Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီးပွားရေး စီမံကိန်းကို တန်ပြန်ဖို့ G7 ရည်ရွယ်

တရုတ်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု မဟာ စီးပွားရေး စီမံကိန်းကြီးကို ယှဉ်ပြိုင်ဖို့ G7 အဖွဲ့ဝင် နိုင်ငံကြီးတွေက စီစဉ်ထားကြောင်း သိရပါတယ်။

အင်အားကြီး ဒီမိုကရေစီ နိုင်ငံကြီး ၇ ခု စုဖွဲ့ထားတဲ့ G7ရဲ့ ညီလာခံကို ဗြိတိန်နိုင်ငံမှာ ကျင်းပနေပါတယ်။ ဇွန် ၁၂ ရက်မှာတော့ G7ရဲ့ ခေါင်းဆောင်တွေက ဖွံ့ဖြိုးဆဲ နိုင်ငံငယ်တွေကို ကူညီပေးဖို့ ဒေါ်လာ ထရီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းတွေ ဖော်ဆောင်ရေးကိစ္စကို မူအားဖြင့် သဘောတူခဲ့ပါတယ်။

တရုတ် သမ္မတ စီကျင်းပင်ဟာ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုဆိုတဲ့ စီမံကိန်းကို ဖော်ဆောင်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းနဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရေးအတွက် ရင်းနှီး မြှုပ်နှံသွားမယ်လို့ ကြေညာထားပါတယ်။ အခုတော့ G7ကလည်း တရုတ်ရဲ့ မဟာဗျူဟာ စီမံကိန်းကို တိုက်ရိုက်ကျကျ စိန်ခေါ်လာမယ့် သဘောမျိုး တွေ့ရပါတယ်။

တရုတ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း စီးပွားရေးရော၊ စစ်ရေးပါ အင်အား တောင့်တင်းလာတဲ့နောက် နိုင်ငံတကာ ဩဇာ ဖြန့်ကျက် လွှမ်းမိုးဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားလာပါတယ်။ အမေရိကန်နဲ့ တခြား ဒီမိုကရေစီ နိုင်ငံကြီးတွေက ပိုမိုကောင်းမွန်သော ကမ္ဘာကို ပြန်လည် တည်ဆောက်ခြင်း (B3W)လို့ နာမည်ပေးထားတဲ့ စီမံကိန်းကို အကောင်အထည်ဖော်ပြီး တရုတ်ရဲ့ ခြေလှမ်းကို တန်ပြန်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒီစီမံကိန်းဟာ ၂၀၃၅ ခုနှစ် မတိုင်ခင် ဖွံ့ဖြိုးဆဲ နိုင်ငံငယ်တွေရဲ့ အခြေခံ အဆောက်အအုံနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ G7က စုစုပေါင်း ဒေါ်လာ ၄၀ ထရီလီယံလောက် မြှုပ်နှံဖို့ ရည်ရွယ်ထားတာပါ။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ ထိပ်တန်း အရာရှိ တစ်ဦးကတော့ B3Wဟာ တရုတ်ကို အားပြိုင်ဖို့တင် မကဘဲ G7 အဖွဲ့ဝင် နိုင်ငံတွေရဲ့ စီးပွားရေး လုပ်ထုံး လုပ်နည်းတွေနဲ့ စံနှုန်းတွေကို မြှင့်တင်ဖို့လည်း ဖြစ်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

G7မှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ ဥရောပ သမဂ္ဂတို့ စုစည်းထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။