Connect with us

Hi, what are you looking for?

ဗီဒီယို

လက်ပတောင်းတောင် ကြေးနီတွေအတွက် ကျားကန်ကြသူတွေ

ကြေးနီစီမံကိန်းတွေက အာဏာသိမ်းကာလ အစပိုင်းမှာ လည်ပတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်မှုကြောင့် ရပ်နားထားရတာ လက်ရှိချိန်အထိပါပဲ။

၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေရဲ့ CDM လို အောင်မြင်တဲ့ ပုဂ္ဂလိက CDM တွေကတော့ ကမ္ဘာသိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဝန်ထမ်းတွေပါ။

ကြေးနီစီမံကိန်းတွေက အာဏာသိမ်းကာလ အစပိုင်းမှာ လည်ပတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်မှုကြောင့် ရပ်နားထားရတာ လက်ရှိချိန်အထိပါပဲ။

တရုတ်အစိုးရပိုင် Norinco China North Industries Group Coporation Limited)ရဲ့ လက်​အောက်ခံကုမ္ပဏီဖြစ်တဲ့ တရုတ်ဝမ်​ပေါင်ကုမ္ပဏီ၊ ယန်စီကုမ္ပဏီ ၊စစ်အုပ်စုရဲ့ မြန်မာစီးပွား​ရေးဦးပိုင်လီမိတက်၊ အစိုးရရဲ့ အမှတ် (၁) သတ္ထုတွင်းလုပ်ငန်းတို့အကျိုးတူပူး​​ပေါင်းပြီး​တော့ ၂၀၁၂ ကတည်းကလုပ်ကိုင်​နေတာဖြစ်ပါတယ်။

ဒီစီမံကိန်းလုပ်ဆောင်နေတဲ့ကုမ္ပဏီတွေ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၇၀၀၀ ထောင်ကျော်ရှိပြီး လက်ရှိအချိန်မှာတော့ ဝန်ထမ်းရာဂဏန်းသာ အလုပ်ဆင်းနေတယ်လို့ CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“လည်ပတ်လို့ရမလားဆိုပြီး ဝန်ထမ်းတွေကိုခေါ်တာတော့ရှိတယ်။ စမ်းကြည့်တာပေါ့။ ဝန်ထမ်းတွေရဲ့ အခြေအနေကို။ မရနိုင်ဘူးဆိုမှ လက်လျော့လိုက်တာ” လို့ အဲဒီ CDM ဝန်ထမ်းက ပြောပါတယ်။

ဝန်ထမ်းတွေ အလုပ်ဆင်းတာမရှိပေမယ့်လည်း အကြမ်းဖက်စစ်ကောင်စီတွေကတော့ စီမံကိန်းတွေရဲ့ အတွင်းစည်း နဲ့အပြင်စည်းတွေမှာ စောင့်ကြပ်ပေးတာတွေရှိတယ်လို့ပြောပါတယ်။

“သူတို့မသင်္ကာရင် သေနတ်နဲ့ လှမ်းပစ်တာ
တွေရှိတယ်။ ဟိုရက်က မှိုရှာသွားတဲ့သူကို သေနတ်နဲ့ လှမ်းပစ်တာခံရသေးတယ်” လို့ စီမံကိန်းတွေနားကရွာမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

လူထုနွေဦးက ဒီစီမံကိန်းပတ်ဝန်းကျင်ကို သွားရောက် လေ့လာခဲ့ချိန်မှာ ကင်းတဲတွေလက်နက်ကိုင်တွေစောင့်နေတာကို တွေ့ခဲ့ရပါတယ်။

စီမံကိန်းနားကို မကပ်ရင်တော့ အန္တရာယ်မပြုသလို စီမံကိန်းတွေကို တိုက်ခိုက်တာမရှိရင် ရွာတွေကိုလည်း ဘာမှမလုပ်ဘူးလို့ သဘောတူညီမှုယူထားတယ်လို့ အထက်ပါ CDM ဝန်ထမ်းကဆိုပါတယ်။

စီမံကိန်း လည်ပတ်စဉ်ကာလက တစ်ရက်ကို ကြေးနီ ၂၅ တန်ပါတဲ့ ကုန်တင်ကားအနည်းဆုံး ၁၅ စီးခန့် သယ်ယူခဲ့ပြီး လက်ရှိအချိန်မှာတော့ ကြေးနီတွေ သယ်ယူမယ်ဆိုရင် လမ်းတစ်လျှောက်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ်စောင့်ပြီးမှ သယ်ယူရတယ်လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကဆိုပါတယ်။

လုပ်ငန်းမလည်ပတ်နိုင်ပေမယ့် စီမံကိန်းတွေထဲမှာ ကြေးနီ အမြောက်အမြားသယ်ဖို့ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။
ကိုဗစ်ကာလလို အချိန်မှာတောင် ကုမ္ပဏီတွေက လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ ဝန်ထမ်းတွေရဲ့လစာကိုမဖြတ်ဘဲ အပြည့်အဝပေးပြီး အလှည့်ကျအလုပ်ဆင်းခိုင်းခဲ့တာပါ။

လက်ရှိအချိန်မှာလည်း ကုမ္ပဏီတွေဘက်က ဝန်ထမ်းတွေကို သတ်မှတ်နှုန်းတစ်ခုနဲ့ လစဉ်‌ထောက်ပံ့ ပေးနေတယ်လို့ သိရပါတယ်။

လစာကောင်းတဲ့ အလုပ်ကို စွန့်လွှတ်ပြီး စီမံကိန်းတွေ ရပ်နားအောင်လုပ်ခဲ့ကြတာက ဒီစီမံကိန်းတွေကနေ စစ်အုပ်စုအတွက် ဝင်ငွေတွေစီးဆင်းနေတယ် လို့ယုံကြည်တာကြောင့်ပါ။

အညာဒေသက နွေဦးတော်လှန်ရေးအတွက် လက်နက်ကိုင်တော်လှန်ရာမှာလည်း တာဝန်ကျေသလို အစိုးရဝန်ထမ်းမဟုတ်ပေမယ့်လည်း စစ်အုပ်စု အတွက် အထောက်အပံ့ဖြစ်စေမယ့် ငွေကြေးစီးဆင်းမှုတွေမရနိုင်ဖို့ သူတို့စွမ်းနိုင်သမျှတောင့်ခံပေးနေကြတာပါ။

အရင်လို လစာကောင်းကောင်းမရပေမယ့်လည်း အပြုံးမပျက်ကြဘဲ သူတို့လုပ်ရပ်အတွက် ဂုဏ်ယူနေကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။