အရာကို ပြောင်းလဲ ဆက်ခံခွင့် ရတော့မှာပါ။

အသက် ၄၇ နှစ်အရွယ် ထရက်စ်ဟာ ပါတီခေါင်းဆောင်သစ် နေရာအတွက် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ရီရှီဆူနက်ခ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ မဲပေးပိုင်ခွင့်ရှိတဲ့ ပါတီဝင် ၁၇၀၀၀ ဝန်းကျင်အနက် ထရက်စ်ကို ၈၁၃၂၆ ဦးက ထောက်ခံပြီး ဆူနက်ခ်ကတော့ ၆၀၃၉၉ မဲထိ ရရှိခဲ့ပြီး အနိုင်အရှုံး ပြတ်သားသွားခဲ့ပါတယ်။

ထရက်စ်ဟာ ရာထူးက နုတ်ထွက်မယ်လို့ ကြေညာပြီးဖြစ်တဲ့ လက်ရှိ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ရဲ့ နေရာကို အစားထိုး ဆက်ခံသွားမှာပါ။ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်သစ် ဖြစ်လာတဲ့ ထရက်စ်ကို ဝန်ကြီးချုပ်သစ် အနေနဲ့ ဘုရင်မကြီး အဲလိဇဘက်သ်က စက်တင်ဘာ ၆ ရက်မှာ တရားဝင် ခန့်အပ်ပေးဖို့ စီစဉ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ထရက်စ်ဟာ နှစ်လလောက် အာဏာလေဟာနယ် ဖြစ်နေခဲ့တဲ့ ဗြိတိန် နိုင်ငံရေးရဲ့ စိန်ခေါ်မှုတွေကို စီမံ ကိုင်တွယ်ရမှာပါ။ ဝန်ကြီးချုပ် ဂျွန်ဆန်ဟာ ရာထူးက နုတ်ထွက်မယ်လို့ ကြေညာပြီး ၂ လအတွင်း ဘယ်လို အရေးပါတဲ့ မူဝါဒမျိုးကိုမှ ရွေးချယ် ချမှတ်ထားခြင်း မရှိခဲ့ပါဘူး။ ဒီအတောအတွင်း ဗြိတိန် တစ်နိုင်ငံလုံးမှာ စွမ်းအင်နဲ့ စားနပ်ရိက္ခာ စျေးနှုန်းတွေ မြင့်တက်မှုကြောင့် လူထုရဲ့ မကျေနပ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ထရက်စ်ကတော့ ပါတီခေါင်းဆောင်သစ် ဖြစ်လာအပြီး မိန့်ခွန်းမှာ သူဟာ ဝန်ကြီးချုပ် အနေနဲ့ အခွန်လျှော့ချမှု၊ စီးပွားရေး မြှင့်တင်မှုတွေမှာ ရဲတင်းတဲ့ ခြေလှမ်းသစ်တွေ အစပြုသွားမယ်လို့ ကတိပြုသွားခဲ့ပါတယ်။ ဗြိတိန်မှာ စွမ်းအင် မလုံလောက်မှု အကျပ်အတည်းတွေ ရင်ဆိုင်နေရတာကိုလည်း ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်မှာဖြစ်ပြီး စွမ်းအင် ကဏ္ဍနဲ့ ပတ်သက်တဲ့ ရေရှည် အစီအမံကောင်းတွေလည်း ရေးဆွဲသွားမယ်လို့ သူက ပြောပါတယ်။

ကွန်ဆာဗေးတစ် ပါတီအတွက်တော့ ၆ နှစ်တာ ကာလအတွင်း ဝန်ကြီးချုပ် ၄ ဦး ပြောင်းလဲ ခန့်အပ်တဲ့ အခြေအနေနဲ့ ကြုံခဲ့ရတာပါ။ ဂျွန်ဆန် မတိုင်ခင် ဝန်ကြီးချုပ်တွေ ဖြစ်ခဲ့တဲ့ ဒေးဗစ်ကင်မရွန်နဲ့ ထရေဆာမေတို့လည်း ကွန်ဆာဗေးတစ် ပါတီဝင်တွေပါပဲ။ ဂျွန်ဆန်ကတော့ အစိုးရ အဖွဲ့ဝင် တစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ မလျော်မကန် အပြုအမူနဲ့ ပတ်သက်လို့ သူ့ရဲ့ ကိုင်တွယ်ပုံတွေ အဆင်မပြေခဲ့တာရယ်၊ ကိုဗစ်ကာလအတွင်း ဝန်ကြီးချုပ် အိမ်တော်နဲ့ တခြား အစိုးရဌာန တချို့မှာ ပါတီပွဲတွေ ကျင်းပခဲ့တဲ့ ကိစ္စတွေရယ်ကို အကြောင်းပြုပြီး ပါတီတွင်း ထောက်ခံမှု သိသိသာသာ လျော့ကျသွားရာက ရာထူးကနေပါ နုတ်ထွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။