Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်တပ်က PDF ပုံဖျက်ဖို့ လူစည်ကားတဲ့ပွဲတွေကိုတည်လာနိုင်တယ်လို့ မြို့ပြပျောက်ကျားအဖွဲ့တွေပြော

လက်ရှိကာလမှာ ခရစ္စမတ်၊ နှစ်သစ်ကူး၊ လွတ်လပ်ရေးစတဲ့ အထိမ်းအမှတ် ပွဲတော်‌တွေပြုလုပ်နေပေ မယ့် ဖြစ်နိုင်ရင်တော့ အိမ်မှာပဲ မိသားစုနှင့်အတူ ဖြတ်သန်းဖို့ တိုက်တွန်းထားပါတယ်။

နွေဦးတော်လှန်ရေးကိုပုံဖျက်တဲ့ အနေနဲ့ စစ်ကောင်စီက လူစည်ကားရာနေရာ‌တွေမှာ ဖောက်ခွဲမှု‌တွေ ပြုလုပ်နိုင်တာကြောင့်ပြည်သူ‌တွေအနေနဲ့ လူစုလူဝေးနေရာတွေကို မသွားဖို့ မြို့ပြပြောက်ကျား အဖွဲ့‌တွေက တောင်းဆိုလိုက်ပါတယ်။

ဒီကာလမှာပျော်ချင်ပျော်လို့ရပေမယ့် အလွန်အကျွံမပျော်ကြဖို့ကိုလည်း သတိပေးထားပါတယ်။ အဓိကကတော့ စစ်တပ်က လူစုလူဝေးများတဲ့နေရာတွေကို အသုံးချသွားတာမျိုးဖြစ်နိုင်တာကြောင့် အခုလိုအကြံပြုရတာဖြစ်တယ်လို့ Freeland Attack Force (FTA) မှ တာဝန်ရှိသူက အကြံပြုပါတယ်။

ဒီရက်ပိုင်းမှာ လူစုလူဝေးများတဲ့ ကျောက်မြောင်းဈေးပွဲတော်၊ ပန်းဆိုးတန်း- ဒလ သင်္ဘောပေါ်တွေမှာ ပေါက်ကွဲမှုများဖြစ်ခဲ့တာကြောင့် ပြည်သူ‌တွေ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ဒီဖောက်ခွဲမှုတွေနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါလက်ချက်ဖြစ်တယ်ဆိုတာကို သက်သေအထောက်အထားနဲ့အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

“အခုကာလက အကြမ်းဖက်စစ်တပ်က လူငယ်တွေတိုင်းရင်းသားပြည်သူတွေ အရပ်သားပြည်သူတွေ ကို တရားဥပဒေမဲ့ ဖမ်းဆီးပြီး အကြမ်းဖက်သတ်ဖြတ်နေတဲ့ အချိန်ဖြစ်တယ်။ နောက်ထပ်စိုးရိမ်စရာကောင်းတာက အကြမ်းဖက်စစ်တပ်ကအရပ်သားပြည်သူတွေ လူစုလူဝေးရှိတဲ့နေရာတွေကိုပစ်မှတ်ထားပြီး ဗုံးထောင်ဖောက်ခွဲဖို့ ကြိုးပမ်းလာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကဒီလုပ်ရပ်တွေကို PDF တွေလုပ်တယ်ဆိုပြီး လွှဲချချင်တယ်။ လုပ်ဇာတ်ခင်းချင်တယ်။ တော်လှန်ရေးကို ပုံဖျက်ဖို့စစ်တပ်က နည်းမျိုးစုံနဲ့ကြိုးစားနေတယ်” လို့ စမ်းချောင်း PDF က ရဲဘော်ပီတာကပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိကာလမှာ ခရစ္စမတ်၊ နှစ်သစ်ကူး၊ လွတ်လပ်ရေးစတဲ့ အထိမ်းအမှတ် ပွဲတော်‌တွေပြုလုပ်နေပေ မယ့် ဖြစ်နိုင်ရင်တော့ အိမ်မှာပဲ မိသားစုနှင့်အတူ ဖြတ်သန်းဖို့ တိုက်တွန်းထားပါတယ်။

စမ်းချောင်းမြို့နယ်က နေရာနှစ်ခုမှာ ဒီရက်ပိုင်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲတွေ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအနေနဲ့ အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့တဲ့‌ နောက် ပွဲနှစ်ခုလုံးဖျက်သိမ်းခဲ့ပါတယ်။

” အထူးသတိပေးချင်တာမရှိပါဘူးဗျ။ UG တွေပြောနေကျစကားကတော့ မသာအိမ်ပေမဲ့ ဖဲနိင်တဲ့သူက ပျော်မှာပဲလေ။ ပြောလို့လဲမရပါဘူး။ တလရ နှစ်နှစ်ပြည့်တော့ မယ် ခုထိ လိုက်မှ မလိုက်နာကြတာ” လို့ Generation Y Guerrilla GY G တာဝန်ခံ G Tone ကပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိနေတဲ့ပုံစံပြသလိုတာကြောင့် အထိမ်းအမှတ်နေ့တွေမှာ ဈေးရောင်းပွဲတော်တွေ ကို ပြုလုပ်လျက်ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။