Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ် ဘဝ အဆုံးသတ်သွားပြီဖြစ်တဲ့ နေတန်ညာဟု

ဘင်ဂျမင် နေတန်ညာဟုရဲ့ သက်တော်ရှည် အစ္စရေး ဝန်ကြီးချုပ် သက်တမ်းဟာ တရားဝင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဇွန်လ ၁၃ ရက်မှာ ဝန်ကြီးချုပ်သစ် နက်ဖ်တာလီ ဘန်းနက်တ် ဦးဆောင်တဲ့ အစ္စရေး အစိုးရသစ်က ကျမ်းသစ္စာ ကျိန်ဆိုပြီး နေတန်ညာဟု ကြီးစိုးတဲ့ ခေတ်ကို ပြီးဆုံးသွားစေခဲ့ပါတယ်။ နေတန်ညာဟုဟာ ၁၂ နှစ်ဆက်တိုက် သက်တမ်း တစ်ကြိမ် အပါအဝင် အစ္စရေး ဝန်ကြီးချုပ်အဖြစ် စုစုပေါင်း ၁၅ နှစ်ကြာ တာဝန်ယူခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း သူဟာ နိုင်ငံသမိုင်းမှာ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ် အနေနဲ့ မှတ်တမ်း ဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အစ္စရေးမှာ နိုင်ငံရေး အားပြိုင်မှုတွေ ပြင်းထန်နေခဲ့ပြီး အတိုက်အခံ အင်အားစုတွေက နေတန်ညာဟုရဲ့ လက်ယာယိမ်း လီကွတ်ပါတီကို ပိုမို ဖိအားပေး စိန်ခေါ်နိုင်ဖို့ ကြိုးစားလာကြပါတယ်။ လက်ရှိ အစိုးရသစ်ကတော့ အတိုက်အခံ ပါတီတချို့ ညွန့်ပေါင်းအသွင် ဖွဲ့စည်းထားတာပါ။ အစ္စရေး လွှတ်တော်ဟာ အစိုးရသစ်ကို အသိအမှတ်ပြုရေး မဲခွဲခဲ့တဲ့အခါ ၆၀ မဲ – ၅၉ မဲနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။

ဘန်းနက်တ်က သူ့ရဲ့ အစိုးရသစ်ဟာ အစ္စရေး ပြည်သူ အားလုံးရဲ့ ကောင်းကျိုးကို ဦးထိပ်ထား ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ပြုပြင် ပြောင်းလဲမှုတွေ အကောင်အထည်ဖော်ဖို့၊ အစိုးရ အဖွဲ့အတွင်း ကြိုးနီစနစ်တွေ လျှော့ချဖို့လည်း ရည်ရွယ်ထားကြောင်း ဘန်းနက်တ်က ဆိုပါတယ်။

ဘန်းနက်တ်ဟာ ယာမီနာ ပါတီရဲ့ ခေါင်းဆောင်ဖြစ်ပြီး ညွန့်ပေါင်း အစိုးရရဲ့ အာဏာ ဝေမျှရေး သဘောတူညီမှုအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလထိ ဝန်ကြီးချုပ် တာဝန် ယူသွားမှာပါ။ အဲဒီနောက်မှာတော့ ယက်ရှ်အတစ်ဒ် ပါတီရဲ့ ခေါင်းဆောင် ယဲရ်လာပစ်ဒ်ဆီ နောက်ထပ် ၂ နှစ်အတွက် ဝန်ကြီးချုပ် ရာထူး လွှဲအပ်ပေးသွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နေတန်ညာဟုကတော့ လီကွတ်ပါတီ ခေါင်းဆောင်အဖြစ် ဆက်ရှိနေပြီး အစိုးရသစ်ကို အဓိက အတိုက်အခံ ပြုသွားမှာပါ။ ဂျေရုဆလင်မြို့မှာ လွှတ်တော်တွင်း မဲခွဲမှုရလဒ် ကြေညာပြီးတဲ့နောက် နေတန်ညာဟုက သူတို့ ပြန်လာမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

အသက် ၄၉ နှစ်အရွယ် ဘန်းနက်တ်က “ဒီနေ့ဟာ ပူဆွေး သောကရောက်နေရမယ့် နေ့မျိုး မဟုတ်ပါဘူး။ ဒီမိုကရေစီ စနစ်နဲ့အညီ အစိုးရ အပြောင်းအလဲ ဖြစ်သွားရုံပါ။ ဒါပါပဲ။ ကျွန်တော်တို့ အောင်ပွဲခံပါမယ်။ ကျွန်တော်တို့ဟာ ပြည်သူ့ရန်သူ မဟုတ်ပါဘူး။ ကျွန်တော်တို့က ပြည်သူတွေပါပဲ”လို့ မိန့်ခွန်း ပြောကြားသွားပါတယ်။

ပါလက်စတိုင်းတွေကတော့ အစ္စရေးမှာ အစိုးရ အပြောင်းအလဲ ဖြစ်ခြင်းက အစ္စရေး-ပါလက်စတိုင်း အရေးမှာ ဘယ်လိုမှ အပြောင်းအလဲ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒီကိစ္စဟာ အစ္စရေးရဲ့ ပြည်တွင်းရေးသာ ဖြစ်ကြောင်း၊ ပါလက်စတိုင်းရဲ့ ရည်ရွယ်ချက်က ရှင်းလင်းပြီး ၁၉၆၇ ခုနှစ်က နယ်နိမိတ် သတ်မှတ်ထားတဲ့ ပါလက်စတိုင်း နိုင်ငံအဖြစ် ပြန်ရပ်တည်ဖို့နဲ့ ဂျေရုဆလင်ကို မြို့တော်အဖြစ် ထားရှိဖို့သာ ဦးထိပ်ထားကြောင်း ပါလက်စတိုင်း အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။

အစ္စရေး အစိုးရသစ်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဂုဏ်ပြု ကြိုဆိုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီး အနာဂတ်မှာ အစ္စရေး-အမေရိကန် ဆက်ဆံရေး ပိုမို ခိုင်မာ အားကောင်းလာအောင် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်း ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။