Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲပြီး ၁၂ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံမှာ လူနေရပ်ကွက်ထဲ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူပေပြည်နယ်က ရှီယန်းမြို့မှာ ဇွန်လ ၁၂ ရက် ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ရာ လူနေတိုက်မှာ အကြီးအကျယ် ပျက်စီးမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ကယ်ဆယ်ရေးတွေက လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၃၇ ဦးထက်မနည်း ရှိခဲ့ကြောင်း ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အခြေအနေ ဆိုးသူတွေလည်း ပါဝင်နေတာကြောင့် အသေအပျောက် ကိန်းဂဏန်းက မြင့်တက်လာဖွယ် ရှိနေပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားရာ ဧရိယာ တဝိုက်မှာ နေထိုင်သူ ၁၄၀ လောက်ကိုလည်း အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ကယ်ဆယ်ရေးတွေက အပျက်အစီးပုံတွေ အောက်ထဲမှာ ပိတ်မိနေသူတွေ တော်တော်များများ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ လတ်တလော မသိရသေးပါဘူး။ လူနေ တိုက်ခန်းတွေဆီ ဓာတ်ငွေ့ ပို့ဆောင်ဖို့ သွယ်တန်းပေးထားတဲ့ ပိုက်လိုင်း တစ်ခုခုမှာ ချွတ်ယွင်းချက် ဖြစ်ရာက ပေါက်ကွဲခဲ့တယ်လို့တော့ ကနဦး ယူဆထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။